✿  ဆန္ဒ ✿ 


-နင်ငါ့ကိုအိပ်မက်ထဲထိ
     ဆွဲခေါ်စရာမလိုပါဘူး။
     တရေးနိုးရင်ပဲ
     အမှတ်ရနေစေချင်တာ။
-နင်ငါ့ကိုတွေ့တိုင်း
     လွမ်းပြနေစရာမလိုပါဘူး။
     နင့်ရင်ထဲမှာပဲ
     အမြဲရှိနေစေချင်တာ။
-နင်ငါ့ကိုအချိန်တိုင်း
     သတိရဖို့မလိုပါဘူး။
     မကြာမကြာပဲ
     နင့်အတွေးထဲမှာပဲနေစေချင်တာ။
-နင်ငါ့ကိုမခွဲနိုင်လို့
     ငိုနေစရာမလိုပါဘူး။
     ဝေးနေရတဲ့အချိန်တွေမှာ
     ကြားစကားတွေကိုပဲ
     မျက်ကွယ်ပြုနေစေချင်တာပါ။
-နင်ငါ့ကိုသေလောက်အောင်
     ချစ်ဖို့မလိုပါဘူး။
     တသက်စာမပြယ်တဲ့အထိပဲ
      ချစ်နေစေချင်တာပါ။



♡♥ ဧပရယ်ဆွေဆွေ ♡♥

Posted by ဧပရယ် ဆွေဆွေ on Sunday, August 25, 2013

မင်းသာ

 

♥-မင်းသာ…

     သက်ဦးဆံပိုင်တဲ့

     ဘုရင်မတစ်ပါးဖြစ်ခဲ့ရင်

     မင်းအတွက်ငါ

     ရဲရင့်တဲ့

     စစ်သူကြီးတစ်ယောက်

     ဖြစ်ပါရစေ။


-မင်းသာ……

     လှပတဲ့

     ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်

     မင်းအတွက်ငါ

     ချွန်ထက်တဲ့

     ဆူးတစ်ချောင်း

     ဖြစ်ပါရစေ။


♥-မင်းသာ……

     အစွမ်းထက်တဲ့

      မြှားတစ်စင်းဖြစ်ခဲ့ရင်

      မင်းအတွက်ငါ

      သန်မာတဲ့

     လေးတစ်လက်

      ဖြစ်ပါရစေ။


-မင်းသာ…….

     ချစ်တတ်တဲ့

     ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ရင်

     မင်းအတွက်ငါ

     သစ္စာရှိပြီး

     နားလည်ပေးတတ်တဲ့ချစ်သူတစ်ယောက်

     ဖြစ်ပါရစေ။


-ဧပရယ်ဆွေဆွေ -

Posted by ဧပရယ် ဆွေဆွေ on

လျှပ်ကယ်ပြိုးပြက် လေညင်းစက်နှင့်
ဖြူးဖြူးသုတ်လေ မိုးနံ့ ဝေသည်
ရင်တွင်းနှစ်ခြင်း ပျံ့ ၍တည်း။

ထစ်၍သာချုန်း တအုံးအုံးနှင့်
လေနှင့်သစ်ခက် ရိုက်နှစ်ခတ်သော်
ရင်မှာဆည်းသည် တနှုံးနှုံးတည်း။

တိမ်မဲလိပ်ဆင် ဤကောင်းကင်သည်
ဖြူမဲမခွဲ သာတူမြဲဖြင့်
သွန်းပက်ကာရွာ လူ့ ပြည်မှာဝယ်
စွတ်စို စိမ်းလန်း အမြင်ဆန်းသည်
မိုး၏ ပန်းချီဆေးပင်တည်း။
ဧပရယ်ဆွေဆွေ (1: 38 PM 15-8-2013)

Posted by ဧပရယ် ဆွေဆွေ on Wednesday, August 21, 2013

စွန့် လွှတ်မှုလိုအပ်ပါတယ်
ဒဏ်ရာဖြစ်အောင်တော့ မလိုပါဖူး
သုံးဆောင်ဖို့ လိုအပ်ပါတယ်
အဆီပိုအောင်တော့ မဖြစ်သင့်ဖူး
လှပဖို့ လိုအပ်ပါတယ်
ရောင်စုံသုံးဖို့ မလိုပါဖူး
ဝတ်စားဖို့ လိုအပ်ပါတယ်
က္ကနြေ္ဒမဲ့အောင်တော့ မဟုတ်ပါဖူး
ခေတ်နဲ့ အမီနေတာ လိုအပ်ပါတယ်
ကျော်လွှားလိုက်ဖို့ မလိုပါဖူး
ယဉ်ကျေးမှုဆိုတာ ရှိသင့်ပါတယ်
တုစရာမဟုတ်တာကို ခိုးဖို့ မလိုပါဖူး
သာမညကို ပဓာနလုပ်
ဤလောကီအလုပ်ဝယ်
လမ်းလွဲကိုမနင်း အလယ်လတ်လမ်းသို့ ဆင်း။
ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on

မြွေဖြူတစ်ကောင်လို
ပတ်ဝိုက်ထားတဲ့ ဒီသဲချောင်းကြီးရဲ့
ဦးတိုက်ရာနေရာမှာ ငါတို့ရွာရှိတယ်။
ချောင်းဟာချောင်းမဟုတ်သလို
နေတက်လွန်းတဲ့..ကဝေမ,ဆန်တဲ့ ချောင်း..။
ဖြူလွလွ သူ့ရင်ဘက်ကို ထာဝရဖွင့်ပြထားတက်တဲ့....
ယင်းချောင်း........   ........။
အမေ့ပြစ်ခံသူရဲကောင်းတွေကို
အရွယ်နဲ့မမျှအောင် မွေးထုတ်ပေးပြီး...
သူနဲ့မဆိုင်သလို..ခပ်စုတ်စုတ်
မှုန်ကုတ်ကုတ်လုပ်နေတက်တဲ့...ဒီမြို့...။
အခွင့်ထူးခံလူတန်းစားမဟုတ်တဲ့...မြို့..။
အောင်ဆန်းဆိုတဲ့..မှုန်ကုတ်ကုတ် လူနဲ့တူတဲ့မြို့...။
နတ်မောက်မြို့...။
မန်ကျည်းပင်တန်းတွေ ထီးလိုမိုးထားတဲ့ မြို့..
ဖုန်ထူထူလှိုင်းထန်နေတဲ့...
လေပွေပူတွေပေါတဲ့မြို့...။
မုတ်သုံလေရဲ့..
ဥပေက္ခာတရားနဲ့ယဉ်ပါးနေတဲ့
စိုထိုင်းမှုကင်းမဲ့တဲ့မြို့..။
မိန်းမရွှင်တစ်ယောက်ဆန်တဲ့
မြို့ပြစနစ်တွေကင်းတဲ့
ဗိုင်းကောင်းကျောက်ဖိ မြို့...။
ကြက်တွန်သံ..
အုန်းမောင်းခေါက်သံနဲ့...အတူ..
နိုးထ ဝတ်ပြုတက်တဲ့...ဒီမြို့...။
ရင်ဘက်ထဲမှာ..အမြဲတမ်း...
တမ်းတမိတဲ့..မြို့...။

                                                  ကိုကိုခန့်ချောကြီး

Posted by ကိုကို ခန့်ချောကြီး on Friday, August 16, 2013
0 comments
categories: | | edit post

 

တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”

အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး
ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
ဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။

ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။

အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။

Posted by ကိုကို ခန့်ချောကြီး on Wednesday, August 14, 2013

 ကိုကျေးညိုတို့ လင်မယား တောလမ်းတခုမှာ ကားမောင်းလာတုန်း ဒေါ်ရွှေညိုက ကားကိုရပ်ခိုင်းတယ်..."ကိုကျေးညို ကားခဏရပ်စမ်းပါ ကျမအိမ်သာသွားချင်လို့"
"အိမ်သာမှ မရှိတာ"
"ရတယ် ဟိုချုံဘေးသွားလိုက်မယ်"
... ဆိုပြီး ချုံအကွယ်ကို ဝင်သွားတယ်။
ဒါပေမယ့် ချက်ခြင်းပြန်ထွက်လာပြီး ကိုကျေးညိုကို လှမ်းပြောတယ်... ...
"အခင်းကြီးသွားပြီး သန့်ရှင်းရေးလုပ်စရာ ဘာမှမရှိဘူး ကိုကျေးညိုရဲ့"
"မင်းမှာ ပိုက်ဆံအိတ်ပါတယ်မို့လား၊ တန်ဖိုးကြီးတာတွေမသုံးနဲ့၊ တစ်ကျပ်နဲ့ ရှင်းလိုက်"
"အင်း... အင်း"
ချုံထဲပြန်ဝင်သွားတယ်
အတော်လေးကြာတာ့ ဒေါ်ရွှေညိုတစ်ယောက် စိတ်ပျက်လက်ပျက် မျက်နှာကြီးနဲ့ ပြန်ထွက်လာတယ်။
လက်မှာလဲ မစင်တွေ ပေလို့... ...
"ဟာ... မရွှေညို၊ ဘယ့်နှာဖြစ်လာတာတုန်း"
"ရှင်ပေးတဲ့အကြံ မစွံပါဘူးရှင်"
"ဘာလို့တုန်း"
"ရှင်ပြောတဲ့အတိုင်း သန့်ရှင်းရေးလုပ်လိုက်တာ၊ ငါးမူးတစေ့က ဖင်ထဲဝင်သွားပြီး တစ်စေ့က မစင်ပုံထဲကျလို့ မနဲပြန်ဆွဲထုတ်ခဲ့ရတယ်"
"ဟဲ့... ဘယ်က ငါမူးစေ့တွေက ပါဘာရတာတုန်း၊ ငါပြောတာ တစ်ကျပ်တန်ဟ"
"အို.. ရှင့်နှယ်၊ ငါးမူး နှစ်စေ့ကလည်း တစ်ကျပ်ပါဘဲတော့"
သေဟ


https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်

Posted by ကိုကို ခန့်ချောကြီး on

 ♥♫ ♥♫ချစ်ခြင်းဆိုတဲ့ အနုပညာ♥♫ ♥♫
 
♥မီးတောက်တစ်ခုဟာ လောင်စာမရှိဘဲ မတောက်နိုင်ဘူး
♥သီချင်းတစ်ပုဒ်ဟာ ခံစားချက်မရှိဘဲ နားမ၀င်နိုင်ဘူး
♥အိပ်မက်တစ်ခုဟာ စွဲလမ်းမှုမရှိဘဲ မမက်နိုင်ဘူး
♥လှေတစ်စင်းဟာ လှော်ခတ်သူမရှိဘဲ ကမ်းခြေမရောက်နိုင်ဘူး
♥အချစ်တစ်ခုဟာလည်း အတွေးမရှိဘဲ မသက်ဝင်နိုင်ဘူး။
♥ချစ်တဲ့သူအကြောင်း ကိုယ်စဉ်းစားလေလေ
♥သူဟာကိုယ့်ရင်မှာ နက်ရှိုင်းလာလေလေပါပဲ
♥ဒါဟာ ချစ်ခြင်းရဲ့  အနုပညာပါ။

                ♥♥ဧပရယ်ဆွေဆွေ♥♥

Posted by ဧပရယ် ဆွေဆွေ on Saturday, August 3, 2013

 
ပိတ်ထားတဲ့ လက်နှစ်ဘက်ကိုဖွင့်လိုက်သလို
မြင်ကွင်းဟာ ပိုကျယ်လာတယ်။

နှေးကွေးတဲ့ ခြေအစုံကို စက်တပ်သလို
ပန်းတိုင်ဟာ ပိုလှမ်းသွားတယ်။

ရွှေရောင်သန်းတဲ့ အိပ်မက်တွေဟာ
အတောင်ပံတပ်လိုက်သလို
ရုတ်ချည်း ပျောက်ကွယ်သွားတယ်။

တမ်းတမ်းတတနဲ့  ကြင်နာခြင်းတွေကလည်း
ပျောက်သွားတဲ့ စိတ်ကူးလို
အိုချိန်ဆည်းဆာသို့ ဖြစ်လာတယ်။
                        ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on


တောင်ပံညောင်းအောင် ကနေတဲ့
ငါ့အလွမ်းတွေ နင်မမြင်သေးဘူးလား။
ဘယ်ကန္တာရမှ ဒီလောက်ခြောက်သွေ့ မယ် မထင်ပါဘူး။
မင်းရဲ့ ယဉ်ကျေးမှု ကရိပ်မှာ
တိတ်ဆိတ်စွာ စီးခိုရင်း လမ်းပျောက်နေခဲ့တာ။

ချိုအီဆွတ်ပျံ့ အောင် ဝေနေတဲ့
ငါ့ချစ်ခြင်းတွေ နင်မမြင်သေးဘူးလား။
ဘယ်ဝဠာမှ ဒီလောက်ကာဗွန်တွေများမယ် မထင်ပါဘူး။
မင်းရဲ့ စေစားမှု လောင်းရိပ်မှာ
ဒူးထောက်ကာ ကျရှုံးရင်း လွင့်မျောနေခဲ့တာ။

တကယ်တော့ဟာ……
အဖြူရောင်လွတဲ့ ငါ့စာမျက်နှာက
မင်းခြစ်တဲ့ မင်နီတွေနဲ့ သာ
စာမေးပွဲခန်းက ထွက်ခဲ့ရသူပါ။
                ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on

မေတ္တာမှော်ဓာတ်တွေ ပြည့်နှက်နေတဲ့
အသိပ်သည်းဆုံး ဂယ်လာရီထဲမှာ
ယိုစီးကျနေတဲ့ နှင်းစက်တွေနဲ့ အတူ
ငါအော်ခဲ့တဲ့ စကားတစ်ခွန်းကိုတော့
နံရံတွေသိဟန်မတူခဲ့ဘူး။

ကြင်နာခြင်းတွေ လျှံကျနေတဲ့
အကျယ်ပြန့် ဆုံး နှလုံးသွေးထဲမှာ
တစ်ပေါက်ပေါက်ကျနေတဲ့ မိုးစက်တွေနဲ့ အတူ
ငါကျခဲ့တဲ့ မျက်ရည်စက်တွေကိုတော့
ကောင်းကင်ကြီး သိဟန်မတူခဲ့ဘူး။

ချစ်ခြင်းတရားတွေ စုပုံနေတဲ့
ဂန္တ၀င်မြောက် ငါ့ရင်ခွင်ထဲမှာ
တလက်လက်ထနေတဲ့ နေရောင်နဲ့ အတူ
ငါခံစားခဲ့တဲ့ မီးတောက်တွေကိုတော့
နေမင်းကြီး သိဟန်မတူခဲ့ဘူး။
အင်းလေ………အချစ်ဆိုတာ
လှပလွန်းတဲ့
အနာတရ၀တ်ရုံတစ်ထည်ပဲဟာ။

                            ဧပရယ်ဆွေဆွေ (8-1-2013  8း 43 )

Posted by ဧပရယ် ဆွေဆွေ on

ဤစာစုသည် " ဒရဗာရီလာလ ဆတျဘတ္တ "၏ ဟိန္ဒီဘာသာဖြင့်ရေးသားထားခြင်းကို ဆရာကြီးပါရဂူမှ ဘာသာပြန်ခဲ့သော  " ဗုဒ္ဓ ဒိုင်ယာရီ " စာအုပ်မှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

ရူးသွပ်နေသော ကမ္ဘာလောက

ယခု အတောအတွင်း ညဥ့်ပေါင်းများစွာ ထူးထူးခြားခြားစဉ်းစားဆင်ခြင်မှု ပြုလာခဲ့လေသည်။ အကြင်သစ္စာတရားကို ရရှိဖို့ ရန်အတွက် အိမ်တံခါးကိုစွန့် ခွာလာခဲ့ပြီး အကျင့်တရားကို ကျင့်ကြံအားထုတ်ခဲ့၏။ ထိုသစ္စာတရားကို ရရှိသော အခါ၌ ငါသည်အံ့သြသွားမိသည်။ ယင်းသစ္စာတရားကို တွေ့ မြင်သိရှိရသဖြင့်ငါ၏ဘ၀သည် အောင်မြင်ထမြောက်သွား ခဲ့လေပြီ။
    သို့ ရာတွင် ဤမျှဖြင့်ဘ၀၏အောင်မြင်မှု ဖြစ်နိုင်ပါသလော။ ငါသည် သစ္စာတရားကိုရရှိခြင်းကြောင့် တစ်သက် လုံးပီတိဖြစ်နေပြီး အ၀ိဇ္ဇာထဲတွင် နစ်မြှုပ်နေသည့် ကမ္ဘာလောကအားမေ့နေမည်ဆိုလျှင် ငါ၏ဘ၀သည် အောင်မြင်မှု ရရှိပါမည်လော။ လူ့ လောကအတွင်း၌ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ကမ္ဘာလုံး၏မျက်စိ အမြင်မရောက်နိုင်လောက်အောင် မြင့်မားသည့်နေရာ၌ တက်နေလို့ ရပါမည်လော။ လေးဘက်လေးရပ်တွင် ငရဲအတိဖြစ်နေပြီးလျှင် နားကွဲလုမတတ် အော်ဟစ်ငိုကြွေးနေကြပြီး အပုပ်နံ့ တထောင်းထောင်းထွက်နေသည်ဖြစ်သောကြောင့် နှာခေါင်းမဖော်ရဲအောင် ဖြစ်နေ သည့် ကမ္ဘာလောက၏အလယ်၌ ကိုယ်တစ်ဦးတည်းက ပန်းရနံ့ ကို ရှူကာရှူကာနှင့် တေးသီချင်းကို ကျူကာကျူကာ နှင့် ပျော်မြူးနေလို့ ဖြစ်နိုင်မည်လော။
ကမ္ဘာလောကမှာ အကယ်၍ မကောင်းမှုများရှိနေလျှင် ထိုမကောင်းမှုများ၏ အကျိုးကို ငါလည်းအနည်းနှင့်အများ ခံစားရလိမ့်မည်သာဖြစ်ပေသည်။ ကမ္ဘာလောကအား မြှင့်မတင်ဘဲနှင့် ငါဘယ်အထိ မြင့်နိုင်မည်နည်း။
    သို့ ရာတွင် ကမ္ဘာလောကကို ဘယ်လိုလုပ်ပြီး မြှင့်တင်မည်နည်း။ ကမ္ဘာလောကသည် မြင့်လိုသည့်စိတ်ရှိပါ သလော။ ကမ္ဘာလောကသည် လမ်းမှန်ပေါ်ကလျှောက်သွားလိုသည့် ဆန္ဒရှိပါသလော။ ငါသိမြင်ရရှိသည့် သစ္စာတရား ၏အရှိန်အစော်ကို ကမ္ဘာလောကသည် ခံနိုင်ရည်ရှိပါမည်လော။
    ကမ္ဘာလောကသည် " အလွန် " ၀ါဒကို ကိုးကွယ်ဆည်းကပ်သူဖြစ်သည်။ လွန်ကဲမှုကိုသာလျှင် ကြီးကျယ် သည်ဟု သူထင်မြင်ယူဆသည်။ လွန်ကဲမှု၏ရှေ့ မှောက်၌သာလျှင် သူဦးညွတ်သည်။ သူသည်ဥစ္စာဓနနှင့် စည်းစိမ် လွန်ကဲမှုပြုသူ သူဌေးသူကြွယ်တို့ ကို ကိုးကွယ်ဆည်းကပ်လိမ့်မည်။အာဏာလွန်ကဲမှုပြုသူ မင်းစိုးရာဇာတို့ အား ကိုးကွယ်ဆည်းကပ်လိမ့်မည်။ကိုယ်ကာယကို ဒဏ်ထားခြင်း သို့ မဟုတ် ညှဉ်းပန်းခြင်း အကျင့်လွန်ကဲမှုကိုပြုသူ ရသေ့ သူတော်တို့ အား ကိုးကွယ်ဆည်းကပ်လိမ့်မည်။
    ကမ္ဘာလောကသည် လျှို့ ဝှက်မှုကိုကိုးကွယ်ဆည်းကပ်သူဖြစ်သည်။ထူးဆန်းအံ့သြဖွယ်ကို ကိုးကွယ်ဆည်းကပ် သူဖြစ်သည်။ ကြောက်ရွံ့ ဖွယ်ကို ကိုးကွယ်ဆည်းကပ်သူဖြစ်သည်။ မေတ္တာကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်ပေ။ ရိုးသားမှုကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်ပေ။
    ကမ္ဘာလောက၏ " အလွန် " ၀ါဒဟူသမျှမှာ ဒုက္ခပေးသည့်အရာများသာလျှင် ဖြစ်ကြသည်။ အရာသာတစ်ခု တည်း လွန်လွန်ကဲကဲဖြစ်နေလျှင် အစာအာဟာရသည် ခံတွင်းတွေ့ သည့်အစာအာဟာရတစ်ခု မဖြစ်နိုင်ပေ။ ဆားချည်းထည့်ခြင်းအားဖြင့် လည်းကောင်း၊ ငရုတ်သီးချည်းထည့်ခြင်းဖြင့်လည်းကောင်း၊ ထန်းလျက်ချည်းထည့်ခြင်း အားဖြင့်လည်းကောင်း၊ အစာအာဟာရသည် အရသာရှိသည့် အစာအာဟာရတစ်ခုဖြစ်မလာနိုင်ပေ။ အရသာရှိသည့် အစာအာဟာရတစ်ခုဖြစ်ရန်အတွက် သူ့ အတိုင်းအရှည်နှင့်သူ အားလုံးပင်လိုအပ်သည်။
    လူ့ ဘ၀အတွက်လည်း ဤနည်းအတိုင်းဖြစ်သည်။ လူ့ ဘ၀၌ စွန့် လွှတ်မှုလိုအပ်သည်။ သို့ ရာတွင် ကိုယ့်ကိုယ် ကို ဒဏ်ထားခြင်း သို့ မဟုတ် ညှဉ်းဆဲခြင်းမျိုးမူ မလိုပေ။ လူ့ ဘ၀၌ သုံးဆောင်ခံစားမှုလိုအပ်သည်။ သို့ ရာတွင် က္ကနြေ္ဒ တို့ ၏ ကျေးကျွန်ဖြစ်စရာမလိုပေ။ လမ်းစဉ်မှာ အလယ်အလတ်လမ်းစဉ်ဖြစ်သည်။ သို့ ရာတွင် ကမ္ဘာလောကသည် ယင်းအချက်ကို နားလည်နိုင်ပါမည်လော။ ယင်းသို့ ဖြစ်လျှင် ငါသည် ကမ္ဘာလောကအား သစ္စာတရားကို ဘယ်လိုလုပ် ညွှန်ပြမည်နည်း။
    နောက်အခက်အခဲတစ်မှာ ကမ္ဘာလောက၏ အမြင်သည် ပြောင်းပြန်လုံးလုံးဖြစ်နေခြင်းဖြစ်သည်။ ကမ္ဘာ လောကသည် လိုအပ်သည့်အရာကို မလိုအပ်ဟုအထင်ရှိသည်။ မလိုအပ်သည့်အရာကိုမူ လိုအပ်သည်ဟုအထင်ရှိ သည်။ ပဓာနကို သာမညလုပ်ပြီး သာမညကိုမူ ပဓာနလုပ်သည်။ ယင်းသို့ လျှင် သူ၏မျက်စိအမြင်သည် ပျက်စီးနေ သည်ဖြစ်ရာ သူ့ ကိုဘယ်လိုလုပ်ပြလို့ ရမည်နည်း။
    လူသည် သုခကိုလိုချင်သည်။ ဒုက္ခကိုကြောက်လန့် သည်။ သို့ ရာတွင် သုခနှင့် ဒုက္ခကိုလည်း နားလည်အောင် မကြိုးစားပေ။ သုခနှင့် ဒုက္ခ၏အကြောင်းကိုလည်း သဘောပေါက်အောင် အားမထုတ်ပေ။ အကြင်စိတ်လှုပ်ရှားဖောက် ပြန်မှုများကြောင့် လူသည် ဆင်းရဲဒုက္ခရောက်ရ၏။ အကြင်စိတ်လှုပ်ရှားမှုများသည် ကမ္ဘာလောကအား ဆင်းရဲဒုက္ခ ရောက်စေ၏။ ထိုစိတ်လှုပ်ရှားမှုကို ပယ်ဖျောက်ပစ်ဖို့ စိတ်မကူးပေ။
ငါတို့ ၏ ပတ်ဝန်းကျင်တွင်ရှိသည့် လက်ညှိုးထိုးမလွတ်သော ဒုက္ခ၏အကြောင်းများကိုမှု ဖယ်ရှားဖျောက်ဖျက်ပစ်ဖို့  စိတ်မကူးပေ။ စိတ်ကူးသည်ကား နတ်ပြည်ဆိုသည်မှာ ဘယ်ဆီမှာရှိသနည်း။ နတ်ပြည်ဆိုသည်မှာ ဘယ်လိုအရာ ဖြစ်သနည်း။ နတ်ပြည်မှာ နတ်သမီးများကို ရနိုင်သလော။ ငရဲပြည်ဘယ်မှာရှိသနည်း။ တန်ခိုးရှင်ဘုရားသခင် ဘယ်မှာ ရှိသနည်း။ တန်ခိုးရှင်ဘုရားသခင်ဆိုသည်မှာ ဘယ်လိုအရာနည်း။ ပရလောက ဘယ်မှာရှိသနည်း။ ပရလောကဆို သည်မှာ ဘယ်လိုအရာနည်း စသည့်အကြောင်းအရာများဖြစ်သည်။ ယင်းသို့ အကျိုးမရှိသည့် အကြောင်းအရာများ၌ သာလျှင် ဦးနှောက်အလုပ်များနေကြသည်။
    ယင်းအကြောင်းအရာများကိုသာလျှင် အခြေပြုပြီး အသင်းအပင်း အုပ်စုဖွဲ့ ကြသည်။ တစ်ဦးနှင့်တစ်ဦး ပဋိပက္ခ ပြုကြသည်။ ကဲ့ရဲ့ ရှုတ်ချကြသည်။ ယင်းကိုပင် ဘာသာတရားဟုခေါ်သေးသည်။ ဤမျှလောက်ရူးသွပ်နေသည့် ကမ္ဘာ လောကအား ငါဘာညွှန်ကြားပြောပြမည်နည်း။ ဘယ်လိုညွှန်ကြားပြောပြမည်နည်း။
    ကမ္ဘာလောကသည် ကြောင်သူတော်ကို အထင်ကြီးသည်။ တစ်စုံတစ်ယောက်သောသူက ပရလောကစသည့် စကားလုံးများကို အသုံးပြုပြီး သူ့ ကိုကျေနပ်နှစ်သိမ့်စေမည့် စိတ်ကူးယဉ်များကို ပြောပြလျှင်လည်းကောင်း၊ သဗ္ဗညုတ (ဘာမဆိုသိသူ) အဖြစ်ဖြင့် အယုံသွင်းပြီး သူ့ ကိုလှည့်စားလျှင်လည်းကောင်း၊ ကမ္ဘာလောကသည် ထိုသူ့ အပေါ်၌ အကျေနပ်ကြီးကျေနပ်လေသည်။
သို့ ရာတွင် တစ်စုံတစ်ယောက်က အမှန်တရားကို ပြောပြလျှင်လည်းကောင်း၊ မသိသည့်အရာကို မသိဟုပြောပြလျှင် လည်းကောင်း၊ သုခ၏လွယ်ကူသော လမ်းစဉ်ကိုပြောပြလျှင်လည်းကောင်း၊ထိုပုဂ္ဂိုလ်မျိုးကိုမူ ဤအရူးကမ္ဘာလောကက အရူးဟုပင် သမုတ်ပေလိမ့်မည်။ ကမ္ဘာလောကသည် မိမိအား စိတ်ကူးယဉ်ဖို့  အခွင့်အလမ်းများများရမည့် အမှောင် ထဲသို့  တစ်စုံတစ်ဦးက တွန်းပို့ စေရန်လိုလားသည်။
    ကမ္ဘာလောကသည် အလင်းရောင်ကို အလိုမရှိပေ။ အကြောင်းမူကား အလင်းရောင်ထဲ၌ စိတ်ကူးယဉ်အတွက် နေရာမရှိသောကြောင့်ဖြစ်လေသည်။ ကမ္ဘာလောကသည် အမှောင်ထဲတွင်နေပြီးအပိုင်းအခြားမရှိသည့် စိတ်ကူးယဉ်မှု များကို ပြုလုပ်နေလိုသည့် ဆန္ဒရှိသည်။ ယင်းကဲ့သို့ သော ကမ္ဘာလောကအား အလင်းရောင် ငါ ဘယ်လိုလုပ်ပေးမည် လော။ အင်း…ငါဘာမှ မလုပ်လိုတော့။ ကမ္ဘာလောကလည်း သူ့ ဘာသာသူ မေ့မေ့လျော့လျော့ နေချင်နေပေစေ။ ငါ လည်း ငါ့ဘာသာ မေ့မေ့လျော့ လျော့ပင် နေလိုက်တော့မည်။
    မာရ်(နတ်)ယုတ်က ပြောလာပြန်သည်။
" အဲဒီလိုနေတာဘဲ ကောင်းသည်။ သင် သူတစ်ပါးအကျိုးကို သယ်ပိုးဆောင်ရွက်မည်မကြံပါနှင့်။ သင်က အမှန်တရား ကို ပေးချင်သည်။ ကမ္ဘာလောကက အလှကို လိုချင်သည်။ သင်က ဖြောင့်မှန်သည့်လမ်းကို ပြောပြလိုသည်။ ကမ္ဘာ လောကက ဖြောင့်မှန်သည့်လမ်းကိုမူ ကျွန်ုပ်လည်းသိသည်။ သင်ပြဖို့ ဘာလိုသနည်းဟု ပြောသည်။ သင်သည် ကမ္ဘာ လောကအတွက် အသုံးမ၀င်ပေ။ ကမ္ဘာလောကမှာ ကြောင်သူတော်တွေ အောင်ပွဲခံနေပြီး ကမ္ဘာလောကက သင့်ကို ရယ်တာ ဥပေက္ခာပြုတာကို သင်တွေ့ ရလျှင် သင် စိတ်မချမ်းမသာဖြစ်လိမ့်မည်။ မအောင်မြင်မှု ကျိန်းသေသည့်နေရာ ကို ဘာဖြစ်လို့ သွားချင်ရသနည်း။ သင်တရားပေါက်ပြီမဟုတ်လော။ တော်ရောပေါ့။ ပျော်ပျော်ရွှင်ရွှင်နေပါတော့လော။ ကမ္ဘာလောကသည် ငရဲတံခါးဝဆီကို သွားနေသည်။ သွားပေစေ။ သူကတော့ သွားမှာဘဲ။ သင်က ဘာဖြစ်လို့ သူ့  အတွက် ပူပန်ကြောင့်ကြနေရသနည်း။ရွှံ့ ကို နွားနို့ လုပ်ဖို့ ရန်အတွက် ဘာဖြစ်လို့ မိမိ၏နို့ ကို ရွှံ့ ထဲထည့်နေရသနည်း"
    သို့ ရာတွင် ယင်းမာရ်(နတ်) ယုတ်ကို ဖယ်ရှားပစ်ရန်အတွက် ငါ၏အဇ္ဈတ္တသန္တာန်တွင်း၌ ဗြဟ္မာက နိုးနိုးကြား ကြားရှိနေသည်။ သူက မာရ်(နတ်)ယုတ်အား ပြောလိုက်သည်။
" ဟဲ့ သူမိုက်၊ ကမ္ဘာပေါ်မှာ လူမိုက်တွေ အောင်ပွဲခံနေသည့်အတွက်ကြောင့် အမိုက်တကာ့ အမိုက်ဘုရင်ဖြစ်သည့် သင့်ကိုလည်း အနိုင်ပေးရမည်လော။ ကမ္ဘာလောကတစ်ခုလုံးက နားမလည်ချင်နေပေစေ။ ကိစ္စမရှိ။ ယုတ်စွအဆုံး တစ်ယောက်တော့နားလည်လိမ့်မည်။ အကယ်၍ ဗုဒ္ဓကတစ်ယောက်သောသူကိုဘဲဖြစ်ဖြစ် ထုတ်ဆယ်ကယ်တင်လိုက် လျှင် အကျိုးယုတ်သွားမည်လော။ တစ်ယောက်ကနေနှစ်ယောက်တော့ ဖြစ်လာဖို့ ရှိသည်။
    နောက်ပြီး သစ္စာတရားကို သိထားသည့် ပုဂ္ဂိုလ်တစ်ဦးက အောင်မြင်မှု၊ မအောင်မြင်မှုကို ဂရုစိုက်မည်လော။ မအောင်မြင်မှုက သူ့ ကိုစိတ်ပျက်အားလျော့ သွားအောင် တတ်နိုင်လိမ့်မည်မဟုတ်။ အလုပ်လုပ်ခြင်းသည် လူတို့ ၏ ဓမ္မတာသဘာဝဖြစ်သည်။ လူများသည် အလုပ်မလုပ်ဘဲ ချမ်းချမ်းသာသာနေ၍ မရပေ။ မလှုပ်မရှားနေခြင်းသည် နှစ် သက်လိုလားဖွယ်မဟုတ်။ အလုပ်လုပ်ခြင်းသည် ထိုကဲ့သို့ မည်သည့်အခြေအနေမျိုးမှာဘဲဖြစ်ဖြစ် ဓမ္မတာသဘောဖြစ် သည့်အတွက် ဗုဒ္ဓအနေဖြင့် လူအများကို နိုးကြားစေသည့်အလုပ်ကို ဘာကြောင့်မလုပ်ရှာနည်း။ "
    ဗြဟ္မာ၏ ယင်းတိုက်တွန်းနှိုးဆော်ချက်ကိုသာလျှင် သင့်လျော်ကောင်းမြတ်သည်ဟု ငါသဘောရသည်။ ငါသည် ဘာကိုမျှမျှော်လင့်ချက်မထားသည့် လူ့ အကျိုးဆောင်ရွက်သူ ပြုလုပ်သင့်လေသည်။ ကမ္ဘာလောကသည် ရူးသွပ်နေ သည့် ဝေဒနာသည်နှင့်တူသည်။ သူသည် မိမိ၏ဆေးဆရာကိုမသိ။ မိမိ၏ဆေးဆရာကို ဆဲရေးတိုင်းထွာသည်။ ရိုက် နှက်သတ်ပုတ်သည်။ သို့ ရာတွင်စိတ်ကောင်းစေတနာကောင်းရှိသည့် သူတစ်ပါးအကျိုးဆောင်ရွက်သူ ဆေးဆရာကမူ ယင်းမဖွယ်မရာသည့် အပြုအမူများကိုဂရုမစိုက်ဘဲ ဝေဒနာသည်၏ ရောဂါဝေဒနာကိုသာလျှင် ပျောက်ကင်းအောင် ကုစားသည်။ ငါလည်း ကမ္ဘာလောကကို ဆေးဝါးကုစားမည်။
    ငါ၏ ယင်းမြဲမြံသော ဆုံးဖြတ်ချက်ကို သိရသည့်ဖြစ်၍ မာရ်(နတ်)ယုတ်သည် တဖန်အရှုံးပေးပြီး ထွက်ခွာ သွားပြန်လေသည်။

                                        ပါရဂူ

Posted by ဧပရယ် ဆွေဆွေ on

ရတုတံခွန်စိုက်သူလို့  ပညာရှင်တချို့ က မှတ်ချက်ချရသော တောင်ငူဘုရင် နတ်သျှင်နောင်၏ ချစ်သူ ရတုအဖွဲ့ ခံ ရာဇဓာတုကလျာရဲ့  အကြောင်းလေးပါ။ ဟံသာဝတီဘုရင် ဘုရင့်နောင်နှင့် တပယင်း စတုဂါမဏိသမီး ရှင်ထွေးလှတို့  သင့်မြတ်ရာမှ ရာဇဓာတုကလျာကို ဖွားမြင်ခဲ့ပါသည်။ အစ်ကိုတော်က နောင်တွင် ဇင်းမယ်ဘုရင်နော်ရထာစော ဖြစ်၏။ သက္ကရာဇ် ၉၂၁ ၊နတ်တော်လဆန်း ၁၄ ရက်၊ တနင်္ဂနွေနေ့  သူမဖွားမြင်ချိန်မှာ ဟံသာဝတီမြို့ တော် ပဲခူးမှာ " မဟာ စေတီတော်ကြီး " ကိုတည်၍ ဌာပနာသောနေ့ ဖြစ်သည်။
    ဓာတ်တော်မွေတော်တို့ ကို ဌာပနာမည့်နေ့ တွင် ဖွားမြင်တော်မူသဖြင့် ရာဇဓာတုကလျာဟု အမည်ခေါ်တွင်စေ ခဲ့သည်။ ခမည်းတော်မှာ သူမကို ချစ်မြတ်နိုးတော်မူ၍ တပင်တိုင်မြနန်းဖြင့် စံမြန်းစေသည်။ယခု ပဲခူးမြို့  အရှေ့ မြောက် ထောင့် ဟင်္သာကုန်းဘုရား အရှေ့ ဘက်ရှိ သော်ကဥယျာဉ်သည် ရာဇဓာတုကလျာ စံမြန်းခဲ့သောနေရာဟု လူအများ ပြောဆိုကြသည်။
    သူမ၏အလှကြောင့် တူဝရီးတော်သော ငါးဆူဒါယကာနန္ဒဘုရင်နှင့် အင်းဝဘုရင် သတိုးမင်းစောတို့ တစ်ဦးနှင့် တစ်ဦး အသေသတ်ကြသော စစ်ပွဲလည်းဖြစ်ခဲ့သည်။ သက္ကရာဇ် ၉၄၈ တွင် ငါးဆူဒါယကာမင်းတရားကြီး ယိုးဒယားသို့ ချီတက်တော်မူစဉ် သားတော်အိမ်ရှေ့ မင်းသား မဟာဥပရာဇာကို မြို့ စောင့်ထားတော်မူခဲ့သည်။ အိမ်ရှေ့ မင်းသည် အခွင့်ကောင်းကို လက်လွှတ်မခံဘဲ ခမည်းတော်မရှိခိုက် ရာဇဓာတုကလျာအား အိမ်ရှေ့ မိဖုရားမြှောက်လိုက်သည်။ စင်စစ် ၄င်းတို့ နှစ်ဦးသည် သက္ကရာဇ် ၉၄၄ ကတည်းက တိတ်တခိုး ချစ်မြတ်နိုးခဲ့ကြသည်ဟု သမိုင်းကဆိုပါသည်။ ချစ်သူနှစ်ဦးပေါင်းဖက်ချိန်တွင် အိမ်ရှေ့ ဥပရာဇာက သက်တော် ၃၂ နှစ်၊ ရာဇဓာတုကလျာမှာ ၂၇ အရွယ်ဖြစ်၏။
    အိမ်ရှေ့ မိဖုရားအဖြစ် ၆ နှစ်တာ စံမြန်းပြီးနောက် သူမအသက် ၃၃ နှစ်အရွယ်တွင် သူမ၏ မဟာဥပရာဇာ နတ်ရွာစံ၏။ ၄င်းနတ်ရွာစံပြီး ၁၀ နှစ်အကြာ သက္ကရာဇ် ၉၆၄ တွင် နတ်သျှင်နောင်၏ ခမည်းတော်သည် တောင်ငူ ရွှေနန်းကို စိုးစံတော်မူသောအခါ သားတော်ကြီး နတ်သျှင်နောင်ကို အိမ်ရှေ့ အရာပေး၏။
    အိမ်ရှေ့ မင်းဖြစ်သောအခါ သူမြတ်နိုးလှစွာသော ရာဇဓာတုကလျာကို စုံဖက်တော်မူ၏။ ထိုအချိန်တွင် ရာဇ ဓာတုကလျာမှာ အသက် ၄၄ နှစ်၊ နတ်သျှင်နောင်က ၂၄ နှစ်မျှသာရှိသေးသည်။ ရာဇဓာတုကလျာထက် အသက် ၂၀ နှစ်မျှ ငယ်သည်။
`    နတ်သျှင်နောင်သည် ရတုကဗျာများစွာ ရေးဖွဲ့ ခဲ့သည့်အနက် မယ်ဖွဲ့  ၂၆ ပုဒ်ရေးသားခဲ့သည်။ ဆရာကြီး မောင်သာနိုးက- " နတ်သျှင်နောင်အစွဲကြီး စွဲလန်းခဲ့တယ်လို့ ပြောကြတဲ့ ရာဇဓာတုကလျာဖွဲ့ ပါရယ်လို့ အမှတ်အသား ရှိတဲ့ ရတုက တင့်လှပေဟန် တစ်ပုဒ်တည်းပဲ ဖြစ်တယ် " လို့ ဆိုပါသည်။
    ထိုရတုအပြည့်အစုံမှာ-
(ပ)" တင့်လှပေဟန်၊ ဖက်မဲ့ရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့ ၊ ပြာပြာလတ်လတ်
  မွတ်မွတ်ရေးချေ၊ ထုံးနေမကျော၊ ပန်းရောဆံကြာ၊ ချတိုင်းသာလျှင်၊ ရွှေဝါဖိတ်ရွှင်း၊
  ထည်ချင်းစံပယ်၊ နံ့ ကြွယ်လှိုင်ကြူ၊ မဉ္ဖူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊
  ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ၀ိုးဝါးတွေးချွတ်၊ စိတ်လုံးညွှတ်သည်။    ။
ဘုံထွတ်နန်းတောင် နေတို့ လော။
(ဒု)ရင့်မျှရွေကျန်၊ ရွက်မခြွန်တည့်၊ ၀ါကြန်နီိမောင်း၊ ပင်တိုင်းပြောင်းက၊ သက်ပေါင်းထင်ယုံ၊
လှနိတုံလည်း၊ ပန်းစုံရောရှက်၊ ထုံးမြိတ်ရွက်နှင့်၊ လိုက်ဖက်တင့်မှတ်၊ ကိုယ်ဝတ်တော်မှာ၊
မလ္လာရနံ့ ၊ မွှေးပျံ့ ကြိုင်ရွှင်း၊ ပယင်းရွှေရည်၊ ပွတ်လဲ့ကြည်သို့ ၊ မြရည်ကြောစိမ်း၊
လဲ့လဲ့ရှိမ်းမျှ၊ ခပ်သိမ်းကလျာ၊ ရှုဘွယ်သာလျှင်၊ သိင်္ဂါလျှံတောက်၊ လက်ကောက်လက်ကြပ်၊
ရည်လျှပ်ဆံကျင်၊ မျှမထင်လည်း၊ တိုင်းပင်တင့်မှတ်၊ လှခေါင်ထွတ်သည်။    ။
ကြာနတ်တန်းဆောင် ပေတို့ လော။
(တ) ဆင့်ချခွေသွန်၊ ရက်မချန်တည့်၊ ယုဂန်အလုံး၊ မြရည်ဖုံးသား၊ လှဆုံးတင့်နေ၊
ထုံးသားရေလည်း၊ ထွေထွေကြည့်တိုင်း၊ ပြစ်မျိုးရှိုင်းသည်၊ စံခိုင်းလှော်သစ်၊ ရွှေနှယ်နစ်မျှ၊
တင်ပြစ်မစက်၊ လဲ့လဲ့ညက်ကို၊ ထက်နတ်ဘုံနေ၊ ခုသာကြွေသို့ ၊ တင့်နေရှုမြော်၊
အကျော်ပျံ့ မွှန်း၊ ၀င်းငြိမ့်ရွှန်းကို၊ တောင်နန်းနေလော၊ နတ်ပေလောဟု၊ တွေးတောချေမိ၊
တပ်မသိခဲ့၊ မြင်မိဖြုတ်ခြည်း၊ မြော်ကတည်းက၊ အူသည်းစုံညွှတ်၊ သက်လုံးပြတ်သည်။    ။
လျှံပတ်ထွန်းရောင်ဝေတို့ လော။ "
နတ်ပင်ယိုးမှားရတယ်လို့ ဆိုသော အလှဘုရင်မလေး ရာဇဓာတုကလျာမှာ ၇ လတာ နတ်သျှင်နောင်နှင့် ပေါင်းသင်း ပြီးနောက် သက္ကရာဇ် ၉၆၄ (မူကွဲ ၉၆၅) တန်ဆောင်မုန်းလတွင် ကံကုန်တော်မူလေသည်။
 ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on Friday, August 2, 2013

  ဤ၀တ္ထုလေးက ပြင်သစ်စာရေးဆရာကြီး ဒူဒေး(Alphonse Daudet) ရဲ့  နာမည်ကျော် The Last Lesson ၀တ္ထုလေးပါ။ အဓိကဖော်ပြတဲ့အချက်ကတော့ ပြင်သစ်-ဂျာမန်ရန်မီးအကြောင်းနှင့် ကိုယ့်စကား ကိုယ့်စာပေ ကိုမမေ့သင့်ကြောင်း သတိပေးတဲ့ အကြောင်းရာလေးဖြစ်တာမို့ Reading for you မှာ တင်ပြပေးလိုက်တာပါ။ မူရင်းကို  ၁၉၄၁၊ ဇန်န္န၀ါရီလ ကြီးပွားရေးမဂ္ဂဇင်းမှာ ဆရာမင်းသုဝဏ်က ဘာသာပြန်ရေးသားခဲ့ခြင်းဖြစ်ပါ တယ်။

 နောက်ဆုံးသင်ခန်းစာ

 ထိုနေ့ နံနက်က ကျွန်တော်ကျောင်းသွား အတော်နောက်ကျသည်။ ကျွန်တော်မှာ တထိတ်ထိတ်နှင့်။ အထူးသဖြင့် ကျွန်တော် တစ်လုံးမျှမသိသော ကိတ်နာမ်များအကြောင်းကို ဆရာကြီးဟာမ်လ် ကမေးမည်ဟု ပြောထား၍ ကျွန်တော်ထိတ်မိသည်။ တစ်ခဏတာမျှကား ကျောင်းပြေး၍လွတ်ရာတွင် အချိန်ဖြုန်းတော့မည် ဟု ကြံမိပါသေးသည်။ နေကလေးကလည်း အလွန်သာသည်။နွေးလည်း အလွန်နွေးသည်။ တောစပ်တွင် ငှက် ကလေးများကလည်း မြည်တွန်ကြွေးကြော်နေကြသည်။ သစ်စက်နောက်ဖေး ကွင်းပြင်ထဲတွင် ပြတ်ရှင်စစ်သား များလည်း စစ်ရေးပြနေကြသည်။ ကိတ်နာမ်တွေအကြောင်းကို သင်ကြားနေရမည်ထက် ကျောင်းပြေးရသည် က ပို၍ပျော်ဖွယ်ကောင်းပေမည်မှာ မုချဖြစ်ပါသည်။ သို့ သော် ထိုဆန္ဒကိုချိုးနှိမ်၍ ကျောင်းဆီသို့ သာ အသော့ ပြေးသွားပါသည်။
    တောင်းဟောလ်ရှေ့ သို့ ရောက်သောအခါ ကြော်ငြာဘုတ်ကြီးကို ၀ိုင်း၍လူအုပ်ကြီး ရပ်ကြည့်နေသည် ကိုတွေ့ ရပါသည်။ လွန်ခဲ့သောနှစ်နှစ်အတွင်းမှာဖြစ်လျှင် သတင်းဆိုးမှန်သမျှ ထိုကြော်ငြာဘုတ်ကြီးဆီကသာ ထွက်ပေါ်လာပါသည်။ စစ်ရှုံးသည့် သတင်း၊ စစ်ဗိုလ်၏အမိန့် များသည် ထိုကြော်ငြာဘုတ်က ထွက်ပေါ်လာ သည်ချည်းဖြစ်ခဲ့သည်။ ထို့ ကြောင့် လမ်းသွားမရပ်ဘဲ " ဘာများအထူးအထွေဖြစ်ပြန်ပါလိမ့် " ဟု ကျွန်တော် တွေးမိပါသည်။
ထိုသို့ အသော့ ကျွန်တော်သွားနေခိုက် လူအုပ်ထဲတွင် သူ့ တပည့်နှင့်အတူ ကြော်ငြာဖတ်နေသော ပန်းပဲဆရာ ကြီး ၀ပ်ရှာဘာက ကျွန်တော့်ကိုလှမ်းအော်၍ ပြောလိုက်ပါသည်။
" ဟေ့ သားငယ်၊ သည်လောက် အလျင်မလိုပါနဲ့ ၊ ကျောင်းတက်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။ "
ပန်းပဲဆရာကြီးသည် ကျွန်တော့်ကိုတမင် နောက်လိုက်သည်ဟုသာထင်မိကာ ပြေးသွားရာ ဆရာကြီး ဟာမ်လ် ၏ ခြံထဲသို့ မောကြီးပန်းကြီးရောက်သွားပါသည်။
    အခါတိုင်းဆိုပါလျှင် ကျောင်းတက်စအချိန်သည် အလွန်ဆူညံသော အချိန်ဖြစ်ပါသည်။ လမ်းထဲကပင် ကြားနိုင်ပါသည်။ ခုံဖွင့်သံ၊ ခုံပိတ်သံ၊ သင်ခန်းစာများကို အားလုံးညီတူညာတူ ပြိုင်ဆိုသံ၊ ဆရာကြီး၏မျဉ်းတံ နှင့် စားပွဲကိုခေါက်သံတို့ မှာ အလွန်ဆူညံပါသည်။သို့ သော် ယခုမှာမူ ငြိမ်ချက်သား ကောင်းလှပါသည်။ ကျွန်တော့်မှာ အတန်းထဲသို့ မည်သူမျှ မမြင်အောင်ဝင်နိုင်ဖို့ ရန် ဆူညံနေပါစေဟုသာ ဆုတောင်းမိခဲ့ပါသည်။ ယခုမှာမူ ငြိမ်ချက်သားကောင်းလေစွ။ငြိမ်လည်းငြိမ်ရပေမည်။ တနင်္ဂနွေနေ့ နံနက်ကဲ့သို့ ပင် ငြိမ်ရန်အကြောင်း ရှိပေသည်။
    ကျွန်တော့်အတန်းသားများ သူတို့ နေရာတွင် ရောက်နေကြသည်ကို ပြတင်းမှမြင်ရပါသည်။ ဆရာကြီး ဟာမ်လ်မှာလည်း သံမျဉ်းတံကြီးကို ချိုင်းကြားတွင်ညှပ်၍ ခေါက်တုံ့ ခေါက်ပြန် စင်္ကြန်လျှောက်နေပါသည်။ ကျွန်တော့်မှာ တံခါးဖွင့်၍ လူတိုင်းရှေ့ ကဖြတ်ပြီးလျှင် ကျွန်တော့်နေရာသို့ သွားရပါမည်။ ကျွန်တော်မည်မျှ မျက်နှာပူ၍ မည်မျှကြောက်နေမည်ကို စဉ်းစားသာကြည့်ပါတော့။
    သို့ သော် ဘာမျှအထူးအထွေမဖြစ်ပါ။ ဆရာကြီးသည် ကျွန်တော့်ကိုမြင်သောအခါ ကြင်ကြင်နာနာနှင့် ပင် ဤသို့ ပြောလိုက်ပါသေးသည်။
" ဖရန့် ၊ နေရာကို မြန်မြန်သွားပါ။ မင်းမရှိဘဲ အတန်းကိုစနေရတယ် "
ကျွန်တော်လည်း ခုံတန်းလျားကိုကျော်၍ နေရာတွင် ထိုင်လိုက်ပါသည်။ အကြောက်နည်းနည်းပြေလာသော အခါ ဆရာကြီးသည် ခါတိုင်းကဲ့သို့ မဟုတ်၊ အ၀တ်သစ်များ ၀တ်ထားသည်ကို သတိပြုမိပါသည်။ ခါတိုင်းမှာမူ ဆရာကြီးသည် ပညာဝန်လာသောနေ့ များနှင့် ဆုပေးသောနေ့ များမှာသာ အ၀တ်သစ်များ ၀တ်တတ်ပါသည်။ ထိုမှတစ်ပါးလည်း ကျောင်းတစ်ခုလုံးမှာ ငြိမ်ချက်သားကောင်းလှသည်။ က္ကနြေ္ဒကြီးချက်သား ကောင်းလှသည်။ ကျွန်တော်အံ့အားအသင့်မိဆုံးအကြောင်းမှာကား အခါတိုင်းမှာမူ မည်သူမျှ မထိုင်သော ခုံတန်းလျားအနက်ကြီး များပေါ်တွင် ကျွန်တော်တို့ နည်းတူ ရွာသားများထိုင်နေသည်ကို မြင်ရချက်ဖြစ်ပါသည်။
    သုံးထောင့်ဦးထုပ်ကြီးနှင့် အဘိုးကြီး ဟော်ဇာ၊ မြို့ ဝန်ဟောင်း၊ စာတိုက်ဗိုလ်ဟောင်းနှင့် အခြားလူ အများကြီးထိုင်နေကြပါသည်။ လူတိုင်းဝမ်းနည်းနေပုံရပါသည်။ အဘိုးကြီးဟော်ဇာသည် ထောင့်များစုတ်ပြတ် နေသော ပရိုင်မာစာအုပ်ကလေးကို ယူလာ၍ ဒူးပေါ်တွင်ဖွင့်ထားပြီးလျှင် သူ့ မျက်မှန်ကိုစာအုပ်ပေါ်တွင် ချ ထားပါသည်။
" ဘာများဖြစ်လို့ ပါလိမ့် " ဟု ကျွန်တော်အံ့သြနေခိုက် ဆရာကြီးဟာမ်လ်သည် သူ့ ခုံပေါ်သို့ တက်၍ ကျွန်တော့်ကိုပြောသော နူးညံ့ဆေးလေးသောအသံမျိုးဖြင့်ပင် အောက်ပါအတိုင်းပြောပါသည်။
" တပည့်တို့ ၊ ဒီ သင်ခန်းစာဟာ ဆရာနောက်ဆုံးသင်ရမယ့် သင်ခန်းစာပဲ၊ အာလစနဲ့ လော်ရိန်းနယ်များမှာ ပြင်သစ်စာကို မသင်ရ၊ ဂျာမန်စာကိုသာ သင်ရမယ်လို့  ဘာလင်မြို့ ကအမိန့် လာတယ်။ မင်းတို့ အတွက် ဂျာမန်ဆရာသစ်လည်း မနက်ဖြန်လာတော့မယ်။ အခုဆရာသင်မယ့်သင်ခန်းစာဟာ မင်းတို့ ရဲ့ နောက်ဆုံး ပြင်သစ်ဘာသာသင်ခန်းစာပဲကွယ့်။ ဒါကြောင့် ကောင်းကောင်းဂရုစိုက် နားထောင်ကြပါ။"
    ထိုစကားတို့ ကား ကျွန်တော့်အတွက် မိုးကြိုးပစ်သံပင်ဖြစ်တော့သည်။ အိုသည်တိရစ္ဆာန်ဂျာမန်တွေ ဟာ အလွန် ဆိုးပါကလား။ တောင်းဟောလ်၌ သူတို့ ကပ်ထားသောကြော်ငြာသည် ဤအမိန့် ပင်ဖြစ်ရာသည်။
    ကျွန်တော့်အဖို့ နောက်ဆုံး ပြင်သစ်သင်ခန်းစာတဲ့။ ကျွန်တော့်မှာ စာမျှကောင်းကောင်း မရေးတတ် သေးပါ။ နောက်ထပ်လည်း သင်ရတော့မည်မဟုတ်။ကျွန်တော် စာသင်ရပ်ရတော့မည်။ စာကိုကြိုးစား၍ မသင် ခဲ့မိသည်မှာ မှားလေခြင်း။ ငှက်ဥနှိုက်၍ အချိန်များကို ဖြုန်းခဲ့မိသည်မှာ မှားလေခြင်း။
ဟိုခဏတုန်းက ကျွန်တော်အလွန်မုန်းမိသော သဒ္ဒါစာအုပ်၊ ရာဇ၀င်စာအုပ်များမှာ ကျွန်တော်မစွန့် နိုင်သော မိတ်ဟောင်းကြီးများဖြစ်လာသည်။ ဆရာကြီးဟာမ်လ်နှင့်လည်း မည်သို့ ခွဲခွာနိုင်ပါမည်လဲ။သူသွားတော့မည်။ သူ့ ကို ကျွန်တော်နောက်ထပ်မြင်ရတော့မည် မဟုတ်ဆိုသော အကြောင်းများကို တွေးမိသောအခါ သူ့ မျဉ်းတံ ကြီးနှင့် သူခွကျနေပုံတို့ ကို ကျွန်တော်မေ့သွားပါတော့သည်။
    သြော် ဆရာကြီး သနားစရာပဲ။ ဤနောက်ဆုံးသင်ခန်းစာကို အထူးသင်ပေးချင်၍ ၀တ်ကောင်းစားလှ များကို ၀တ်လာပေသကိုး။ရွာထဲကလူကြီးများ ကျောင်းခန်းထဲရောက်နေသည်မှာလည်း ဤအကြောင်းကြောင့် ပေကိုး။ အနှစ်လေးဆယ်ကာလပတ်လုံး ရွာသားကလေးများကို ပညာသင်ပေးခဲ့သော ဆရာကြီးအား ကျေးဇူး တင်သည်ကိုပြလို၍တစ်ကြောင်း၊ ကျွန်နိုင်ငံဖြစ်သွား၍ သူတို့ အပိုင်မဟုတ်တော့သော အာလစနှင့် လော်ရိန်း နယ်များအား အရိုအသေပေးလို၍တစ်ကြောင်း သူတို့ ဤကျောင်းခန်းတွင်းသို့ လာရောက် ထိုင်နေကြခြင်းဖြစ် ပေသည်။
    ဤအကြောင်းများကို တွေးနေခိုက် ကျွန်တော့်အမည်ခေါ်သံကို ကြားရပါသည်။ စာပြန်ရန် ကျွန်တော့် အလှည့်ရောက်လာပြီ။ မုန်းစရာကောင်းသော ကိတ်နာမ်များကို အမှားတစ်လုံးမျှ မပါရစေဘဲ ကျယ်ကျယ်နှင့် ရှင်းရှင်းပြန်ပြနိုင်ရအောင် လုပ်ပေးနိုင်သူများရှိလျှင် ကျွန်တော့်မှာ ရှိသမျှပစ္စည်းများကို အကုန်ပုံပေးလိုက်ချင် လောက်အောင် ဖြစ်မိပါသည်။ သို့ သော်လည်း စာပြန်စမှာပင်လျှင် ထစ်ထစ်ငေါ့ငေါ့ ရောရောနှောနှောဖြစ်၍ စာခုံကိုကိုင်ကာ နှလုံးတထိတ်ထိတ်နှင့် ရပ်နေရပါသည်။ ဆရာ့ ကိုလည်း မော်၍မကြည့်ဝံ့တော့။ထိုအခါ ဆရာ ကြီးဟာမ်လ်က ပြောပါသည်။
" ဖရန့် ၊ မင့်ကို ဆရာ မကြိမ်းပါဘူး။ မင်းလည်း အတော် အနေရခက်မှာပဲ။ တို့ အဖြစ်အပျက်ကို ကြည့်ပါဦး။ နေ့ တိုင်းနေ့ တိုင်း အချိန်တွေအများကြီးရှိသေးတယ်။ မနက်ဖြန်မှ သင်တာပေါ့။ သန်ဘက်ခါမှ သင်တာပေါ့နဲ့ ဆရာတို့  ရက်တွေရွှေ့ ခဲ့ကြတာပဲ။ ဟောအခုတော့ ဆရာတို့  ဘယ်ဘ၀ရောက်နေပြီလဲ။ မြင်ရဲ့ လား။ အဲဒါ ဟာ အာလစနယ်ရဲ့ ချို့ ယွင်းချက်ကြီးပဲ။ နက်ဖြန် သန်ဘက်ရက်ရွှေ့ ခဲ့တာနဲ့  ကိစ္စတုံးတာပဲ။ အခုတော့ ဟော ဟိုကွင်းထဲမှာ စစ်ရေးပြနေတဲ့ ဂျာမန်ကောင်တွေက ပြောကြလိမ့်မယ်။ "
" ကဲ ဘယ့်နှယ့်လဲ၊ မင်းတို့ ကိုယ်ကို မင်းတို့ ပြင်သစ်ဆို၊ အခုတော့ ကိုယ့်စကားလည်း ကိုယ်မပြောတတ်။ ကိုယ့်စာလည်း ကိုယ်မရေးတတ်။ " လို့ ။ဒါပေမဲ့ မင်းတစ်ယောက်တည်း မိုက်တာမဟုတ်ပါဘူး။ ဆရာတို့  အားလုံးဟာလည်း အပြစ်မကင်းကြဘူးကွယ့်။ "
" မင့်မိဘများက မင်းပညာတတ်ရေးနဲ့ ပက်သက်ပြီး သိပ်ဂရုမစိုက်ကြဘူး။ သူတို့ သဘောကတော့ အိမ်မှာ ငွေအ၀င်နည်းနည်းဖြစ်ဖြစ် ပိုစေတော့ဆိုပြီး မင့်ကို ယာတဲမှာဖြစ်ဖြစ်၊ စက်ထဲမှာဖြစ်ဖြစ် အလုပ်လုပ်စေချင် တာပဲ။ ငါကော….ငါလည်း အပြစ်မကင်းဘူးပဲ။ မင်းတို့ ကို စာကျက်ခိုင်းရမည့်အစား ပန်းပင်တွေကို ရေ အလောင်းခိုင်းခဲ့တာဟာ ငါပဲ မဟုတ်လား။ နောက်ပြီး ငါ ငါးမျှားသွားချင်တဲ့အခါ မင်းတို့ ကို အိမ်ပြန်လွှတ်ပြီး ကျောင်းပိတ်လိုက်တာလည်း ငါပဲ မဟုတ်လား။ "
    ဤသို့ ဖြင့် အကြောင်းတစ်ခုမှ အကြောင်းတစ်ခုသို့  ကူးစက်သွားကာဆရာကြီးဟာမ်လ်သည် ပြင်သစ် စကားအကြောင်းကို ဆက်၍ ပြောနေလေတော့သည်။ ပြင်သစ်စကားသည် လောကတွင် အလှဆုံးဖြစ်သည်။ အရှင်းလင်းဆုံး၊ အကြောင်းအကျိုးအသင့်ဆုံးဖြစ်သည်။ ပြင်သစ်စကားကို ကျွန်တော်တို့ တစ်စု စောင့်ရှောက် ရမည်။ မည်သည့်အခါမျှ မေ့မပစ်ရ။ အကြောင်းသော်ကား သူ့ ကျွန်ဘ၀တည်းဟူသော အကျဉ်းထောင်ကိုဖွင့် ရန် သော့ကို သိမ်းဆည်းထားသည်မည်လေသည်။
        ထို့ နောက် ဆရာကြီးသည် သဒ္ဒါစာအုပ်ကိုဖွင့်၍ ကျွန်တော်တို့ သင်နေရသော သင်ခန်းစာကို ဖတ်ပြသည်။ ထိုအခါကျမှ သဒ္ဒါကို မည်မျှကျွန်တော် နားလည်နေသည်ကိုသိရ၍အံ့သြမိပါသည်။ သူပြောသမျှ တွေသည် အလွန်ရှင်းလင်းလွယ်ကူလှပါဘိတောင်း။ ကျွန်တော် ဤကဲ့သို့ တစ်ခါမျှ ဂရုစိုက်ကာ နားမထောင်ခဲ့ ဖူးသည်ကိုလည်း တွေးမိပါသည်။ ၄င်းပြင် ဆရာကြီးသည်လည်း တစ်ခါဖူးမျှ ဤကဲ့သို့ စိတ်ရှည်လက်ရှည် သင်မပေးခဲ့ဖူးသည်ကိုလည်း တွေးမိပါသည်။ ဆရာကြီးသည် မသွားခင် သူတတ်သမျှပညာအားလုံးကို ကျွန်တော်တို့ အား ပေးခဲ့ချင်တော့သလိုရှိပါသည်။ တစ်ချက်တည်းနှင့် ကျွန်တော်တို့ ခေါင်းထဲသို့  ရိုက်သွင်း ပေးခဲ့ချင်တော့သလိုရှိပါသည်။
    သဒ္ဒါပြီးသောအခါလက်ရေးသင်ရပါသည်။ထိုနေ့ က ကျွန်တော်တို့ အဖို့ ဆရာကြီးသည် လက်ရေးသင် စာရွက်အသစ်ကလေးများကို ယူခဲ့ပါသည်။ ထိုစာရွက်များတွင်
" ပြင်သစ်နိုင်ငံ အာလစနယ်၊ ပြင်သစ်နိုင်ငံ အာလစနယ် " ဟူ၍ လှပ၀ိုင်းစက်စွာ ရေးထားပါသည်။ ထိုစာလုံး ကလေးများသည် ကျောင်းခန်းထဲတွင်ဆွဲထား၍ လေထဲတွင်လွင့်နေသော ကြက်လျှာအလံကလေးများနှင့်တူ ပါတော့သည်။ ထိုအခါက ကျောင်းသားများအားလုံး ဘယ်ကဲ့သို့  အားကြိုးမာန်ကြိုး အလုပ်လုပ်ရသည်ကို မြင်စေချင်ပါဘိသည်။ တစ်ကျောင်းလုံးငြိမ်နေပါတော့သည်။ စာရွက်ပေါ်တွင် ကလောင်သွားနှင့် ရေးခြစ် သလောက်ကိုသာ ကြားရပါသည်။ တစ်ခါသော်ခွံထူပိုးကောင်တွေ အခန်းထဲသို့ ပျံဝင်လာပါသည်။ သို့ သော် မည်သူမျှ သူတို့ ကို ဂရုမစိုက်ကြပါ။ ငါးမျှားချိတ်ပုံကို ပြင်သစ်စာအထင်နှင့် လက်ထပ်ရေးနေကြသော အငယ် ဆုံးကျောင်းသားကလေးများပင် ဂရုမစိုက်ကြပါ။ ခေါင်းမိုးပေါ်တွင် ခိုများညည်းနေသံကိုကြား၍ " ခိုများကို တောင် ဂျာမန်လိုအညည်းခိုင်းကြဦးမှာလား " ဟု ကျွန်တော်တွေးမိသည်။
    စာရေးရာမှမော့၍ကြည့်တိုင်း ဆရာကြီးဟာမ်လ် ကုလားထိုင်တွင် မတုန်မလှုပ်ထိုင်နေသည်ကို မြင်ရပါ သည်။ သူသည်အခန်းထဲတွင် ဟိုဘက်လှမ်းကြည့်လိုက်၊ သည်ဘက်လှမ်းကြည်လိုက်နှင့် တစ်ခန်းလုံးကိုကြည့် ကာ ထိုအခန်းလေးထဲတွင် မည်သို့ တည်ရှိနေကြသည့် အခြင်းအရာကို မှတ်သားနေသည်နှင့်တူပါတော့သည်။ စဉ်းစားကြည့်ပါဦး။
ဆရာကြီးသည် အနှစ် ၄၀ ပတ်လုံး ထိုနေရာတွင်ပင် နေထိုင်ခဲ့ပါသည်။ ထိုနေ့ တွင်ကဲ့သို့ ပင်အပြင်မှာ ဥယျာဉ် ကလေး၊ သူ့ အရှေ့ မှာ ကျောင်းသားတွေနှင့် အနှစ် ၄၀ သူထိုနေရာတွင် နေခဲ့သည်။စာသင်ခုံများ၊ ခုံတန်းလျား များသာကြာ၍ ချောမွတ်လာကြသည်။ ဥယျာဉ်ထဲတွင် သစ်ကြားပင်များ အတော်မြင့်လာပြီ။ သူကိုယ်တိုင်စိုက် သော ပန်းနွယ်များလည်း ပြတင်းများမှ ကပ်တွယ်ကာ အမိုးသို့ ပင်ရောက်နေလေပြီ။ ဤနေရာကို စွန့် ထားခဲ့ ရလျှင် ရင်ကွဲစရာသာဖြစ်တော့သည်။
    သူ့ နှမသည်အိမ်ပေါ်တွင် ပစ္စည်းများကို သိမ်းဆည်း၍ သေတ္တာများကို စီစဉ်နေသံကိုကြားရသောအခါ သူရင်ကွဲချင်ပေလိမ့်မည်။ သူတို့ မနက်ဖြန် ဤကျောင်းမှ ထွက်ခွာသွားရတော့မည်။
    သို့ သော် ဆရာကြီးကား သတ္တိရှိသူဖြစ်၍ သင်ခန်းစာများကို တစ်ခုမကျန်သင်ပေးနေလေသည်။ လက် ရေးသင်ပြီးသောအခါ ရာဇ၀င်သင်ရပါသည်။ ကလေးငယ်များမှာမူ " ဘာဘေဘီဘော-ဘူ " ဟု သင်ပုန်းကြီး အံကြပါသည်။ အခန်းချောင်ထဲတွင် အဘိုးကြီး ဟော်ဇာသည်လည်း ပရိုင်မာစာအုပ်ကလေးကို ဖွင့်၊မျက်မှန်ကို တပ်ကာ ကလေးများနှင့်အတူ စာလုံးလိုက်ပေါင်းနေပါသည်။ အဘိုးကြီးသည်လည်း ငိုနေပါသည်။ သူ့ အသံ သည် ၀မ်းနည်းမှုဖြင့် တုန်ယင်နေပါသည်။ သူ့ အသံကိုကြားရသော ကျွန်တော်တို့ မှာ ရယ်ချင်၊ ငိုချင်ဖြစ်မိပါ သည်။ ထိုနေ့ က ဆရာကြီးသင်သွားသော နောက်ဆုံးသင်ခန်းစာကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိပါ သည်။
    ရုတ်ခနဲ ဘုရားကျောင်းမှ နာရီကြီးသည် ၁၂ ချက် တီးလိုက်ပါသည်။ထိုခဏ၌ပင်လျှင် စစ်ရေးပြရာမှ ပြန်လာသော ပြတ်ရှင်စစ်သားများ၏ ခရာတုတ်သံကို ကျောင်းပြတင်းအောက်တွင် ကြားလိုက်ရပါသည်။ ဆရာကြီး ဟာမ်လ်သည် မျက်နှာဖြူဖပ်ဖြူရော်နှင့် ကုလားထိုင်မှ ထရပ်လိုက်ပါသည်။ဆရာကြီး ဤမျှ အရပ် မြင့်ပုံရသည်ကို တစ်ခါမျှ ကျွန်တော်မမြင်ဖူးခဲ့ပါ။
" မိတ်ဆွေတို့ ၊ ကျွန်ုပ်………ကျွန်ုပ် " ဟု စကားစပြီး လည်ချောင်းတွင် ဆို့ လာသဖြင့် စကားကို သူမဆက် နိုင်ပါ။
ထို့ နောက် ဆရာကြီးသည် ကျောက်သင်ပုန်းကြီးဘက်သို့  လှည့်၍ မြေဖြူတစ်ခဲကို ကောက်ယူကာ ရှိသမျှ အားကလေးကို စုရုံး၍ စာလုံးကြီးများနှင့် "  ပြင်သစ်နိုင်ငံကြီး အသက်ရာကျော် ရှည်ပါစေ " ဟု ရေးလိုက်ပါသည်။
ထို့ နောက်ဆရာကြီးသည် နံရံတွင် ခေါင်းကိုမှီထားကာ စကားတစ်ခွန်းမျှ မပြောဘဲ လက်ဖြင့်ပြလျက်-
" ကျောင်းလွှတ်ပြီ၊ သွားကြပေတော့ " ဟု အမှတ်ပေးလိုက်ပါသည်။            

မင်းသုဝဏ်

Posted by ဧပရယ် ဆွေဆွေ on

တစ်ခါကရွာတစ်ရွာမှာ ကိုလူအေးဆိုတဲ့လူတစ်ယောက်ရှိတယ်။သူ့မှာ မယ်မြဆိုတဲ့ဇနီးချောလေးနဲ့နို့စို့အရွယ် သားလေးတစ်ယောက်ရှိပါတယ်။
ကိုလူအေးဟာ သူ့သားနဲ့ဇနီးကိုအရမ်းချစ်ပါတယ်။သူ့သားလေးအိပ်ချိန်ဆိုရင်
ပုခတ်လွှဲပြီး "ဘယ်သူမရော ဖေ့သားချော"ဆိုပြီးချော့သိပ်တက်ပါတယ်။အဲသည်
လို့ချော့သိပ်တက်မှန်းသိတော့ ရွာထဲက ကာလသားများဟာ ကိုလူအေးကိုအမြင်
ကပ်လာတဲ့အတွက် တစ်နေ့သူ့ကလေးကို "ဘယ်သူမရော ဖေ့သားချော"လို့ပုခတ်လွှဲချော့သိပ်နေချိန်အိမ်ရှေ့မှာဖြတ်သွားရင်းနဲ့"ရောတိရောရာ
တို့လည်းပါပေါ့..ရောတိရောရာတို့လည်းပါပေါ့" လို့ဝိုင်းအော်ပြီး သွားကြသတဲ့။
ကိုလူအေးမျက်နှာ သုန်မှုန်သွားတာပေါ့။ချက်ချင်းပဲ သူမိန်းမ မယ်မြကိုမေးလိုက်တယ်။
"ဟဲ့..မယ်မြ..နင့်ကောင်တွေအော်သွားတာကြားလား။ပြောစမ်း..နင်ကငါနဲ့မရခင်တုန်းက ဘယ်ကောင်တွေနဲ့ရှုပ်ထားလဲ။"
"အလိုတော်..ကိုလူအေးရယ်..တော်ကလွဲလို့ ကျုပ်ဘယ်သူတဲ့ဘာဖြစ်ခဲ့ရမှာတုန်း
တော့်"
အဲသည်လို မယ်မြကပြန်ဖြေလိုက်တော့ ကိုလူအေး'ဟတ်'ထိပြီး ကျေနပ်သွားတယ်ဗျို့။
ဒီလိုနဲ့ နောက်နေ့တွေလည်း ကလေးကို အရင်အတိုင်းပဲပုခတ်လွှဲချော့သိပ်တာပေါ့။
ကာလသားတွေကလဲ အိမ်ရှေ့ကဖြတ်သွားပြီး :"ရောတိရောရာ တို့လဲ့ပါပေါ့..ရောတိရောရာ
တို့လဲပါပေါ့" အော်ကြတာပဲ။
ဒီတစ်ခါတော့ ကိုလူအေးက အားကျမခံပြန်အော်လိုက်တဲ့စကား
ကြောင့် ကာလသားများနောက် မစနိုင်လောက်အောင်ဖြစ်သွားကြတယ်..။
ကိုလူအေးပြန်ပြီးချေပအော်လိုက်တဲ့စကားကလည်းနားထောင်ကြည့်ဦးလေ...။

"ပါ ပါသော်ကား..ငါသာများ ကွ...။ပါ ပါသော်ကား ငါသာများကွ.."

(ဟီးဟီး..ရယ်သောသူသည်...............ဟိုဒင်းရှည်၏။  "အသက်"ကိုပြောတာ။)

ကိုကိုခန့်ချောဂြီး

Posted by ကိုကို ခန့်ချောကြီး on


Posted by ကိုကို ခန့်ချောကြီး on Thursday, August 1, 2013



သိပ်လှတယ် ခင်ရယ်.......
ဟန်ချက်ညီညီ ရွေ့လျှားနေတဲ့
ဆင်မယဉ်သာခြေလှမ်းတွေ အောက်မှာ
ငေးမောကာ ကြည့်နေရင်း
ငါ့နှလုံးသား သောင်ပြင်
နင်းဖြတ်ကာ မင်းလျှောက်စဉ်မှာ
အလဲလဲ အပြိုပြိုနဲ့
သူ့အလိုလိုပင် ကျရှုံးးးနေခဲ့ခြေပြီ.....။

ပန်းးလေးတစ်ပွင့်ပါ....ခင်...
ကမ်းလင့်ကာ ပန်ဆင်ပေးပါရစေ
တပါတ်လျှို ဆံမြိတ်ဖြာ
ပိတုန်းရောင် ခင့် ကေသာမှာ
ဝင့်ထယ်စွာ နေရာလေးရရင်ဖြင့်
လှကေသာ အလှတိုးရအောင်
အရောင်မဆိုးတဲ့ အလှမျိုးနဲ့ပေါ့
ဆံကေသာ ရနံ့တိုးရအောင်
ထာဝရ မညှိုးနွမ်းဘဲ.....
လန်းမြဲ လန်းးဆဲ လန်းနေတဲ့
ရနံ့သင်းးပန်းတစ်ပွင့်..........အဖြစ်....
ခင့် ကေသာ မှာ....ဆင်မြန်းခွင့်ပေးပါ

ခင် ပန်မယ်ဆို
ကေသာ အတွက် ပန်းတစ်ပွင့်
ကိုယ်ဖြစ်ခွင့်ရခြင်တယ်.....

( သည်ကဗျာလေးကို နတ်မှောင်ပိတုန်းရောင် အလှဆောင်တဲ့ ကေသာဆံမြိတ်
လှနေသူအတွက်..... အမှတ်တရ အနေနဲ့..... 26-7-2013 နေ့တွင်...ရေးဖွဲ့
စပ်သီခဲ့ပါတယ်..... )

အောင်အောင်(မကစ)
ဘလော့ခရီးသည်

Posted by Unknown on
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter