Showing posts with label blogger post. Show all posts
Showing posts with label blogger post. Show all posts


သည်နေ့တင်တဲ့ သည်ပို့စ်လေးကတော့ ဘလော့ကာလောကထဲစ၀င်လာတဲ့ ၀ါသနာရှင်လေးများအတွက် အဓိကထားရေးလိုက်တာပါ။ ၀ါသနာပါလို့ ကဗျာတွေ စာပေတွေ ၀င်ရေးကြမယ်ဆိုရင် အဆင်ပြေစေရန်အတွက် ရည်ရွယ်လိုက်တာပါ။  သိပြီး တတ်ပြီးသူတွေအတွက်တော့... ကျော်ခွ သွားလိုက်ပေါ့...ကဲ စမယ်နော်..

အဆင့် (၁) ။                     ။  ပထမအနေနဲ့ www.blogger.com ကိုဝင်လိုက်ပါ။

အပေါ်ကပုံလေးတိုင်း မိမိတို့ ဘလော့ကာ အကောင့် အတိုင်းဝင်လိုက်ပါ။

အဆင့် (၂)  ။                     ။

အပေါ်ပုံကတိုင်း ပို့စ်တင်မယ်ဆိုရင် ခဲတံအ၀ါရောင်လေးဖြစ်တဲ့ New Post ကိုကလစ်လိုက်ပါ.
သူ့ဘေးက ပြထားတာလေးကတော့ တင်ပြီးသော ပို့စ်များကို ပြန်လည် ကြည့်နိုင်တာပါ..
မကြိုက်လို့ အမှားရှိလို့ ပြန်လည် ပြုပြင်လိုပါက ပြုပြင်လိုသော ပို့ခေါင်းစဉ် အောက်မောက် ထောက်ပါ  Edit  ဆိုတာလေးကလစ်ပြီး ပြန်လည် ပြင်ဆင်ရေးသားနိုင်ပါတယ်...

အဆင့် (၃)  ။                  ။

မိမိတို့ ရေးလိုသော စာများ ကို ရေးလိုက်ပါ.. ကော်ပီ ယူလာပါကလဲ အကွက်ကြီးးထဲမှာ ဘဲ past ချလိုက်ပါ... မိမိတို့ စာသားရဲ့ ခေါင်းစဉ်ကို အထက်က Publish ရှေ့က post title ဆိုတဲ့ အကွက်လေးထဲမှာဘဲ ရေးသားရပါမည်... ခေါင်းစဉ်ကို အကွက်ကြီးထဲ တွင် မရေးရပါ။
စာသားတွေကို လိုအပ်သလို အပေါ်ပုံပြထားသည့်အတိုင်း ကာလာ -အရွယ်အစား- နောက်ခံကာလာ- လုပ်စရာတော့ အစုံပါဘဲ  ဒါပေမယ့် အရေးပါတာလေးလောက်ဘဲ သုံးပါ ကာလာဆိုတာကလဲ အရေးပါတဲ့ စာလုံးလောက်ဘဲ ချယ်တာ ကောင်းပါတယ်...
ပြီးတာနဲ့ ညာဘက် က Labels ဆိုတာကလစ်ပါ.. သူကတော့ ကိုယ်တင်တဲ့ စာပေရဲ့ အမျိုးအစား ကိုရေးပေးရပါမယ်.. ဥပမာ။  ။  ကဗျာတင်တာဆို ကဗျာ လို့ရေးရမှာပါ.. ရေးပြီးသားတွေ ရှိပါက အောက်က ရှာလိုက်ပါ ရှိပြီးသားကို ကလစ်ပေးယုံပါဘဲ  အောက်က Done ပေးလိုက်ပါ။
အိုကေ... ပြည့်စုံတာနဲ့ တင်မယ်ဆိုရင်  အပေါ်ဆုံးက title နောက်က Publish ဆိုတာကို ကလစ်တင်လိုကတာနဲ့ ဘလော့ပေါ် ရောက်ပါပြီ။

မှတ်ချက် .  ။     ။  ပို့စ်တင်တဲ့အခါ လုပ်နိုင်သော အချက်အလက်လေးများ ရှင်းပြထားခြင်း။


(၁) စာလုံး အကြီးအသေး ရွေးရန်။   (၂)  စာလုံး အထူအပါး   (၃) စာလုံးအစောင်းဒီဇိုင်း
(၄) စာလုံးအောက်ကမျဉ်းတားရန်    (၅)  စာလုံးအရောင်ကာလာ  (၆)  စာလုံးနောက်ခံကာလာ
(၇)  လင့်ညွှန်ရန်         (၈)  ပုံတင်ရန်    (၉)  video တင်ရန်    (၁၀) ပို့စ်ခေါက်ရန် 
(၁၁) စာလုံးများ ညီအောင် ညှိရန်     (၁၂)  စာကြောင်းတွေကို နံပါတ် နဲ့ပြရန်
(၁၃)  စာကြောင်း ရှေ့က အမဲစက်လေးနဲ့ ပြရန်..

အကုန်တော့ မလိုအပ်ပါဘူးးး  အမြဲ လိုအပ်တဲ့ ဟာကိုဘဲ  သုံးပါ.. ကာလာ ဆိုတာကလဲ အရေးပါတဲ့ စာလုံးလေးကိုဘဲ ရွေးပြီး ချယ်သင့်တာပါ။ အဓိက ကျတာလေေးတွကိုဘဲ လုပ်ကြည့်ပါ။
မရှင်းတာရှိပါက စာချန်မေးခဲ့နိုင်ပါတယ်....  စေတနာ များစွာဖြင့်
အောင်အောင်(မကစ)
www.aungsanmks.blogspot.com
www.ledimyethar.blogspot.com
တို့ရဲ့ c-box မှာ မရှင်းတာရှိပါက ရေးသားခဲ့နိုင်ပါတယ်....


Posted by Anonymous on Sunday, July 7, 2013
1 comments
categories: | | edit post

ကဲ  မိတ်ဆွေတို့ရေ... သည်ပို့စ်လေးအတွက်နဲ့ သိတတ်ထားသူတွေက  လုံးဝ စိတ်မရှုပ်စေခြင်ပါဘူးး ညီလေး တယောက်ကတောင်းဆိုထားလို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်...
ဘလော့တွေ ရေးခြင်ပေမယ့် ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အတွက် ကူညီပါဆိုလို့ သေခြာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ရခြင်းပါ... အဓိကတော့..အဲတောင်းဆိုထားတဲ့
ညီလေး  တေဇာအောင်  အတွက်ပါဘဲ...
ပထမဆုံး www.blogger.com မှာ မိမိတို့ အကောင့် တစ်ခုနဲ့ ဘေလာ့တစ်ခုရအောင် ၀င်လုပ်ရပါ့မယ်.. ဘလော့စတင် တည်ထောင်နည်းကို   သည်နေရာမှာ  လေ့လာနိုင်ပါတယ်..
ကဲ ဘလော့တစ်ခု ရပြီဆိုပါစို့...ပို့စ်တင်တဲ့အပိုင်းကို စကြမယ်နော်..
ပထမဆုံး www.blogger.com  ကိုဝင်လိုက်ပါ လုပ်ထားတဲ့ အကောင့်နဲ့ ၀င်လိုက်ပါ..သည်လိုလေးတွေ့မယ်...
အဆင့်  (၁)...........


ပုံထဲမှာလဲ ရှင်းပြထားပြီးမို့ ထူးထွေမပြောတော့ပါဘူးနော်...
အဆင့်  (၂)    .........................


ပုံကို ကလစ်ပြီ အထဲကစာတွေ သေခြာ ဖတ်လိုက်ပါနော်... သေခြာရှင်းထားပါတယ်..
အပေါ်တန်းက ဟာလေးတွေကို လိုသလို စမ်းသတ်ကြည့်ပါ.. ပုံတင်တာတွေ ဗွီဒီယိုတင်တာတို့
ပါတယ်...နောက်တော့ ဖြစ်သွားမှာပါ.. လောလောဆယ် ပို့စ်တင်နိုင်အောင် လေ့ကျင့်ပါ...

အဆင့်  (၃)  ............................




အဆင့် (၃) ကတော့ Html ဆိုတဲ့ ကုဒ်တွေ တင်တဲ့နည်းပါ... ကုဒ်တွေတင်မယ်ဆိုပါက ဦးဆုံး အပေါ်က html ကိုကလစ်ပါ ကျလာတဲ့ ကုဒ်လေေးတွ ဖျက်ပါ.. မိမိတို့ တင်လိုတဲ့ ကုဒ်တွေကို ထည့်ပေးလိုက်ပါ... ပုံရဲ့ ကုးဆိုပါက compose ကလစ်တာနဲ့ ပုံပေါ်လာမယ်... ဇယားလေးတစ်ခု ဥပမာ ပြထားပါတယ်... ဆက်ကြည့်ပါ..

အဆင့်  (၄)......................


အပေါ်က ဇယားကုဒ်လေးထည့်ပြီး compose ကလစ်လိုက်တာ ခုလိုလေးဇယားကွက်လေး ကျလာပါတယ်... အဲအကွက်ဘောင်လေးထဲမှာ မိမိတို့ ကုဒ်တွေကို ထညိ့ပေးလိုက်ပေါ့..စာသားတွေဆိုလဲ ရပါတယ်.. ကော်ပီယူ past ချလိုက်ပါ.. ဘေးက ဆွဲချ ဆွဲတင်တာလေး အလိုလို ပေါ်လာမယ်... ဇယား အပေါ်နဲ့ အောက် မှာ စာသားတွေ ရေးဖို့
မောက်ချမရဘူးဆိုပါက  html ပြန်ကလစ်ပါ... ကုဒ်တွေအပေါ်ဆုံးကနေ နဲနဲ ခြာပြီး စာလေးတလုံးလောက်ရေးခဲ့ပါ... အောက်ဆုံးးလဲ အဲတိုင်းက့ဘဲ... compose ပြန်ကလစ်ပါ.. ရေးထားတဲ့ စာလုံးလေးတွေက နေရာ ယူထားပေးပါလိမ့်မယ်..
အဆင်ပြေတာနဲ့ labels ကို အမျိုးစားထည့်ပါ.... အားလုံးပြည့်စုံတာနဲ့ Publish ဆိုတဲ့ အ၀ါရောင် ထိပ်ကဟာကို ကလစ်လိုက်ပါ  ဘလော့ပေါ်ရောက်နေပါပြီ..

ပို့စ်တင်နည်း ထပ်မံလေ့လာလိုပါက  သည်မှာ     လေ့လာလိုက်ပါ..
ဆိုဒ်ဘားအတွက် ကုဒ်တွေ layout >> java/script ကနေထည့်လိုပါက  သည်မှာ လေ့လာပါ။
ဘလော့အတွက် လိုအပ်သမျှတွေ အလွယ်တကူ ကြည့်လို ရှာလိုက သည်မှာ  သွားလိုက်ပါ။

ကဲဗျာ အချိန်လင့်နေပြီ  အိပ်တော့မယ် အားလုံူး အဆင်ပြေ ကြပါစေလို့ ဆုတောင်းးရင်း.......

အောင်အောင် (မကစ)

Posted by Anonymous on
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter