ဆံပင်၏ကောင်းခြင်းသည် အမျိုးသမီးတို့ ၏ ပင်ကိုယ်အလှ ၈ မျိုးတွင်
တစ်မျိုးအပါအ၀င်ဖြစ်၏။ လူတစ်ယောက်လျှင် ဆံပင်ပေါင်း တစ်သန်းခွဲခန်
့မျှရှိသည်။ ထိုဆံပင်သားတို့ သည်လည်း အမျိုးမျိုးရှိ ရာ
ထိုဆံသားများအလှအတွက် အလှအမျိုးမျိုးဆင်ယင်ကြသည်။
မြန်မာတို့ ၏အယူအဆတွင် မိန်းမတို့ ဘုန်းဆံထုံး ဟု အဆိုရှိခဲ့သည်။
ထိုဆံထုံးများကို ထုံးဖွဲ့  ရာတွင်လည်း စံတင်လောက်သော
ထုံးနည်းများရှိခဲ့ပါသည်။
"-အစောတို့ လေ၊ ရတနာထွေ၊ ရွှေမိုးဃ်းစွေ၍၊ သပြေမည်ခံ
ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့ ၊ မုနောဇမ္ဗူ၊
ခံတော်မူက၊ (၁) မြိတ်ဖြူ၊ (၂) မြိတ်စို့ ၊ (၃) သွယ်ညို့ မြိတ်လွတ်
(၄) ရစ်ပတ်စုလည်း၊ (၅) ရော့ရည်းဖွဲ့ ၊ (၆) တုမဲ့ရွှေရောင်တိမ်တောင်တက်သတ်
(၇) လျှပ်စစ်ပြက်သို့ ၊ (၈) စ၀ှက်ရောင်ပြေ၊ (၉)နှင်းသွေးမစို့ 
(၁၀) ကြာညိုဝစ္ဆံ၊ (၁၁) ဓူဝံနိုင်ရှည် ရှုကြည်မငြီး ၊ (၁၂) ဦးပြီးရွှင်ပျော်
(၁၃) ဇင်ယော်တန်းဝဲ၊ (၁၄) ပုလဲကိုးပုန်း၊ (၁၅) ဂမုံးငုံအာ
(၁၆) လေသာဝေ့လည် ၊ (၁၇) ခြူခြည်မတင်၊ယကင်တုံးတုံး (၁၈) လုံးတင်၊
(၁၉) ခရုချောင်း၊ (၂၀) ထုံးကြောင်၊ (၂၁) ထုံးကြာ
(၂၂) ရေးပါမြိတ်စို့ ၊ (၂၃) အောင်မျှို့ နိမိတ်၊ မြိတ်ရစ်လှပ၊ (၂၄)
ကရ၀ိကနှုတ်သီး
(၂၅) ဆိတ်သမီးနှင့်၊ (၂၆) ဖြန့် ပြီးဆယ်ထွေ၊ (၂၇) နေအရုဏ်ခံ
(၂၈) ညဥ့်ယံသောက်ရှုး၊ (၂၉) တိမ်ဦးနဂါး၊ (၃၀) လေးပါးရာသီ
(၃၁) နှိုင်းပြီစံလွတ်၊ (၃၂) နဂါးပတ်ကြော့ကွင်း၊ (၃၃) နန်းတွင်းမဉ္ဖူ
(၃၄) ထွက်ပြူမုတ်ဝ (၃၅) ပဒုမသိဒ္ဓိ၊ (၃၆) မဏိကိုးပါး
(၃၇) ချယားပွင့်သေး၊ (၃၈) ယုန်ရေးလ၀ယ်၊ (၃၉) နေလယ်ဥဒေါင်း
(၄၀) သုံးချောင်းခြူးရှက်၊ (၄၁) စရှက်ရောင်ချော၊ (၄၂) သဘောင်္တမ်းခွန်
(၄၃) အန္တဖုသျှ၊ မောရဂီဝါ (၄၄)ဟင်္သာစာခွံ့ ၊ (၄၅) ပုဇင်းတောင်ဖြန့် 
(၄၆) သည်းညွန့်လက်သင် (၄၇) ကွမ်းလင် (၄၈) နောက်တွဲ
(၄၉) မုတ္တရွဲနှင့်၊ (၅၀) ပုလဲကွန်ချာ၊ (၅၁) ရတနာမဏ္ဍိုင်
(၅၂) ပွင့်ဆိုင်ပုဏ္ဍရိတ် ၊ (၅၃) နဂါးအိတ်လေးထောင့်၊ (၅၄) ရှစ်မြှောင့်
(၅၅) ပြန်ကာဘက်---ပန်းရှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ၊ မြင်ကစံကျော်၊
နှိုင်းမမြော်ကို၊ လွှမ်းတော်မမူလည့်ပြီလော၊ ဘော်ချင်းတို့ လေ၊ ဘော်ချင်းတို
့"
အထက်ပါ အဏ်ချင်းလေးက အင်းဝခေတ်က ရဝေရှင်ထွေးရေးခဲ့ပြီး ရှေးပုဂံမင်းတို
့လက်ထက် အသုံး ပြုသော ဥသျှောင်ထုံးနည်း ၅၅ မျိုးကိုကဗျာလင်္ကာဖြင့်
ဖော်ပြထားခြင်းဖြစ်ပါသည်။
ရှေးခေတ်ရှေးအခါက အပြုအမူများကို မေ့ပျောက်မသွားရအောင် အမှတ်တရဖွဲ
့ဆိုထားခဲ့သောထူးခြား သည့် ကဗျာကောင်းတစ်ပုဒ်ဖြစ်ကြောင်း ပညာရှိတို
့သတ်မှတ်ခဲ့ကြသည်။ သို့ သော်လည်း ညောင်ရမ်း ခေတ်သို့ ရောက်သောအခါ
ဆံပင်ထုံးနည်းမှာ ၃၇ မျိုးသာကျန်တော့ကြောင်းမှတ်သားဖူးပါသည်။
ကုန်းဘောင်ခေတ် ဘကြီးတော်လက်ထက်တွင်မူ ၇ မျိုးသာရှိတော့သည်။ ၄င်းလက်ထက်တွင်
နှမ တော်၊ တူမတော်၊ သမီးတော်၊ မင်းသမီးတွေအတွက် ဆံထုံးမင်္ဂလာကျင်းပတာကို
ရွှေတိုက်တော်က ထုတ်ပေးရသော ရွှေစာရင်းတွင် ရေးမှတ်ထားကြသည်။
၁-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်ဖြူ ဆံထုံး
၂-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်စုံ ဆံထုံး
၃-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်လွတ် ဆံထုံး
၎-ရွှေသားပတ္တမြား ၂- ရစ်စီ စုလည်း ဆံထုံး
၅-ရွှေသားပတ္တမြား ၂- ရစ်စီ ယဂင် ဆံထုံး
၆-ရွှေသားပတ္တမြား ၂- ရစ်စီ လုံးတင်ဆံထုံး
၇-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်ယစ် ဆံထုံး ဟူ၍ ဆံထုံး ၇ မျိုးထုံးတာကို
မှတ်တမ်းရေးခဲ့ကြသည်။
ထို ၇ မျိုး၏ထုံးဖွဲ့ မှုကို လင်္ကာဖြင့် -
" ရွှေနန်းသုံးကို၊ ပိုက်ကျုံးမှတ်ယူ၊ သိတော်မူလော့၊ မြိတ်ဖြူညို့ ညို့ 
မြိတ်စို့ ထွတ်ထွတ်၊ မြိတ်လွတ်မည်းမည်း၊ စုလည်းရွှင်ရွှင်၊
ယဂင်ထုံးထုံး၊ လုံးတင်သစ်သစ်၊ မြိတ်ရစ်မြိတ်ခံ၊ မျက်ပျံရတနာ၊
သိင်္ဂါရွှေသား၊ ပတ္တမြားရောင်ပြုံး၊ ခုနစ်လုံးသည် ဆံထုံးမင်္ဂလာတင့်ရွှန်းတည်း "
ဟု ဖွဲ့ ဆိုခဲ့ပါသည်။
မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၇ ခုနှစ်လောက်မှာ သမီးတော်စုဖုရားလေးနဲ
့အခြား မင်းသား၊ မင်းသမီးတို့ ကို ဆံထုံးထုံး(မိန်းမအတွက်) ဦးသျှောင်ထုံး
(အမျိုးသားအတွက်) မင်္ဂလာတွေ ဆင်ယင်ကျင်းပသောအခါ ဆံထုံး ၇ မျိုးအတွက်
မင်္ဂလာစကား ၇ မျိုးကို လျှောက်တင်သောအခါ
၁။ ဆံထုံးတော်မြိတ်ဖြူ - နတ်တူစိုးမည့်သူပါဘုရား
၂။ ဆံထုံးတော်မြိတ်စို့  - နတ်သို့  တင့်တယ်မည့်သူပါဘုရား
၃။ ဆံထုံးတော်မြိတ်လွတ် - နန်းထွတ် စံမည့်သူပါဘုရား
၎။ ဆံထုံးတော်စုလည်း - ပစ္စည်းရတနာ ပွားမည့်သူပါဘုရား
၅။ ဆံထုံးတော်ယဂင် - နန်းတွင် စံမည့်သူပါဘုရား
၆။ ဆံထုံးတောလုံးတင် - လ,သွင် တင့်မည့်သူပါဘုရား
၇။ ဆံထုံးတော်မြိတ်ရစ် - သက်ဆစ်ရာကျော် ရှည်တော်မူမည့်သူပါဘုရား ဟု
ဆိုင်ရာအမူထမ်း များက လျှောက်ထားကြရသည်ဟုဆိုသည်။
စုဖုရားလတ် မိဖုရာမဖြစ်မီ မြတောင်မင်းသမီးဘ၀က ဆံထုံးကို
စောင်းထုံးလေ့ရှိခဲ့သည်။ ပါတော်မူပြီးနောက်ပိုင်း စုဖုရားလတ်ဆံထုံးဆိုပြီး
အမျိုးသမီးများက ဆံထုံးကို စောင်းထုံးလေ့ရှိခဲ့ ကြောင်း လူကြီးသူမတို့ က
ဆိုပါသည်။
ဤသို့ ထူးခြားပြီး လေးနက်သော အနက်တို့ ဖြင့် ထင်ရှားခဲ့သော မြန်မာတို
့၏ဆံထုံးထုံးနည်း များကို ယခုအခါစာအသွင်ဖြင့်သာ ကျန်ရစ်နေတော့လေသည်။
ဧပရယ်ဆွေဆွေ
0 comments