• ဝေသမျှ မကြွေတဲ့ပန်းပါ
မင်းမနမ်းချင်လည်း ပွင့်ခဲ့ပြီလေ …..
• စိမ့်ထွက်သမျှ မခမ်းတဲ့စမ်းပါ
မင်းမသောက်ချင်လည်း စီးခဲ့ပြီလေ …..
• ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လည်း သီခဲ့ပြီလေ …..
• မြူတိမ်ကင်းပြီး သာတဲ့ “လ” ပါ
မင်းအိပ်နေလည်း လင်းခဲ့ပြီလေ ….
• တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တခုဖြစ်ချင်ပါတယ်။
မျက်နှာမသစ်တောင်မှ
(မင်းမောတဲ့အခါ …..)
ခြေဆေးလို. ရအောင်ပေါ့ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
Posted by Unknown on Wednesday, July 31, 2013
0 comments
categories: | | edit post
အခန်း - ၁
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော ……
အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ
အဆုံးစီရင်သွားတာ။
လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖပေမယ့် အတွေးကောင်းရှာတယ်။ ဟို
စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လပျော်ချင်
မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊တစ်သက်လုံး ပျော်ချင်
လူပျိုကြီးပဲလုပ်-တဲ့။ အင်း ..ကြက်ဖ ခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့
တူပါတယ်။င်္
အခန်း - ၂
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးလိုက်လာသော ကြက်ဖကို ကားတိုက်သွား သည်။
အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင်တော့ ထပ်ရှာရဦးမှာပဲ။
အပျိုကြီးအတွေး – ရှေ့မကြည့် နောက်မကြည့်လိုက်တာကိုး။သေတာတောင်နည်းသေး။
လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။
လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ်သက်လုံးနေရခက်ပြီ။င်္
အခန်း - ၃
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။
ကံဆိုးစွာပင် ပြေးနေသောနှစ်ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။
အပျိုလေးအတွေး – အစကတည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။
အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။
လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့်တယ်။
လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္
အခန်း - ၎
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း ….လူတွေက မျိုးစုံတွေး
မျိုးစုံပြောနေကြလေသည်။ ဟိ..ဟိ..။
(အကြည်တော်) -
Posted by Unknown on
0 comments
categories: | | edit post
ကန်ရေပြင်ကိုဖြတ်တိုက်လာသော လေနုအေးအေးကကျွန်မတို့ စားပွဲဆီသို့  ဝေ့ကနဲရောက်ရှိလာတဲ့အခိုက် ကျွန်မ လေကို အားရပါးရ တ၀ကြီးရှူလိုက်မိပါသည်။ အရမ်းလတ်ဆတ်ကာ သန့် ရှင်းသောလေလေးပါ။ ကျန်းမာရေး လိုက် စားသော ခါဆူကီလည်း ထိုလေကို မျက်စိမှိတ်ရူသွင်းနေသည်ကို တွေ့ ရသည်။
    ဟုတ်ပါတယ်။ ခေတ်မှီဖွ့ံဖြိုးမှုရဲ့ နောက်ကွယ်မှ သဘာဝယိုယွင်းမှုများစွာရှိနေတာမို့  စစ်မှန်သော သဘာဝ အလှတို့ သည် တဖြည်းဖြည်းနှင့် ယိုယွင်းလာနေပါသည်။ အချိန်ကြာလာသည်နှင့်အမျှ သဘာဝတရားများသည်သာ တန်ဖိုးရှိသောအရာများပြန်ဖြစ်လာတော့မည်။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်သာတည်း။
    " ကဲ…..ကဲ….ဒီနေ့ ဘာလေ့လာမလဲ "
မျိုးမျိုးက စကားစလိုက်ချိန်မှာ ကျွန်မတို့ နှစ်ယောက်လုံး ခါဆူကီထံ အကြည့်ရောက်သွားပါသည်။ ခါဆူကီက ဂျပန် အမျိုးသားတစ်ဦးဖြစ်သည်။ မြန်မာစာနှင့် မြန်မာဓလေ့ထုံးတမ်းများကို လေ့လာလိုသူမို့  ကျွန်မနဲ့ မျိုးမျိုးက ကူညီပေး နေခြင်းပါ။ အသက် ၅၈ နှစ်အရွယ်ရှိသော ထိုဂျပန်အမျိုးသားကြီးသည် အသက်ကွာခြားသော်လည်း ယဉ်ကျေးမှုရှိ လှစွာ ကျွန်မတို့ နှင့်တွေ့ လျှင် မြန်မာဓလေ့အတိုင်း လက်အုပ်ချီကာ မင်္ဂလာပါလို့  နှုတ်ဆက်တတ်သည်။
    ဒီနေ့ ညနေပိုင်းကို ကန်ဘေးရှိအကြော်ဆိုင်တွင် ထိုင်ရင်း စကားပြောကြခြင်းဖြစ်သည်။ ကျွန်မတို့ က သင်ပေး တယ်လို့ ပြောပေမယ့်လည်း ခါဆူကီထံမှ ပြန်သင်ခဲ့ရသည်ကများလှပါသည်။ ကျွန်မနဲ့ မျိုးမျိုးက အကြော်စားမယ်လို့  တိုင်ပင်တော့ အကြော်တစ်ခုမှာပါသော ကယ်လိုရီကိုတွက်ပြတာမို့ တခြားစားစရာတစ်ခုကို မှာစားလိုက်ကြသည်။ ခါဆူကီကတော့ ရေနွေးတစ်ခွက်နှင့် ကော်ဖီမှုန့် ၊ သံပုရာသီးတစ်ခြမ်းသာမှာပါသည်။ သူက သကြားကရုပ်ကိုရင့်စေ တဲ့အတွက် သူ့ ရုပ်ရင့်မှာစိုး၍ မစားကြောင်း ဟာသနှောကာဆိုပါသည်။
    အနေအထိုင်၊ အစားအသောက် သတိထားတတ်သော ဂျပန်ဓလေ့ကိုလည်း သူ့ ဆီက ပြန်သင်ယူရပါသည်။
မိုးစက်ကလေးများ ရုတ်တရက်ကျလာတာကိုကြည့်ရင်း သူက-
" မနေ့ ကမိုးလေ၀သသတင်းနားမထောင်မိဘူး " လို့ ပြောသည်။ ခါဆူကီက ထိုစကားကို တောက်လျှောက်အဖြတ် အတောက်မရှိပြောသွားတာပါ။ ဒါကြောင့် ကျွန်မက မြန်မာဘာသာစကားတစ်လုံးကို အသံထွက်ရွတ်ဆိုလျှင် ၁မတြာ (၁ စက္ကန့် )ကြာကြောင်း၊ သို့ သော် တချို့ စကားလုံးလေးများသည် ၁ မတြာမပြည့်ကြောင်း( မတြာဝက်ခန့် သာရှိ၍) နောက်က ကပ်ပါလာသောစကားသံပေါ်တွင် ပို၍အားစိုက်ဆိုပေးရကြောင်း မိုးလေ၀သ စကားလုံးရှိ (၀ နှင့် သ) ကို ဥပမာပေးပြောပြပေးလိုက်ပါသည်။ ထို့ နောက် စကားလုံး အဖြတ်အတောက်များကို ရှင်းပြပေးလိုက်ရာ ခါဆူကီက နားလည်မှုမြန်စွာပဲ
" မနေ့ က မိုးလေ၀သသတင်း နားမထောင်မိဘူး " ဟု ပြန်ပြင်ပြောပါသည်။
    စကားကောင်းနေစဉ်မှာပဲ မိုးရွာလာတာကြောင့် ကောင်မလေးတချို့ ဆိုင်ထဲ ပြေးဝင်လာကြတာကို တွေ့ ရ သည်။ ကျွန်မနဲ့ ခါဆူကီရှေ့ တည့်တည့်မှ မိန်းကလေးတစ်ယောက် ထိုင်ချလိုက်ချိန်မှာ ကျွန်မ မျက်စိမှိတ်လိုက်မိပါ သည်။ " ဘုရား……..ဘုရား " စိတ်ထဲမှ ဘုရားတရင်း ခါဆူကီနှင့် မျိုးမျိုးကို မျက်နှာပူနေမိပါသည်။
    ဘောင်းဘီကို ခါးစပ်အထိအောက်ကျအောင်ဝတ်ထားသော ထိုကောင်မလေးထိုင်ချချိန်မှာ အမြင်မတော်တာ ကြောင့် ခါဆူကီကိုလည်း အားနာသွားမိသည်။ မြန်မာဓလေ့ထုံးတမ်းတွေကို လေ့လာနေတဲ့သူရှေ့ မှာမှ ဒီလိုမျိုးဖြစ်ရ သလား။ ခါဆူကီက နားလည်မှုရှိစွာ ကျွန်မကိုပြုံးပြကာ နေရာပြောင်းထိုင်လိုက်ပါသည်။ ရှေးက မြန်မာအမျိုးသမီးများ သည် သူတို့ ၏ အသားများကို လူမြင်မှာ အရမ်းစိုးရွံ့ ကြသည်။ ထမီကိုရှည်ရှည်ဝတ်ကာ ရင်ဖုံးလက်ရှည်လေးများ ၀တ်ဆင်တတ်ကြသည်။ ယခုခေတ်မှာတော့ မပေါ်-ပေါ်အောင်ဝတ်ရင်း အလှဟုထင်ကာ တန်ဖိုးပျက်နေကြသည်ကို မသိတော့။ ကျွန်မကတော့ ထိုနေရာကနေ အဝေးဆုံးကိုသာ ပြေးထွက်သွားနေချင်မိသည်။ အင်း…..မြင်သူကရှက် တော့လည်း မျက်စိမှိတ်ရုံအပြင် ဘာရှိသေးသနည်း။
    ထို့ နောက် ကျွန်မတို့ စကားဝိုင်းက ပြောင်းလဲခြင်းနှင့် ဖွံ့ ဖြိုးရေးဖြစ်စဉ်များဆီသို့ ရောက်သွားကြသည်။ ခါဆူကီက- ပြောင်းလဲခြင်းဆိုသည်ကို လူတိုင်းလုပ်သင့်ကြောင်း၊ လှပသောလိပ်ပြာလေးပင်လျှင် ပေါက်ဖတ်ဘ၀မှ သည် အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်ဖြင့် ရှင်သန်ကြီးပြင်းရကြောင်း၊ ထို့ အတူ လူတို့ သည်လည်း ပြောင်းလဲမှုရှိသင့်ရာ ထိုသို့ ပြောင်းလဲရာ
၁-Why        -ဘာကြောင့်ပြောင်းတာလဲ
၂-What    -ဘာရည်ရွယ်ချက်နဲ့ လဲ
၃-Where    -ဘယ်နေရာလဲ
၎-When    -ဘယ်အချိန်၊ ဘယ်တော့ပြောင်းမလဲ
၅-Who        -ဘယ်သူပြောင်းမလဲ
၆-How        -ဘယ်လိုပြောင်းမလဲ ဆိုသော အချက်များလိုအပ်ကြောင်း ပြောပြသည်။
    ခါဆူကီစကားအဆုံးမှာ ကျွန်မတို့ မြန်မာတွေအတွက် ပြန်စဉ်းစားနေမိပါသည်။ အပြောင်းအလဲတွင် စစ်မှန် သော လမ်းကြောင်းနှင့် မှန်ကန်သော အတွေးအခေါ်များ လိုအပ်နေပါသည်။ ဆက်ပြီး ဖွံ့ ဖြိုးမှုဖြစ်စဉ်အတွက်-
ဖွ့ံဖြိုးလိုသော ဆန္ဒအရင်ဆုံးရှိရမှာဖြစ်ပြီး အဲဒီတွက် လုံ့ လ၊ ၀ီရိယစိုက်ရမှာဖြစ်ကြောင်း၊ ဖွ့ံဖြိုးရေးနှင့်ပက်သက်သော ဆုံးဖြတ်ချက်များကို ခိုင်မာမှုရှိအောင်စိတ်ထဲတွင် တစိုက်မတ်မတ်စွဲနေစေပြီး စည်းကမ်းတကျလိုက်နာမှသာ ဖွံ့ ဖြိုးရေး အသီးအပွင့်ကို ခံစားရမှာဖြစ်တယ်လို့ ဆိုပါသည်။
    ခါဆူကီထံမှ အဖိုးမဖြတ်နိုင်သော စကားလုံးများကြားမိတဲ့ခဏမှာ ကျွန်မကြက်သီးတဖြန်းဖြန်းထမိပါသည်။ ဖွံ့ ဖြိုးမှုနှင့် ပြောင်းလဲခြင်းလမ်းမှားနေကြသော မြန်မာမိန်းကလေးများအတွက်လည်း စိုးထိတ်နေမိသည်။
    ဂလိုဘယ်လိုက်ဇေးရှင်း သဘောတရားအရ တားဆီးမရနိုင်သော Cross Cultureများသည်လည်း စက္ကန့် တိုင်း စီးဆင်းဝင်ရောက်နေပါသည်။ ခေတ်ရေစီးကြောင်းကို အကြောင်းပြကာ ၀တ်စားဆင်ယင်ထုံးဖွဲ့ မှုကို အရေးမကြီးပါဘူး ဟု သဘောထား၍မရပါ။ ကမ္ဘာ့ နိုင်ငံအသီးသီးတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုများ မပပျောက်စေရန် ကြိုးစားနေကြ သည်။ ဖွံ့ ဖြိုးမှုနောက်ကျနေသော မြန်မာနိုင်ငံတွင် ဖွံ့ ဖြိုးရန် နေရာများစွာတွင်လိုအပ်နေပါသေးသည်။ ထိုနေရာကို ကျွန်မတို့ လူငယ်တွေရဲ့ အားဖြင့် ဖြည့်မှသာ တိုးတက်နိုင်ပါမည်။ စက်မှုဖွံ့ ဖြိုးမှုတွင် ဂုဏ်ယူဝင့်ကြွားနိုင်မှုမရှိသေး သော်လည်း ရိုးရာလေးများဖြင့် ယဉ်ကျေးမှုဂုဏ်ယူနိုင်အောင် တည်ဆောက်သင့်ပါသည်။
    နိုင်ငံတကာက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာတော့မည့်အချိန်တွင် ကျွန်မတို့ က နည်းပညာများ၊ အတတ်ပညာများကို အကျိုးရှိရှိ သင်ယူလေ့လာ အသုံးချသင့်ပါသည်။ ထိုနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု များနှင့်အတူ နည်းပညာများ၊ ယဉ်ကျေးမှုများသည်လည်း ရောက်လာတော့မည်။ အရှုံးဖြစ်နိုင်သည့် ဆိုးကျိုးပြဿနာ များကို တတ်နိုင်သမျှ ဟန့် တားထိန်းသိမ်းရပါဦးမည်။ အရေးကြီးတာက ဘာလဲ မြန်မာမလေးများ သတိထားကြဖို့ လို လာပါသည်။
    အ၀တ်အစားဆိုသည်မှာ ရာသီဥတုနှင့် သင့်လျော်အောင်၊ခန္ဓာကိုယ်ကြီးသဘာဝတရားနှင့် လိုက်လျောညီထွေ ရှိအောင်၊ အရှက်တရားများ လုံခြုံအောင်ပြုလုပ်ထားသည့်အရာဟု ကျွန်မမြင်ပါသည်။
    ကျွန်မသည်လည်း မိန်းမသားပေမို့ လှချင်ပါသည်။ သို့ သော် ထိုအလှအတွက် ကျွန်မတို့ ဂရုစိုက်စရာ၊ ထိန်းသိမ်းစရာများစွာရှိနေပါသည်။ အပြောင်းအလဲများစွာနှင့် ခရီးဆက်နေပြီဖြစ်သော ယနေ့ မြန်မာနိုင်ငံတွင် မြန်မာ လူငယ်ကလေးများသည် နိုးကြားတက်ကြွ(Motivated)ဖို့ လိုနေသလို ကိုယ့်ကို ယုံကြည် စိတ်ချပြီး ဂုဏ်ယူနေဖို့ ( Self-esteem) လည်း လိုပါသည်။
    မလုံမလဲဝတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသော အလှအတွက် ကျွန်မတို့ ဘာကြောင့် ငွေကုန်၊ အချိန်ကုန်၊ သိက္ခာကုန်ခံနေမလဲနော်။ ခေတ်ကိုမှီရုံဆို မပြောလိုပါ။ရှေ့ ကိုအပြေးလွန်နေသည်ကတော့ တဆိတ်တော့ လွန်လွန်း နေကြသည်။ ဖုံးရမှာမှန်သမျှ အကုန်နီးပါးဖော်ပြထားသော ဒီနေ့ ဖက်ရှင်ဒီဇိုင်းများသည် နိုင်ငံရပ်ခြားတွင်တောင်မှ ရှိုးလျှောက်သောလမ်းပေါ်မှာသာ ၀တ်လို့ ရသည့်ဒီဇိုင်းများဖြစ်သည်ကို သတိထားသင့်သည်။ မြန်မာမျက်စိသည် မြန်မာအလှနှင့်သာသင့်လျော်သည်။ ချိတ်လုံချည်၊ ရင်ဖုံးပဲဝတ်ရမည်ဟု မဆိုလိုပါ။ အမြင်တင့်တယ်စေချင်တာပါ။ မြန်မာမိန်းကလေးတို့ ၏အလှကို အဆင့်အတန်းရှိစေချင်တာပါ။ အရိုးဆုံးသည် အဆန်းဆုံးဖြစ်နိုင်သည်။
ဒီနေ့ အဖို့ ကတော့ ခါဆူကီကို သင်ပေးခြင်းထက် ခါဆူကီက သင်ပေးလိုက်တာက ပိုများပါသည်။ လမ်းဘက်ကိုကြည့် လိုက်တော့ မိုးလည်းစဲသွားသလို ခုနက မိန်းကလေးများလည်း ရှိမနေတော့ပါ။ မျက်စိစိတ်ချမ်းသာသွားရပြီမို့  သက်ပြင်းလေးချကာရှိဆဲ ပလုံးပထွေး လျှာခလုတ်တိုက်လုမတတ် လုဆိုနေကြသောဘုရားစူးပါစေ့ (မြန်မာသီချင်းပါ) ဟု ကျိန်ရလောက်အောင် ဆူလှစွာသော မြန်မာမလေးများ၏သီချင်းသံက နားထဲသို့ ဝင်လာပြန်ပါသည်။
အင်း……
    ကျွန်မ သက်ပြင်းပဲချကာ ခေါင်းငုံ့ နေမိတော့သည်။
                                        ဧပရယ်ဆွေဆွေ
Posted by Unknown on Tuesday, July 30, 2013
ဗုဒ္ဓဟူသော အဓိပ္ပာယ်မှာ "သိသောသူ" သို့ မဟုတ် "၀ိဇ္ဇာဥာဏ်အလင်းရသူ" တနည်း "သဗ္ဗညုတ ဥာဏ်တော်ရပြီးသူ " ဖြစ်သည်။ ထိုသို့ ဆိုလျှင် ဗုဒ္ဓသည် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ကျင့်ကြံမှုဖြင့် သိစရာ ရှိသမျှကို အကုန်အစင်သိမြင်သော သဗ္ဗညုတ ရွှေဥာဏ်တော်ကိုရပြီး၊ သံသရာဝဋ်ဒုက္ခအပေါင်း၏ အဆုံးစွန် ဖြစ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့သည့် အတူမရှိ အတုမရှိသည့် လူသားတစ်ဦးသာတည်း။
    ကပိလ၀တ်နေပြည်တော် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရား မာယာဒေ၀ီ၏၀မ်းတွင် ၀ါဆိုလပြည့် ကြာသပတေးနေ့ တွင် ပဋိသန္ဓေယူသည်။ လုမ္ဗနီဥယျာဉ်တွင် ဖွားမြင်သည်။ ဖွားရက်မှာ သက္ကရာဇ် ၆၈ ခု (BC 623) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။
မွေးဖွားပြီးနောက် " ငါအဦးဆုံး၊ ငါအကြီးဆုံး၊ ငါအမြတ်ဆုံး " ဟူသော စကားကြီးသုံးခွန်းကို ကြွေးကြော်တော် မူခဲ့သည်။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက် ခုနစ်ရက်အရတွင် မယ်တော် မာယာစုတေသည်။ မယ်တော် မာယာစုတေရခြင်းမှာ သားဖွားခြင်းနှင့်စပ်သော ဒုက္ခကြောင့်မဟုတ်ပါ။ ဘုရားလောင်းတို့ ကိန်းဝပ်ရာ ၀မ်း တိုက်သည် နောက်ထပ်မည်သူမျှ ပဋိသန္ဓေမနေထိုက်သောကြောင့် စုတေရခြင်းဖြစ်ပါသည်။
    ဘုရားလောင်းကို သိဒ္ဓတ္ထဟုအမည်သညာမှည့်သည်။ ၁၆ နှစ်အရွယ်တွင် သုပ္ပဗုဒ္ဓမင်းကြီး၏သမီး ဒေ၀ဒတ်၏အစ်မ ယသော်ဓရာနှင့်လက်ထပ်သည်။ ရွှေနန်းသုံးဆောင်တွင် တလှည့်စီနေပြီး ထီးနန်းစည်းစိမ် ၁၃ နှစ်စံစားသည်။ ၂၉ နှစ်အရွယ်တွင် သူ၏နှလုံးသားဝယ် သစ္စာဥာဏ်အလင်း ထင်ဟပ်လေသည်။ သတ္တ၀ါ အပေါင်းသည် ခြွင်းချက်မရှိ သေခြင်းတရားကို ရင်ဆိုင်ကြရမည်။ ခပ်သိမ်းသော လောကီချမ်းသာတို့ သည် ဆင်းရဲခြင်း၏ ရှေ့ ပြေးဖြစ်ကြောင်းဆင်ခြင်မိလေသည်။ထို့ ကြောင့် ဒုက္ခအကြောင်းရင်းကို ရှာဖွေလိုသည့် ဆန္ဒ များပြင်းပြလာခဲ့သည်။ ထိုအချိန်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကိုတွေ့ ရကာ သံဝေဂဖြစ်ပြန်၏။ သက်တော် ၂၉ ၊ သားတော်လေး ရာဟုလာမွေးဖွားသည့်ညမှာပင် ကဏ္ဍကမြင်းကိုစီး၍ နောက်ပါ ဆန္ဒအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။
အနော်မာမြစ်ကမ်းအနီးတွင် ဆံတော်ကိုပယ်သည်။ (ထိုဆံတော်ကို သိကြားမင်းက တာဝတိံသာတွင် စူဠာမဏိဟူသော စေတီကိုတည်ခဲ့သည်။)ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာရှစ်ပါးကို လာဆက်သည်။ (သိဒ္ဓတ္ထ ၏ ၀တ်လဲတော်ကို ဗြဟ္မာပြည်တွင် ဒုဿစေတီကို တည်ခဲ့သည်။)
အလောင်းတော်မှတပါး မည်သူမျှ မစွမ်းနိုင် ကျင့်နိုင်ရန်ခက်ခဲ့သည့် ဒုက္ကရစရိယအကျင့်ကို ဥရုဝေလတောတွင် ၆ နှစ်ကြာမျှ ကျင့်ခဲ့သည်။ နောက်ဆုံးတွင် အစွန်းနှစ်ဘက်ရောက်နေသော အကျင့်တို့ ကိုပယ်ကာ မဇ္ဈိမ ပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ကို ရှာဖွေမိလေသည်။ ဒုက္ခအပေါင်း၏ ဖြစ်ကြောင်းရင်းမြစ် သမုဒယတရား မှာ ကိလေသာပင်ဖြစ်သည်ဟု ဥာဏ်တွင်သိမြင်လေပြီ။
သက်တော် ၃၅၊ (BC 588) အိန္ဒိယပြည် ဘီဟာနယ် ဂါယာမြို့ အနီး နေရဉ္ဖရာမြစ်ကမ်းရှိ ဗောဓိညောင်ပင် အောက်တွင် ဗုဒ္ဓ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘုရားဖြစ်သည့်နေ့ မှာ မဟာသက္ကရာဇ်အားဖြင့် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ။
ယင်းနေ့ မှအစပြု၍ ဗုဒ္ဓသည် ၄၅ ၀ါကာလပတ်လုံး နေ့ ညမနား လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့ အား သစ္စာနှင့် မဂ္ဂင်၊ ဓမ္မနှင့် ၀ိနယတို့ ကို မရပ်မနား ဟောကြားပြသ တရား ရေအေးတိုက်ကျွေးကာ ဆုံးမတော် မူခဲ့သည်။ သံသရာဝဋ်အပေါင်းမှ လွတ်မြောက်ရန်နှင့် ကိလေသာအညစ် အကြေးတို့ မှ ကင်းစင်စေရန် မိမိ ကိုယ်ကိုသာ မိမိအားကိုး ကျင့်ဆောင်ရမည်ဟုလည်း လမ်းပြတော်မူခဲ့သည်။
ဘုရားရှင် ၄၅ နှစ် ၀ါဆိုသော ဌာနေများမှာ-
ဝါဆိုစဉ်    ၀ါဆိုရာဌာန
၁-         ဗာရာဏသီ မိဂဒါဝုန်တော
၂- ၃-၄-     ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း
၅-         ဝေသာလီပြည်
၆-         မကုဠတောင်
၇-         တာဝတိံသာ
၈-         ဘဂ္ဂတိုင်း
၉-         ကောသမ္ဗီပြည်
၁၀-         ပါလိလေယျကတော
၁၁-         နာဠပုဏားရွာ
၁၂-        ဝေရဉ္ဖာပြည်
၁၃-         စာလိယတောင်
၁၄-         သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၁၅-         ကပိလ၀တ်ပြည်
၁၆-         အာဠ၀ီပြည်
၁၇-         ရာဇဂြိုဟ်ပြည်
၁၈-၁၉-     စာလိယတောင်
၂၀-         ရာဇဂြိုဟ်
၂၁ မှ ၄၄ -     သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၄၅- ဝေဠုဝရွာ တို့ တွင် ၀ါဆိုတော်မူခဲ့သည်။ မြတ်စွာဘုရားသည် ၀ါတော် ၂၀ ထိအမြဲနေလေ့မရှိဘဲ ထိုထိုမြို့  ရွာများသို့  လှည့်လည်ပြီးဝါဆိုတော်မူသည်။ထို့ ကြောင့်ဝါတော် ၂၀ထိ အနိဗဒ္ဓ၀ါ ဟုခေါ်ပါသည်။
၂၁ ၀ါမှ ၄၅ ၀ါထိနောက်ပိုင်း ၂၅ ၀ါအနက် ၂၄ ၀ါမှာ သာဝတ္ထိပြည်၌သာ အမြဲဝါဆိုတော်မူ၏။ နောက်ဆုံးဝါကို ဝေဠုဝရွာတွင် ၀ါကပ်တော်မူခဲ့သည်။ ထို့ ကြောင့် ထိုဝါတို့ ကို နိဗဒ္ဓ၀ါ ၂၅ ၀ါဟုဆိုပါသည်။
    ထို ၄၅၀ါကာလပတ်လုံးအတွင်း ဘုရားရှင်တို့ ပြုအပ်သော ဗုဒ္ဓကိစ္စငါးပါးကို နေ့ စဉ်အမြဲအောက်ပါ အတိုင်း ပြုကျင့်တော်မူခဲ့သည်။
၁- ပုရေဘတ္တကိစ္စ    =ဆွမ်းမခံမီ လူတို့ ကို တရားဟောတော်မူ၏။
၂- ပစ္ဆာဘတ္တကိစ္စ    =ဆွမ်းစားပြီးနောက် နေ့ လယ်ပိုင်းတွင် ရဟန်းရှင်လူတို့ ကို တရားဟောတော်မူ၏။
၃- ပုရေမယာမကိစ္စ    =ညဥ့်ဦးယံတွင် ရဟန်းတို့ အား တရားဟော၍ အမေးပုစ္ဆာကို ဖြေကြားတော်မူ၏။
၎- မဇ္ဈိမယာမကိစ္စ    =သန်းခေါင်ယံတွင် နတ်ဗြဟ္မာတို့အား တရားဟောတော်မူ၏။
၅- မစ္ဆိမယာမကိစ္စ    =မိုးသောက်ယံတွင် အချိန်သုံးပိုင်းထားကာ ပထမပိုင်း စင်္ကြသွား၊ ဒုတိယပိုင်း ကျိန်းစက်၊ တတိယပိုင်းတွင် ကျွတ်ထိုက်သော သတ္တ၀ါတို့ ကိုကြည့်ရှုတော်မူ၏။
သက်တော် ၈၀ ၊ ၀ါတော် ၄၅ ၀ါအရ သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ တွင် ကုဿိန္နာရုံပြည် မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။(ကုဿိန္နာရုံပြည်မှာ ယခုအခါ အိန္ဒိယပြည် ယူပီ ခေါ် ဥတ္တရာပရာဒေ့ရှ် (ဥတ္တရာပထဒေသ)အရပ်ဖြစ်ပါသည်။)
နောက်ဆုံးမှာကြားတော်မူသော စကားတော်ကား
"ချစ်သားတို့ …… နောက်ဆုံးစကားမှာကြားခဲ့မည်၊ ပြုပြင်မှုကြောင့်ဖြစ်သော သင်္ခါရတရားမှန်သမျှ ပျက်စီးတတ် သောသဘောရှိ၏။ မမေ့မလျော့ မပေါ့ဆသော သတိတရားနှင့်နေထိုင်ကြ " ဟူ၍ဖြစ်၏။
မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မလ္လာမင်းတို့ က ဦးဆောင်ကာ သင်္ဂြိုဟ်တော်မူသည်။ တေဇော ဓာတ်လောင်တော်မူသော နေ့ မှာ မဟာသက္ကရာဇ် ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ မီးသင်္ဂြိုဟ်ရာတွင် ပင်ကိုယ်အတိုင်း တည်ရှိနေသော ဓာတ်တော်များမှာ
ညှပ်ရိုးတော် ၂ ဆူ
စွယ်တော် ၄ ဆူ
နဖူးသင်းကျစ် ၁ ဆူ ပေါင်း ၇ ဆူဖြစ်သည်။ ဓာတ်တော်များကို ခုနှစ်ပြည်ထောင်မင်းများအား ဒေါနပုဏား ကြီးက ခွဲဝေပေးသည်။ အချို့ ဓာတ်တော်များကို အရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ တိုင်ပင်ပြီး စက်ယန္တယားအစောင့်ထားကာ သိမ်းဆည်းမြှပ်နှံထားခဲ့ရာ နောင်နှစ်ပေါင်း ၂၃၅ နှစ်အကြာ သီရိဓမ္မာသောက မင်းကြီးက တူးဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထားကိုးကွယ်ကာ သာသနာတော်ကြီး စည်ပင်ပျံ့ ပွားစေခဲ့ပါသည်။
လူတကာ နတ်တကာတို့ ထက်လွန်ကဲလျက် အမြတ်ဆုံး အမြင့်ဆုံးဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်အား ဤစာစုဖြင့် ပူဇော်ကန်တော့ပါ၏။
                                    ဧပရယ်ဆွေဆွေ
Posted by Unknown on
" နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံတိယော၊
လောဟိတာ လောဟိတာ စာဘာ၊ သြဒါတော ဒါတရံ သိယော " အသံကြည်ကြည်သာသာဖြင့် ရောင်တော်ဖွင့် ဘုရားပင့်နေသော ကြီးကြီးကို ယပ်ခပ်ပေးရင်း ကျွန်မ ဘုရားဆင်းတုကြီးဆီ အကြည့်ရောက်နေမိသည်။ ကြီးကြီးရွတ်နေတော် ရောင်ခြည်တော်တို့ သည် ဆင်းတုတော်ကြီး၏ မျက်နှာတော်ဆီမှာ ဖြာကျနေသယောင် ဖူးမျှော်မိသည်။
ကျွန်မတို့ လမ်းနှင့် မျက်နှာချင်းဆိုင်မှာ ၀မ်းတော်ပြည့်ကျောင်းတိုက်ကြီးရှိပါသည်။ သီတင်းကျွတ်ခါနီးတိုင်း ထိုကျောင်းတွင် ပဋ္ဌာန်းရွတ်ဖတ်ပွဲကို နေ့ ညမစဲ ၁၅ရက်တိုင်တိုင် ပြုလုပ်လေ့ရှိပါသည်။ ညစဉ် ၇ နာရီထိုးတိုင်း ကြီးကြီးက သွား ရောက်ရွတ်ဆိုပူဇော်လေ့ရှိရာ ကျွန်မက အမြဲနောက်ကလိုက်လေ့ရှိသည်။ ညနေဘက်တွင် စကြာပန်းဟုကျွန်မတို့ ခေါ်သော ပန်းဖြူဖြူကလေးများကို အဆုပ်လိုက်အဆုပ်လိုက်သီကာ ညဘက်တွင် ကြီးကြီးဘုန်းကြီးကျောင်းသွားတိုင်း လိုက်လှူကာ ကြီးကြီးရွတ်ဖတ်နေသံကြားရလျှင် ကျွန်မစိတ်ကြည်နှူးရသည်။
တကယ်တော့ ကျွန်မကြီးကြီးကို နှစ်သက်တာဆိုလို့  ထိုသို့ ဘုရားပင့်၊ ပဋ္ဌာန်းရွတ်ဆိုမှုနှင့် သီလစောင့်တည်တတ်သည့်  အလေ့များသာဖြစ်ပြီး ကျွန်မ မကြိုက်သည်က အတိုးပေးစားခြင်းဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် နားလည်မှုအပြည့်ဖြင့် ချေးငှားကြ သည်ဆိုသည့်တိုင် အတိုးသည် ချေးငွေ၏ ၅ ပုံ ၁ပုံ ဖြစ်နေသည်ကတော့ တော်တော်ကို များသည်ဟု ကျွန်မထင်သည်။ မရှိလို့ ချေးပါသည်ဆိုမှ နင့်အောင်ပေးရသည့်အတိုးက ၁၀၀ ယူလိုက်ကတည်းက ၈၀ သာမြင်ရသည်။ တရားစာတွေရွတ်၊ သီလတွေ ဥပုသ်တွေနေ့ တိုင်းစောင့်တတ်သည့် ကြီးကြီးသည် အတိုးပေးသည့်အချိန်တွင်တော့ မျက်နှာက အရုပ်ဆိုးလှသည်              တခါတလေ ရောက်လာနေကျအတိုး မရောက်လျှင်ဖြင့် ကျွန်မနှစ်သက်သော ဘုရားပင့်ကို ရွတ်ဆိုတတ်သည့် ကြီးကြီးနှုတ်ခမ်း များသည် ကြမ်းတမ်းသောစကားသံများထွက်ကာ မဲ့လိုက် ရွဲ့ လိုက်ဖြင့် သဏ္ဍာန်မျိုးစုံပြောင်းလဲနေတတ်သည်။
အသက် ၇၀ နီးပါးရှိလာသော ကြီးကြီးသည် မျက်ခမ်းအထက်တွင် အသီးလေးထွက်လာ၍ မန္တလေးသို့  သွားခွဲခဲ့သည်။ ပြန်ရောက်လာသောအခါတွင်မူ အရင်လို ကျွန်မအား ဓမ္မပုံပြင်များ မပြောပြတော့။ ငူငူ ငိုင်ငိုင်နှင့်သာရှိတော့သည်။ ဆေးစစ်ချက် အရ ကြီးကြီးခန္ဓာတွင် ဘာရောဂါမှ မရှိဟုဆိုပါသည်။ ဒါဆို ကြီးကြီး ဘာဖြစ်နေတာလဲ။
ကျွန်မ စာထိုင်ဖတ်တတ်သော ညောင်ပင်အောက်သို့  ကြီးကြီး ရောက်လာသည်။ လက်ထဲမှာလည်း ဇာဂနာအသေးစား လေးနှင့်။ " သမီး ကြီးကြီးကို မျက်ခမ်းပေါ်မှာပေါက်နေတဲ့ မျက်တောင်လေးတွေ နှုတ်ပေးစမ်း၊ နေရဆိုးလွန်းလို့  "
ကျွန်မလည်း ဖတ်လက်စ စာအုပ်ကို လက်မှချကာ ကြီးကြီးခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်သည်။ အရင်ခွဲထားသောနေရာ လေးမှာပဲ ထပ်ပြီးထွက်လာသော ဖုသေးသေးလေးပါ။ ထိုဖုလေးပေါ်တွင် မျက်တောင်လေးများပေါက်ပါက အနေရ အကြည့်ရ ဆိုးသည်ဟု ကြီးကြီးက ဆိုပါသည်။ မျက်တောင်မွှေးနှုတ်ပေးနေသည့်ကြားမှ ကြီးကြီးမျက်လုံးတို့ ကုတ်ကျလာသည်မို့  နီးလာ သောခြေသံကိုကြည့်မိတော့ အကြော်ရောင်းသော ဒေါ်ဒေါ်မြ။ မျက်နှာငယ်လေးနှင့် ကြီးကြီးရှေ့ တွင် လာရပ်ကာ အတိုးကိစ္စ အတွက် တောင်းပန်တိုးလျိုးနေသည်။
အတိုးစားချင်လို့  အတိုးပေးတာဆိုပေမယ့် နားလည်သင့်တာတွေတော့ရှိသည်ဟု ကျွန်မထင်သည်။ ယူထားတဲ့ငွေထက် အတိုးက များလွန်းလာသည်။ ကြီးကြီးဒါတွေကို ဘာကြောင့်စားရက်ပါသလဲ။ အာဟာရကော ဖြစ်ပါရဲ့ လား။ ကျွန်မ သက်ပြင်းပဲ ချကာ စာဖတ်လက်စပဲ ကောက်ဖတ်နေလိုက်မိသည်။
အရွယ်လွန်နေသော်လည်း အသိဥာဏ်ရင့်ကျက်ဖို့ လိုနေသေးသည့် ကြီးကြီးကို ဘယ်လိုတရားတွေကမှ ပြုပြင်ပေးနိုင် မှာပါလိမ့်။ ငွေနှင့်ပက်သက်လျှင် " ငါ့ကို လာမစမ်းနဲ့ နော် " လို့ ပြောတတ်သော ကြီးကြီးသည် ဒုတိယအကြိမ် သွားခွဲခဲ့ရပြန်ပါ သည်။
လူ့ ဘ၀တစ်လျှောက်လုံး လူသားတို့ သည် ပရိယေသနအရေးတို့ တွင် ရှာဖွေခြင်းဖြင့်သာ ဘ၀ကိုကုန်ဆုံးတတ်ရာ သေသောအခါ အပယ်သာလားတော့သည်။ ဗုဒ္ဓဘာသာဝင်တို့ သည် ဘုရားရှင်၏ သားသမီးများ ပီပီ ယခုဘ၀တွင် ရှာဖွေစု ဆောင်းထားသမျှထဲမှ ပေးကမ်းစွန့် ကြဲခြင်းဖြင့် နောင်ဘ၀များစွာအတွက် ဘ၀၀ သမ္ပတ္တိရအောင် လှူဒါန်းသင့်ပေသည်။
ဒုတိယအကြိမ် ခွဲပြီးပြန်လာတော့ ကြီးကြီးက ကျွန်မကို ရှေ့ မတိုးနောက်မဆုတ်သော အဖြစ်ကို ရင်ဖွင့်သည်။ ကျွန်မ မကြားဖူးသော ရောဂါဆန်း။ မျက်လုံးကင်ဆာတဲ့။ ကျွန်မ အံ့သြသွားမိသည်။ ကြီးကြီးကို တခါတည်း မျက်လုံးကို ထုတ်ပစ်ဖို့  ဆရာဝန်များက ဆိုသည်။ ထိုသို့ မဟုတ်လျှင် ခုလိုခွဲစိတ်ခြင်းမျိုးက အရေတွက် စိတ်လာမည်ဖြစ်ပြီး အသက်အရွယ်ရလာသော ကြီးကြီးအနေဖြင့် နောင် အခက်အခဲရှိလာနိုင်သည်တဲ့။
မျက်လုံးထုတ်ပစ်ဖို့ ငြင်းဆန်ခဲ့သော ကြီးကြီးသည် နောက်လေးငါးလကြာသောအခါ မျက်ခွံထက်တွင် ဆီးသီးအရွယ် အဖုကြီးဖြစ်လာသည်။ထိုအဖုကြီးပေါ်တွင် ပေါက်တတ်သော မျက်တောင်လေးများကို ကျွန်မက သေသေချာချာနှုတ်ပေးရသည်။
ဆေးအသစ်အဆန်းများဖြင့် ကုရင်း မျှော်လင့်ချက်ကုန်ဆုံးနေသော ကြီးကြီးသည် အသက်ရှင်နေသော်လည်း နှလုံးပူ လောင်ခြင်းရှိဟန်တူသည်။ သားသမီးများက လိုလေးသေးမရှိပြုစုပေးသော်လည်း ပျော်ရွှင်ကျေနပ်ဟန်မပြ။ သူ့ မှဒီရောဂါဖြစ်ရ သလားဟု တွေးထင်နေသည်။ စင်စစ် တဏှာဒိဋ္ဌိတို့ ကြောင့်သာ မိမိတို့ ရုပ်ခန္ဓာတို့ ကို စွဲလမ်းနှစ်သက်နေကြခြင်းသာဖြစ်သည်။ ခန္ဓာရထားတဲ့ သတ္တ၀ါတိုင်းသည် ရထားသော ထိုခန္ဓာ၏ ဒုက္ခကိုတော့ ခံရမြဲသာဖြစ်သည်။
ပိုက်ဆံတွေ ဘယ်လောက်ပေးပေး ကုမရတဲ့ရောဂါတွေ ရှိနေတတ်မြဲမို့ ကြီးကြီး၏ ရောဂါသည် ပို၍ရင့်လာသလို ပို၍လည်းဆိုးလာပါသည်။ မျက်ခွံပေါ်က အဖုကြီးသည် ကြီးမားလွန်းလာကာ မျက်လုံးကိုကျော်၍ ဖုံးသွားသည်။ ထို့ အတွက် ကြီးကြီး၏ ဘယ်ဘက်မျက်စိတစ်ခုလုံးသည် ထိုအသားလုံးအောက်တွင် ရောက်သွားကာ ပျောက်ကွယ်သွားတော့သည်။
မျက်မှန်တပ်၍မရတော့သော ကြီးကြီးသည် ယခုနှစ်တွင် ပဋ္ဌာန်းလည်း မရွတ်နိုင်တော့။ တရားစာအုပ်တစ်ချို့ ကိုပင် ကျွန်မက ဖတ်ပြရသည်။
မိစ္ဆာအာဇီဝံ     နည်းလမ်းလွဲမှားမတရားသော အသက်မွေးမူကို
ပဟာယ        ပယ်စွန့် ၍
သမ္မာအာဇီဝေန    နည်းလမ်းမှန်သော အသက်မွေးမှုဖြင့်
ဇီဝိတံ        အသက်မွေးမှုကို ပြုအပ်၏။………….. ကျွန်မ မဟာသတိပဋ္ဌာန်သုတ်လာ စာကြောင်းတွေကိုဖတ်ပြရင်း ကြီးကြီးကို ကြည့်မိသည်။ ကြီးကြီးကလည်း ကျန်သောမျက်ဝန်းတစ်ဘက်ဖြင့်  ကျွန်မအကြည့်တွေကို သဘောပေါက်ဟန်တူပါ သည်။
မရှိလို့ ဆင်းရဲတာထက် မသိလို့ ဆင်းရဲမှာက ပို၍ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။ ကြီးကြီး အဆိုးဆုံးအခြေ အနေသို့ ရောက်လာသောအခါ ဘုန်းကြီးများရောက်လာပြီး တရားစာများ ညစဉ်လာရွတ်ပေးကြပါသည်။ တစ်လမျှကြာသော အခါ ပိုးများပင်ဝင်လာသော မျက်လုံးကင်ဆာဖြင့် ကြီးကြီးသည် သေဆုံးသွားခဲ့ပါသည်။
သံသရာကို ဆင်းလိုက်တက်လိုက်ဖြင့် စုန်ဆန်ကူးနေကြသော သတ္တ၀ါတို့ သည် ရခဲသောလူ့ ဘ၀ရခိုက်တွင် လူ့ ဘ၀ အနှစ်သာရကို လူ့ အသိဥာဏ်(သစ္စာဥာဏ်)ဖြင့် သိမြင်ကာ ပုထုဇဉ်မှ တက်လှမ်းဖို့ ကြိုးစားသင့်ပါသည်။
ဆုတောင်းရုံနှင့်မရသလို လှူတန်းရုံဖြင့်လည်း မရနိုင်သည့် နိဗ္ဗာန်ဆိုသည့်နန်းကို ၀ိပဿနာအသိဖြင့်လည်း ကျင့်ကြံဖို့  လည်း လိုအပ်လှပါသည်။
ဘုန်းကြီးကျောင်းဆီမှ ပဋ္ဌာန်းရွတ်သံများကို ကြားနေရသည်။ ကျွန်မ ကြီးကြီး၏ အသံကို လွမ်းဆွတ်နေမိပါသည်။
                                        ဧပရယ်ဆွေဆွေ
                                             (28-12-2012 12း22 PM)
Posted by Unknown on
 ဦးလူလှတစ်ယောက် အခန်းပြတင်းဆီမှ ခပ်လှမ်းလှမ်းတစ်နေရာကို ကြည့်မိတော့ မြေပြင်မှ တစ်ပေခန့် သာသာအမြင့် တွင် လှပနေကြသော ကျိုင်းတုံပန်းကလေးများကို တွေ့ ရသည်။ လေအဝှေ့ တွင် လေယူရာတိမ်းရင်း လောကအလှကို ဆင်နေ ကြသည်။ ထိုပန်းပင်လေးတို့ ၏ရှေ့ တွင် မားမားမတ်မတ်ရပ်တည်နေသော အဆောင်ကြီးတစ်ခုရှိသည်။ အနာဂတ်လူ့ အဖွဲ့  အစည်းတွင် အားဖြည့်ကြမည့်လူသားငယ်များ လောကအလယ်ခြေချရာဒေသ။
အသားစိုင်၊ အရိုး၊ ခြေ၊ လက် စသည့် အတုံးအခဲတွေကိုဖြစ်စေသော     ပထ၀ီ
ထိုပထ၀ီကို တစ်လုံးတစ်ခဲတည်းစုပေးတာက                 အာပေါ
ထိုအတုံးအခဲကြီးကို ရင့်ရင့်ပြီးမာလာအောင်လုပ်ပေးတာက         တေဇော
ထိုသဏ္ဍာန်ကို ပုံမပျက်အောင် စီမံပေးတာက                 ၀ါယော
ထိုဓာတ်ကြီးလေးပါး အစုအပေါင်းဖြစ်သော ရူပခန္ဓာကြီး စတင်လာချေပြီတကား။ သို့ သော် ထိုခန္ဓာစကတည်းက ငိုခြင်း နှင့်စရပါသည်။
ကလေးငိုသံတွေဆီ အတွေးဝင်ခိုက် အခန်းရှေ့ ကော်ရစ်တာဆီမှ ဘီးလှည်းသံတစ်ခုကြားရသည်။ ကြားဖူးသမျှလှည်းသံ တွေထဲမှာ နားဝင်အဆိုးဆုံးဟု သူထင်သည်။ သံမံတလင်းနှင့် သံဘီးကြမ်းတို့ ၏ ညင်သာမှုကင်းသည့် ပွတ်တိုက်သံ။ ရုတ်တရက် ထိုလှည်းဘီးဆီအကြည့်ရောက်မိတော့ ပိတ်ဖြူဖြူလွှမ်းထားသော အရာတစ်ခုကို သယ်သွားသည့်လှည်း။ တအီအီ ငိုရှိုက်သံတို့ က ကော်ရစ်တာတစ်ဝိုက်တွင် တဒင်္ဂဆူပွက်သွားသည်။ အင်း……အငိုနဲ့ ဆုံးရတာပါပဲလား။
တကယ်တော့လူတွေက ကိုယ့်အိမ်မှာ ဘာရှိတယ်။ မရှိဘူး သိကြပေမဲ့ ကိုယ်ခန္ဓာမှာ ဘာရှိတယ်။ ဘာမရှိဘူးဆိုတာ ဂရု မပြုမိကြပါဘူး။ ရထားတဲ့ခန္ဓာလေးကိုပဲ ငါ့ခန္ဓာဟုထင်နေကြသည်။ စင်စစ်တော့ ရထားတဲ့ခန္ဓာတိုင်းသည် တင့်တယ်သည်မရှိ။ ရွံ့ ရှာစက်ဆုတ်ဖွယ်ရာများချည်းတည်း။ခုကြည့်လေ ဦးလူလှ သုံးလေးရက် ရေမချိုးမပြုပြင်ရုံမျှဖြင့် မတင့်တယ်သော အသွင်ကို ဆောင်လာလေပြီ။
ဒါကိုတောင် ကိုယ့်ခန္ဓာတင်မကဘဲ သူများခန္ဓာကို သွား၍ချစ်ကြ။ တပ်မက်ကြသေးသည်။ စွဲလမ်းမှု လိုချင်မှုစသော လောဘတရားတို့ ၏အဆုံးသတ်သည် ဆင်းရဲခြင်းသာဖြစ်သည်။
တကယ့်အစစ်အမှန်မရှိသော ရုပ်ခန္ဓာပေါ်တွင် အစစ်အမှန်မဟုတ်သောအမည်များဖုံးကာ ထင်မှားမိတော့ အယောနိသော နှလုံးသွင်းမှားတော့သည်။
ငါ့ခန္ဓာ ၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့မယား ဟူသော တဏှာဒိဋ္ဌိတို့ ဖြင့် သေလွန်ကြသည်။ ထိုအခါ နောက်ခန္ဓာများစွာဖြင့် သံသရာကို ဆက်ကျင်လည်ရပြန်တော့၏။ သံသရာဆိုရာတွင် ဆင်းရဲသောလမ်းကအများဖြစ်သည်။ သံသရာတွင်လည်း ခိုင်မာတာ၊ ကျေနပ်စရာတစ်ခုမှ ရှိသည်မဟုတ်။ သြော် တကယ်တော့ ဒီရူပခန္ဓာကြီးက နှစ်သက်စရာမရှိ။ မတင့်တယ်ရွံ့ ဖွယ်ရာ ပါတကား။ ခုနကတွန်းသွားသော ဘီးလှည်းပေါ်က ခန္ဓာကို ဘယ်သူက ဘယ်လောက်ချစ်ချစ် နောက်ဆုံးတော့ စွန့် ပစ်ကြတော့ မှာပါပဲ။
သည်လူလှအတွက်ကော……. ။ ခေါ်ရလွယ်အောင် အဖေအမေမှည့်ပေးထားသော်လည်း လူလှဆိုသည်မှာ နာမပညတ် သာဖြစ်သည်လေ။ အတွေးအဆုံးမှာ ဦးလူလှမျက်နှာလေး နွမ်းသွားသည်။
………………… x………………………..x…………………………….x………………………………….
လောကဓာတ်သည် နေ့ မှတဖန် ညသို့ ဆောင်ကြဉ်းပြန်သည်။ ကားလမ်းလေးသာခြားသော ဤဆေးရုံ၏ အခြား တစ်ဖက်တွင် တက္ကသိုလ်အဆောင်များစွာရှိသည်။ နှစ်သစ်ကူးမည့်ညဖြစ်၍ လူငယ်များ ဘာမှမဟုတ်လည်း ပျော်ရွှင်နေကြသည့် အသံများကို ဦးလူလှကြားနေရသည်။
Happy ကိုတန်ဖိုးထားကာ ဆုတောင်းကြသည်။ ဆုတောင်းပေးကြသည်။ ရသည် မရသည် အသာထား။ သူတို့ ပျော်ရွှင် ကြသည်။ ထိုပျော်ရွှင်မှုသည် ရေရှည်ခံသော သုခကားမဟုတ်ပေ။ ဘ၀တဏှာကိုသာ ဆက်ကူးမည့် ဒုက္ခသာတည်း။ သို့ သော် ကောင်းသော ဝေဒနာဖြစ်မှတ်ယူနေကြသည်မှာ လူငယ်မှမဟုတ် လူအများစုလည်း ထိုသို့ ပင်။
လောကသဘာဝအားလုံးသည် မြဲသည် ဟူ၍ ဘာမျှမရှိ။ မိမိသဏ္ဍာန်မှ စိတ်သည်ပင် ၁ စက္ကန့် လျှင် ကုဋေတစ်သိန်း မက ပြောင်းလဲ၏။ သို့ သော် အမှန်မသိမှုကြောင့် မမြင်ကြပါတကား။ သူကိုယ်တိုင်လည်း လူငယ်ဘ၀ကိုဖြတ်သန်းဖူး၍ လူငယ် တွေရဲ့ ရှင်သန်မှုကို နားလည်ပါသည်လေ။
ဦးလူလှ ကုတင်ရဲ့ အခြားတစ်ဘက်ဆီကိုစောင်းဖို့  သူ့ ခန္ဓာကို မနည်းကြိုးစားနေရသည်။ နာကျင်မှုအသီးသီးက ဘယ်ဆီကနာမှန်းမသိအောင် ၀င်ရောက်လာသည်။
ငါ၏သား ငါ၏သမီးဟု ယူဆထားသူများသည် အလုပ်အကြောင်းပြကာ ရောက်မလာကြ။ နေ့ ညစောင့်ကြပ်ဖို့ ငှားပေး ထားသည့် ရူတည်တည်နဲ့ နာစ့်မတစ်ယောက်ကလည်း အမြဲရှိနေတတ်သည်မဟုတ်တာမို့  ကိုယ့်ဘာသာကိုယ်ကြိုးစားစောင်း ကြည့်သည်။ တဆစ်ဆစ်သောနာကျင်မှုတို့ ကို အံတုရင်း………..
စောင်းချင်တာက နာမ်၊ လှုပ်မရတာက ရုပ်။ နာမ်ကစေခိုင်းလို့ ရုပ်ကြီးက ရွေ့ လျားပေးရပေမဲ့  ခုတော့လည်း နာမ်က စေခိုင်းတာတောင် ရုပ်က မနာခံတော့ပါလား။ ထိုခန္ဓာသည် ငါ့ဆန္ဒကို နည်းနည်းမှ မလိုက်ပါလား….။ ရောဂါဝေဒနာကြောင့် သက်သာခွင့်သုခကို တောင့်တ၍နေဆဲမှာပင် ဝေဒနာဒုက္ခကသာ ပြင်းထန်စွာနှိပ်စက်၏။ ကျန်းမာသန်စွမ်းစဉ်က အတ္တဟုထင်ခဲ့ သမျှသည် ခုတော့…………….
အတ္တဒီရေလှိုင်းကို အမြဲစီးကာ လူ့ ဘ၀ရေယဉ်ကြောဝယ် ဦးလူလှ အနှစ် ၆၀ ကူးခတ်ခဲ့သည်။
တဏှာဖြင့် စွဲလမ်းသော ဒီခန္ဓာ
ဒိဋ္ဌိဖြင့် တွယ်တာခဲ့သော ဒီခန္ဓာ တွင် ကိုယ်နှင့်မဆိုင်သော အပြင် ဗဟိဒ္ဓခန္ဓာကိုပဲ ရူမြင်ကာ ကိုယ်နှင့်ဆိုင်သော အဇ္ဈတ္တ ခန္ဓာကို လျစ်လျူရှုခဲ့မိသည်။
ဘ၀နေ၀င်ချိန်သည် နီးလာပါပြီတကား။ ငိုခြင်းတရားတွေ သူ့ အတွက် လောကထဲမှာဖြစ်ပေါ်လာကြဦးမည်။ ငါ့ဘ၀ ငါ့မီးစာသည် ဒီဘ၀တွင်ပင် ငြိမ်းချင်ပါတော့သည်။ နောက်ထပ်ခန္ဓာလည်း မရလိုတော့။
ညည်းသံကြား၍ တစ်ဘက်မှ ကုတင်ကို ကြည့်မိသည်။ ချိုင့်ဝင်နေသော မျက်လုံးအစုံနှင့် ပါးနှစ်ဖက်ကြောင့် ဦးခေါင်းခွံ ပုံသဏ္ဍာန်ပင် အထင်သားမြင်နေရသည့်မျက်နှာ။
ဦးလူလှ မျက်လုံးအစုံကို မှိတ်လိုက်သည်။ ပတ်ဝန်းကျင်မှ ထိုသူ၏အသံကို လျစ်လျူရှူလိုက်သည်။ မိမိခန္ဓာမှ နာကျင်မှု များကိုသာ ရူမှတ်နေမိသည်။
နာကျင်သည်ဟူသော ခံစားမှု
မနာကျင်တော့ဟူသော ခံစားမှု
စိတ်နှလုံးမသာယာမှုဟူသော ခံစားမှု
စိတ်နှလုံးရွှင်ပြသာယာသည်ဟူသော ခံစားမှု စသည့် ဝေဒနာတို့ သည် ပုဂ္ဂိုလ်လည်း မဟုတ်။
ပုဂ္ဂိုလ်၏ အတ္တသာရ လည်းမဟုတ်။
ပုဂ္ဂိုလ်၏ ကိုယ်ထည်လည်းမဟုတ်ဆိုသည့် အရာများသည် သူ့ စိတ်အစဉ်တွင် ထင်ရှားလာတော့သည်။ ထိုအခါ သတ္တ၀ါမဟုတ်။
ကိုယ်ထည်မဟုတ်။
ယောက်ျားမိန်းမ မဟုတ်ဟူသော အနတ္တသဘောကို သိမြင်လိုက်သည့်ခဏမှာ ဦးလူလှ နှုတ်ခမ်းလေး ပြုံးသယောင်ဖြစ်သွားသည်။
……………………….x…………………………………..x………………………………..x……………………………..
လှပသော လိပ်ပြာလေးများသည် ကျိုင်းတုံပန်းကလေးများအနီးတွင် ရစ်ဝဲနေကြသည်။ နေခြည်နုနုတို့ တိုးဝင်နေသော အခန်းပြတင်းဘေးရှိ ကုတင်လေးတွင်မူ လူနာကင်းမဲ့နေလေသည်။
                                    ဧပရယ်ဆွေဆွေ
Posted by Unknown on
  နည်းပညာတိုးတက်လာသည်နှင့်အမျှ လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးသည်လည်း အံ့သြဖွယ်ရာနည်းပညာတို့ ဖြင့် တိုးတက်လာနေသည်။ ပို၍ဦးမော့လာသည့် လူနေမှုအဆင့်အတန်းမြင့်မားမှုသည် လူ့ ဘ၀ကို ပိုမိုစည်ပင်လာစေခဲ့သည်။ သိပ္ပံ ပညာ၏ တီထွင်ဆန်းသစ်မှုဖြင့် လူတို့ သည် ၄င်းတို့ ဘ၀ကို လောကီစည်းစိမ်ချမ်းသာတွင် အသုံးချလာကြသည်။ ခလုတ်တစ် ချက်နှိပ်၍ ထမင်းချက်ထားနိုင်သည်။ ခလုတ်တစ် ချက်နှိပ်၍ ရေကို အပူအအေးလိုချင်တာ ယူတတ်လာသည်။
    သိပ္ပံပညာတိုးတက်မှုက လူ့ ဘ၀ကိုသက်တောင့်သက်သာ စည်ကားအောင်လုပ်ပေးသလို လူ့ လောကကိုခြိမ်းခြောက်မှု ဖြင့်လည်း ဖန်တီးလာတော့သည်။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာကိုအသုံးချ၍ပင် လူသားတို့ သည် ၄င်းတို့ ၏ ဆန္ဒဆိုးများ ကိုအကောင်အထည်ဖော်လာကြသည်။ ထို့ ကြောင့်လူသားများထဲတွင် ပဋိပက္ခများ၊ အနိုင်ယူချင်မှုများ၊ စစ်ပွဲများဖြစ်လာကြရ တော့သည်။ ခေတ္တတစ်ဘ၀စာလောကီဘ၀ချမ်းသာလေးသာဖြစ်သော ရုပ်ဝတ္ထုပစ္စည်းများအတွက် သူတို့ ၏ဆင်ခြင်တုံတရား များ ပျောက်ဆုံးလာကြသည်။
    စင်စစ်လူဆိုသည်မှာ- မိမိလုပ်မည့်အလုပ်ကို
၁- အကြောင်း၊ အကျိုး
၂- အကောင်း၊ အဆိုး
၃- ဟုတ် ၊ မဟုတ်
၎- မှန်သည် ၊ မမှန်သည်
၅- အကျိုးရှိသည် ၊ မရှိသည်ကို ဝေဖန်စိစစ်တတ်သော အင်္ဂါ၅ရပ်နှင့်ပြည့်စုံမှသာ လူဖြစ်သည်။
    ယခုလက်ရှိလောက၏ လူသားရာခိုင်နှုန်းအများစုသည် အတ္တ၀ါဒီများသာဖြစ်ကာ ကိုယ်ချင်းစာစိတ်၊ သည်းခံစိတ်၊ နားလည်ပေးစိတ်များ ဝေးလွင့်နေကြသည်။ မိမိအကျိုးစီးပွားလည်ပတ်နိုင်မှုအတွက် ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ် မှုများအထိပါ ပျက်စီးလာနေပြီး ဂါရ၀တရား၊ နိဝါတတရားစသော စံတန်ဖိုးများ ယိုယွင်းလာသည်။
    စင်စစ်ဘ၀သည်နေတတ်ရင် ချမ်းသာကြောင်းဖြစ်သော်ငြား လူအများစုမှာ မနေတတ်၍ ဆင်းရဲများနှင့်ပြည့်နေရသည်။ လိုချင်ဆန္ဒများကြောင့် ဖြစ်လာသောဆင်းရဲ၊ ရလာသောအရာများကို ပျောက်ကွယ်သွားမှာကြောက်သည့်ဆင်းရဲများဖြင့် ဒုက္ခ၏ သားကောင်များဖြစ်လာနေရသည်။
    လူဖြစ်လာတော့ ပညာတတ်ချင်သည်။ ပိုက်ဆံရှိချင်သည်။ ရာထူးလိုချင်သည်။ အာဏာရှိချင်သည်။ ထိုဆန္ဒများအတွက် သူတို့ ရသော ရက်ပေါင်း ၃၀၀၀၀ ကျော်မှ တစ်ဝက်ခန့် ကို ရက်ရက်ရောရောပေးပစ်လိုက်ကြသည်။
    သူတို့ လိုချင်တာ ရလာသောနေရာအရောက်တွင် သားတွက်မယားအတွက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ စုဆောင်းကြသည်။နွေအတွက် မိုးအတွက် ရာသီစာမျိုးစုံသိုလှောင်မှု၏ အကုသိုလ်ကတော့ သူ့ အတွက်ရှိနေသည်ကို ဂရုမပြုမိ ကြ။ အတူတူစားသောက်ကြသော အစာများထဲတွင် ကိုယ်စားသောအစာက ဘာကြောင့် အဆိပ်ဖြစ်နေလဲ သူတို့ မသိကြ။ ဤ သည်မှာ အင်္ဂါ၅ရပ်နှင့်ပြည့်စုံသောလူ မဟုတ်သောကြောင့်ဟုဆိုရပေမည်။
    ကြားဖူးသောပုံပြင်တစ်ပုဒ် ပြောပြလိုပါသည်။ လူသားတစ်ယောက်သည် မျက်ရည်လည်ရွဲဖြင့် ငိုနေသောကြောင့် ဤသည်ကို မကြည့်ရက်သော တိရစ္ဆာန်လေးများက အကူအညီလိုလျှင် ပြောပါဟုဆိုကြသည်။ ထိုအခါ လူသားက
" အမြင်အာရုံကောင်းကောင်းနှင့် သန်မာချင်သည် " ဟုဆိုရာ ကျားသစ်က " သင်ကျွန်ုပ်ကဲ့သို့ သန်မာစေ " ဟု ပေး၏။
နောက်တဖန် ကမ္ဘာကြီး၏လျို့ ဝှက်ချက်ကို လူသားက သိလိုပြန်သည်။ ထိုအခါ မြွေက " ကျွန်ုပ်ပြပါ့မယ် " ဟုပြောသည်။
တိရစ္ဆာန်အားလုံးက လူသားလိုအင်ဆန္ဒများဖြည့်ပေးပြီးကြသောအခါ ဇီးကွက်က
" သူတော့ အားလုံးကို သိသွားပြီ။ လူသားမှာ လိုချင်တာတွေရနေပြီမို့  သူ့ ဆန္ဒတွေ ပြည့်နေပြီ " လို့ ပြောလိုက်ရာ
အဲဒီအချိန်မှာ သမင်လေးက ဘာပြောသလဲဆိုရင်……
" တကယ်တော့ လူသားရဲ့ ဆန္ဒဆိုတာ ဘယ်တော့မှပြည့်မှာ မဟုတ်ဘူး။ ကမ္ဘာမြေကြီးက ငါ့မှာပေးစရာတွေ မရှိတော့ဘူးလို့  ဆိုတဲ့အထိတောင် သူက တွင်းတူးယူမဲ့ လောဘသားကောင် " လို့ ဆိုပါတယ်။ ကျွန်မ ထိုပုံပြင်ကို သဘောကျပါသည်။ ရာခိုင်နှုန်း နီးပါးမှန်သည်။
တွင်းနက်နက်တူး၍ လိုချင်မှုများရခြင်းမှာ အ၀ိဇ္ဇာကြောင့် တဏှာလောဘကြောင့်ဟု မသိလျှင်ထားတော့ မိမိလုပ်သော အလုပ်သည် တစ်ပါးသူ မနစ်နာဖို့  လိုသလို မိမိမထိခိုက်ဖို့ လည်း လိုပါသည်။ ပြင်းပြစွာစွဲလမ်းနေသော ဤစည်းစိမ်ဥစ္စာများ သည် ရုပ်ဘ၀၏လောကီချမ်းသာသာ ဖြစ်သည်။ ခဏလေးသော ပျော်ရွင်မှုပေးသည်ကို သတိချပ်ဖို့ လိုသည်။
ယနေ့ ကမ္ဘာတွင် လူသားတို့ ဖန်တီးကြသော ရုပ်ဝတ္ထုများကို ခံစားကာနေနိုင်ဖို့ ပဲ အားထုတ်ကြသည်။ ထို့ ကြောင့် AD ၂၁ ရာစုမှလူသားများသည် ရုပ်ဝါဒ၏ လွှမ်းမိုးမှုကို ခံနေကြရတော့သည်။ အလိုဆန္ဒပြည့်ဝမှု၏ ပန်းတိုင်ဆိုသည်မှာ သူတို့  အတွက် ရှိပါ၏လော။ သေချာသော သေရေးကို မေ့ကာ မသေချာသော နေရေးထဲတွင် ခဏတာခံစားရသောစည်းစိမ်တို့ ကို မက်မက်မောမောဖက်တွယ်ခဲ့ကြသည်က အခုမှတော့မဟုတ်ပါ။
 " စည်းစိမ်ချမ်းသာကို အပြည့်အ၀ခံစားရတာက အကောင်းဆုံး"
( Pleasure is the highest good )
အထက်ပါအယူအဆသည် BC ၃၀၀ စုလောက်က ဂရိနိုင်ငံမှ အက်ပီကျူးရီးယန်းများလက်ထက်က ပေါ်ပေါက်ခဲ့သော အယူအဆတစ်ခုပါ။ ယနေ့ ခေတ် လူတွေရဲ့ အပြုအမူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါဦး။ ယနေ့  ၂၁ ရာစုဆိုသောခေတ်မှလူသားများ သည် BC ၃၀၀ရာစုက လူများ၏ အတွေးအခေါ်နှင်နှင်သာဖြစ်နေသည်။
ဘာကို တိုးတက်သည်ဆိုပါသလဲ။
ဘာကို ခေတ်မီသည်ဆိုပါသလဲ။
ရုပ်ဝါဒတွေ တိုးတက်သလောက် နာမ်ဝါဒအတွေးအခေါ်များက ဘာကြောင့်နောက်ကျနေကြရသေးတာပါလဲ။
ဆန့် ကျင်ဘက်အတွေးအခေါ်များကြောင့် ၀ိရောဓိများဖြစ်ကာ ပဋိပက္ခဖြစ်နေကြသော စစ်ပွဲများ၊ အဓိကရုဏ်းများ ရပ်စေလိုသည်။ တစ်ခဏတာ ဆင်ခြင်တုံတရားမရှိမှု၏နောက်တွင် ဖြစ်လာကြသည့်အပျက်အစီးများကို မကြည့်လိုပြီ။ မိမိ၏ မတော်လောဘကြောင့် တစ်ပါးသူ၏မျက်ရည်တို့ လည်း မကျစေလိုပြီ။ ထို့ အတူ မိမိကိုယ်တိုင်လည်း မနစ်နာစေလိုပြီ။
BC ၃၀၀ ရာစုကထက် ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ဖွ့ံဖြိုးလာသလို BC ၃၀၀ ရာစုကနှင့်မတူသော အတွေးအခေါ်များ လည်းတိုးတက်ဖို့ လိုနေပြီဟုထင်သည်။
အစမထင်သော သံသရာမှ အဆုံးမရှိသော သံသရာထဲ ဆက်မလည်လိုလျှင်ဖြင့် လူ့ အင်္ဂါ၅ရပ်ဖြင့်ညီအောင် နေထိုင် သွားရမည်။ များများလိုချင်လျှင် များများပင်ပန်းမည်။ လူဖြစ်၍ သူများထက်သာချင် ချမ်းသာချင်သည်ကို လက်ခံပါသည်။ သို့ သော် ထိုအရာများအတွက် မိမိ၏လက်ရှိဘ၀၏ သိက္ခာ၊ နောင်ဘ၀၏ လားရာများကို အစွန်းအထင်းမဖြစ်စေသင့်ပါ။ ဘာသာ အယူဝါဒဘယ်လိုပဲကွဲပြားပါစေ အားလုံးဟာ လူသားများဖြစ်သည်မို့  တစ်ဦးနှင့်တစ်ဦး စာနာနားလည်မှုဖြင့်လည်းကောင်း အသိ တို့ ဖြင့် နေထိုင်သင့်သည်။
အကန့် အသတ်မဲ့သော လိုအင်များကိုလျော့ ကာ စိတ်၏ချမ်းသာမှုများများတည်ဆောက်ယူပါ။ အာဏာ၊ လာဘ်လာဘ နှင့် ကျော်ဇောခြင်းတို့ ကို မက်မောမှုကင်းလျှင် ဘ၀အသစ်အတွက်လည်း အကုသိုလ်ပြုနေမှုများနည်းသွားမည်။ ဆန္ဒလိုအင်များ ကို သင့်လျော်သော အကွာအဝေးတွင်ထား၍သာ လူသားပီသစွာနေထိုင်နိုင်ဖို့ ရည်ညွှန်းပါသည်။
                                ဧပရယ်ဆွေဆွေ
Posted by Unknown on
မျက်လုံးထဲမှာ
ကြယ်အတုတွေ ထည့်ထည့်ပြီး ညှို့ ယူခဲ့လေတော့
ယုံလွယ်လွန်းတဲ့ ငါ့ရင်ဘတ်က ကပ်ပါသွား
ရင်ခုန်ခြင်းတွေက မရပ်နားတော့ဘူး။
အပြုံးထဲမှာ
မိုနာလီဇာတုကာ ပြုံးတတ်လေတော့
ရှောင်ရန်ခက်တဲ့ ငါ့ခြေလှမ်းက လျှောက်ကာသွား
ရင်ခုန်ခြင်းတွေက မရပ်နားတော့ဘူး။
နှလုံးသားထဲမှာ
အချစ်အတုတွေ ဖြည့်စွက်ပြီး
စွဲဆောင်ခဲ့လေတော့ အရောင်ကင်းတဲ့ ငါ့အချစ်က ကပ်ပါသွား
ရင်ခုန်ခြင်းတွေက မရပ်နားတော့ဘူး။
မာတိကာကမှား နိဒါန်းကတည်းက
မသေချာခဲ့တာတောင်
အနာဂတ်ကို အပေါင်ဆုံးခံပြီး
ရနံ့ ပါးပါးကို ရှုရှိုက်ရင်း
နင့်ခြေရင်းမှာ ကျဆုံးနေခဲ့သူပါ။
                        ဧပရယ်ဆွေဆွေ
Posted by aprilsweswe on
0 comments
categories: | | edit post
 နှောင်ကြိုးမရှိတဲ့ ကမ္ဘာမှာ
ကကြိုးပုံရိပ်တွေနဲ့  ကဗျာတွေဖွဲ့ သီပြီး
ငါနေချင်တယ်။
ခြောက်သွေ့ ခြင်းမရှိတဲ့ ကမ္ဘာမှာ
မြက်ခင်းစိမ်းတွေနဲ့  ရောင်စုံပန်းခင်းစိုက်ပျိုးရင်း
ငါနေချင်တယ်။
အာဏာတွေမရှိတဲ့ ကမ္ဘာမှာ
ကော်ဖီရနံ့ တွေနဲ့  သီချင်းတွေနားဆင်ပြီး
ငါနေချင်တယ်။
အမှောင်မရှိတဲ့ ကမ္ဘာမှာ
အလင်းရောင်တွေနဲ့  ထပ်ပြီးထွန်းညှိရင်း
ငါ့ကမ္ဘာကို ပြိုးပြိုးပြက်နေအောင်
ခြယ်သချင်လိုက်တာ။
  ဧပရယ်ဆွေဆွေ
Posted by aprilsweswe on
0 comments
categories: | | edit post
 ငါ့ရဲ့ စိမ်းစိုလှတဲ့ အိပ်မက်တွေမှာ
နင့်ကို နတ်ဆိုးအဖြစ်
မလာစေချင်ဖူး။
ငါ့အိပ်မက်တွေက ပျက်သုဉ်းဖူးလို့ ပါ။
 ငါ့ရဲ့ ရွှင်မြူးလှတဲ့ ကဗျာတွေမှာ
နင့်ကို ဗီလိန်အဖြစ်
မဖန်တီးချင်ဖူး။
ငါ့ကဗျာတွေက အရုပ်ဆိုးဖူးလို့ ပါ။
ငါ့ရဲ့ အေးချမ်းလှတဲ့ ကမ္ဘာလေးမှာ
နင့်ကို လိပ်ပြာအဖြစ်
မရှိစေချင်ဖူး။
ငါ့ကမ္ဘာက ၀ိညာဉ်လန့် ဖူးလို့ ပါ။
                ♥♫ ♥♫    ဧပရယ်ဆွေဆွေ ♥♫ ♥♫
Posted by Unknown on Saturday, July 27, 2013
0 comments
categories: | | edit post
 ကျွန်မ ဒီနေ့ လိုင်းပေါ်မှာ ရန်ဖြစ်ခဲ့ရသည်။ ကျွန်မကိုက စွာလွန်းနေတာလား ဒါမှမဟုတ် ဆတ်ဆတ်ထိမခံ တတ်သော စိတ်ကြောင့်လားတော့ မသဲကွဲတော့။ ကျွန်မ ကိုယ့်လူမျိုးကိုတော့ တော်တော်ချစ်ပါသည်။ စကားလုံးကြီးတွေက ကြီးလိုက်တာ ဟုဆိုလျှင်လည်း ခံရုံပင်။ မတိုးတက်သည်- ဖွံ့ ဖြိုးမှုအားနည်းသည်- လိုအပ်ချက်များရှိသေးသည်ကို ကျွန်မလက်ခံပါသည်။ သို့  သော် မြန်မာမိဘများက သားသမီးအပေါ် ထိန်းကွပ်မှုလွဲမှားနေသည်တဲ့။ ပြီးတော့ သာယာသောလမ်းကိုလိုက်ကာ မိသားစုကို လျစ်လျူရူသည့် မိဘများမြန်မာပြည်မှာ အများကြီးပဲတဲ့။ သူက အဲလို ပြောသည်။
အင်္ဂလန်လူမျိုး၊ ယခုထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများကို စာသင်ပေးနေသည့် ထိုသူက ပြောခြင်းဖြစ်သည်။ ပါဠိသက္ကတများကို လေ့လာနေသူဆို၍ ကျွန်မလက်ခံစကားပြောခဲ့သော ထိုသူအား ကျွန်မက မြန်မာစာ သာမက မြန်မာလူမျိုး များအကြောင်းကိုထပ်ပြီး လေ့လာလိုက်ပါဦးဟု ပြောခဲ့ပြီး ယဉ်ကျေးမှုခြင်းရော ဓလေ့ထုံးတမ်းတွေပါ ရှင်တို့ နဲ့ လာမနှိုင်းပါနဲ့ လို့  စွာခဲ့မိသည်။
သူကလည်း ကျွန်မကို ပြန်ပြောပါသည်။
" မင်း..မျက်လုံးတွေကို ထပ်ဖွင့်ကြည့်ပါဦး " တဲ့။
ကိုယ့်လူမျိုး မကောင်းကြောင်းကို တိုင်းတစ်ပါးက ပြောတာမျိုး ကျွန်မ မခံချင်ပါ။ ပြောရလောက်အောင်ဖြစ်နေပါစေ သူတို့ ပြောတာမျိုး မလိုချင်ပါ။ ကျွန်မတို့ လူမျိုးအကြောင်း ကျွန်မတို့ သာလျှင် အသိဆုံးဖြစ်ရမည်။ လူတိုင်းတွင် ကိုယ့် အကြောင်းတရားကိုယ်နှင့်ပင် ရှိကြမည်သာ။ ကိုယ့်ထင်မြင်ချက်တစ်ခုသည် လူမျိုးတစ်မျိုးကို ထိခိုက်စေသည်အထိ ဖြစ်ဖို့ မလို အပ်ပါ။ ထို့ ကြောင့် ကျွန်မ စိတ်တိုတိုနှင့် ပြန်ပြောခဲ့ခြင်းဖြစ်သည်။
………………………………………×………………………………..×……………………..
" ရှင် လုပ်ရပ်က ကောင်းသေးရဲ့ လား "
" ဒီမှာ မင်းလိုက်လာတာကိုက ရှက်စရာကွ …ငါ..ဘယ်လောက် မျက်နှာပျက်ရလဲ "
အိမ်ရှေ့ လမ်းမထက်ဆီမှ စကားသံတချို့  ကျွန်မကြားလိုက်ရသည်။
" ဘာ မျက်နှာပျက်စရာ ဟုတ်လား အဲဒီနေရာမျိုးမှာ သွားတဲ့ ရှင့်မှာဘာကောင်းတဲ့မျက်နှာရှိနေလို့ လဲ ဟင်..ပြောစမ်းပါဦး "
ကျွန်မတို့ အိမ်ရဲ့ မျက်စောင်းထိုးအိမ်မှ အန်တီနုရဲ့ အသံမှန်း ကျွန်မကောင်းကောင်း မှတ်မိသွားသည်။ အန်တီနု နှင့် သူမ၏အမျိုးသား ဦး…..
ကန်ထရိုက်လုပ်ငန်းများနှင့် စီးပွားရေးပြေလည်နေသူ မိသားစုကလေးပါ။ ၁၀ တန်းတက်နေသည့် ဖိုးသား ဆိုသည့် သားတစ်ယောက်ရှိသည်။ ချစ်စရာ့ မိသားစုကလေးပေါ့။ အနေအေးသော အန်တီနုသည်လည်း လှပပြီး ချော မောသည့် အမျိုးသမီးတစ်ဦးပင်။
အေးဆေးစွာနေတတ်သော အန်တီနုရဲ့ အသံက လမ်းမထက်မှ ကျွန်မတို့ အိမ်ထိ ပျံ့ လွင့်လာသည်ဆိုတော့…
ခြံထဲမှာလမ်းလျှောက်နေသော ကျွန်မ ခြံတံခါးနားထိ လျှောက်သွားမိသည်။ မိမိခြေထောက်နှစ်ချောင်းကိုပင် အခြေခိုင်အောင် မရပ်နိုင်သော ဦး….နှင့် အန်တီနု။
" နောက်ထပ် ငါ့ကို လာမခေါ်နဲ့  ကြားလား " ဦး….ရဲ့ အသံ။
" တကယ်ဆို ရှင် ကျွန်မကို မဟုတ်တောင် သားရဲ့ မျက်နှာကို ငဲ့သင့်ပါတယ်။ သူသာ ဒီလိုဆိုင်မျိုးတွေကိုသွားတဲ့ အဖေမျိုးဆိုတာသာ သိရင်……….. "
" တော်စမ်းပါကွာ ငါမွေးထားတာ သားကွ….မင်းတို့ အတွက် လိုလေးသေးမရှိ ငါ ရှာဖွေ ကျွေးမွေးထားတယ်… ငါ့ ပျော်ရွင်မှုကိုတော့ ငါ့ရှာပါရစေ…သွား…..သွားကွာ……"
ဦး….က မူးမူးနှင့်ရမ်းလိုက်တာကြောင့် အန်တီနုရဲ့  အားကိုးတကြီး ကိုင်ထားတဲ့ လက်အစုံကော လူပါ လမ်းမထက်မှာ လဲကျသွားပါတယ်။
ကျွန်မ အန်တီနုအဖြစ်ကို ကြည့်ရင်း ရင်ထဲမှာ နင့်နေပါတယ်။ ဘာလုပ်ပေးရမှန်းမသိအောင် ကြက်သေ သေနေမိ သည်။ ဖေဖေတို့  မေမေတို့ မှာ ထိုအဖြစ်မျိုးမရှိ၍ ထိုခံစားချက်မျိုး မသိခဲ့။ မခံစားခဲ့ရပါ။ အန်တီနု ဘယ်လောက်ခံစား လိုက်ရမလဲ။ တသက်စာအတွက် ရည်စူးအားကိုး၍ အိမ်ထောင်ပြုခဲ့သူက…ထိုသို့ ဆက်ဆံသည်ဆိုတော့……………
" ရွှင်လန်းနိုင်ကြပါစေ..ချစ်သောမိတ်ဆွေ…အပေါင်းအသင်းများတို့ ရေ "
ကျွန်မတို့ နဲ့ သိပ်မဝေးတဲ့နေရာဆီက လွင့်လာတဲ့ သီချင်းသံပါ။ ထိုစားသောက်ဆိုင်၏ အဖွင့်သီချင်းလေးပေါ့။ ဘာတဲ့ ရွှင်လန်းနိုင်ကြပါစေတဲ့..။
ကျွန်မ ကျွတ်တစ်ချက်စုပ်ကာ မျက်လုံးများကို မှေးစင်းပြစ်လိုက်သည်။ မျက်စိရှေ့ လမ်းမထက်က မြင်ကွင်းနဲ့ နားထဲက တိုးဝင်လာတဲ့ သီချင်းသံတို့ ၏ဆက်စပ်မှု။ ကျွန်မ ဘယ်သူ့ ကိုအပြစ်တင်ရမည်လဲ။
    အိမ်ထောင်ဦးစီးသူများကော မဦးစီးသူများပါ အချိန်တန်၍ နေ၀င်လျှင် ထိုနေရာသို့ ရောက်ကြသည်။ ကိုယ် တစ်နေ့ လုံး ချွေးတလုံးလုံးနှင့်ရှာဖွေထားသမျှသည် တခါတရံ ပန်းကုံးဖိုးဖြစ်သွားကြသည်။ တော်တော်ပင်မိုက်သောငါ …..လို့ မတွေးမိကြလို့ ဆက်မိုက်နေကြခြင်းဖြစ်မည်ဟု ကျွန်မထင်သည်။
    မီးရောင်အောက်က မမတို့ အလှသည် မိမိအိမ်ရှင်မတို့ ထက် သာနေသည်လား။
    မမတို့ ငှဲ့ ပေးသောအရက်သည် အိမ်ရှင်မတို့ ကမ်းလင့်သော ရေတစ်ခွက်ထက် သာနေသည်လား။
    ဆူညံနေသော ထိုဆိုင်ထဲက အသံတို့ သည် မိမိရင်သွေးလေးများ၏ အသံထက် သာနေသည်လား။
ကျွန်မအမေးကို ကျွန်မဘာသာပြန်မဖြေနိုင်သော်ငြား ဦး…..တစ်ယောက်ကတော့ ထိုဆိုင်ဘက်ဆီသို့  တယိမ်းတယိုင် ဖြင့် ဆက်ချီတက်နေလေသည်။ ဦး….ရဲ့ ကျောပြင်ကို မျက်ရည်များကြားမှ လှမ်းကြည့်နေသော အန်တီနု၏မျက်နှာ လေး။ ကျွန်မအရမ်းသနားသွားမိသည်။ အိမ်ထောင်ဆိုသည်မှာ……လွယ်ကူစွာဖြစ်တည်ခဲ့တာမှ မဟုတ်တာ။ အရင်က သူတို့ ထားရှိခဲ့သည့် ချစ်ခြင်းမေတ္တာတွေ ခု ဘယ်ရောက်ကုန်တာလဲ။
    ကျွန်မမိဘတွေသာဆို ကျွန်မဘယ်လောက်ခံစားမိမလဲမသိတော့။ ခုလိုမြင်လိုက်ရတာကိုပင် မျက်ရည်ဝဲမိ သည်။ ကျွန်မ ရုတ်တရက် ဖိုးသားကို သတိရလိုက်မိသည်။
ယဉ်ကျေးပြီး အေးဆေးစွာနေတတ်သော ဖိုးသား
အမေ့စကားကို နားထောင်ပြီး စာကိုသာ ဂရုစိုက်တတ်သည့် ဖိုးသားလေး၏စိတ်ထဲကို နာကျင်စရာတွေ မရောက်ရှိစေ ချင်ပါ။ ကျွန်မ ယောင်ယမ်းပြီး အန်တီနုတို့ အိမ်ဘက်ကြည့်မိတော့……………….
အိမ်ရှေ့ မှာထွန်းထားတဲ့ လမ်းမီးရဲ့ အလင်းရောင်ကြောင့်ကော- သူတို့ ခြံဝက အလင်းရောင်ကြောင့်ပါ သူ့ မျက်နှာ ကလေးကို ကျွန်မကောင်းကောင်းမြင်လိုက်ရသည်။ ခြံတံခါးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ့ လက်များ၊ ပြီးတော့ ပြတ်လုမတတ်ကိုက်ထားသော သူ့ နှုတ်ခမ်းများ…ပြီးတော့ မျက်ရည်လေးများ ရစ်ဝိုင်းနေတဲ့ သနားစရာ မျက်ဝန်းအစုံ….
ထိုမျက်ဝန်းများက ကျွန်မခံစားချက်ထက်သာသော သူဝမ်းနည်းမှုများကို တွေ့ ရသည်။ ကြည့်၍မြင်ရသော မျက်ဝန်း များမှ မျက်ရည်များကျလာခြင်းမှာ တော်ရုံခံစားရမှုကြောင့် မဟုတ်ပေ။ ရင်ထဲမှာ နင့်နင့်နဲနဲခံစားရမှသာ ထွက်ပေါ်လာ သော အရာသာဖြစ်သည်။
ကျွန်မတသက်မမေ့ဖြစ်တော့မဲ့ မျက်ဝန်းအစုံ…..
ကလေးတွေမှာလည်း ခံစားချက်တွေရှိတာပဲလို့  မိဘတွေကို နားလည်စေချင်လိုက်တာ။
" မင်း မျက်လုံးတွေကို ထပ်ဖွင့်ကြည့်ပါဦး " 
ရုတ်တရက် သူ စကားလုံးများက နားထဲသို့ ပင် ၀င်လာသည်။
" ဟင့်အင်း…..ဟင့်အင်း ဒါမျိုးတွေ ကျွန်မထပ်မကြည့်ပါရစေနဲ့ တော့.."
                                    ဧပရယ်ဆွေဆွေ
Posted by Unknown on
 မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ရခိုင်၊ မွန်အစရှိသော တိုင်းရင်းသားများနှင့် ၇၅% ခန့် ပါဝင်သောဗမာဟူသော တိုင်းရင်းသားများပါဝင်နေထိုင်ကြသည်။ ထို့  ကြောင့် ဗမာ ဟူသော စကားသည် လူများစုဖြစ်သော ဗမာစကားပြောသော တိုင်းရင်းသားအုပ်စုကို ရည်ညွှန်းရမည်ဖြစ်ပြီး မြန်မာ ဟူသောစကားသည် ဗမာတိုင်းရင်းသားများအပါအ၀င် အထက်တွင် ဖော်ပြခဲ့သော မြန်မာပြည်တွင် နေထိုင်ကြသော တိုင်းရင်းသားများအပါအ၀င် ဆိုလိုရမည်ဖြစ်သည်။
ထိုဝေါဟာရ နှစ်ခုတည်ရှိခဲ့ခြင်းသည် ၁၇ ရာစုနှစ် အစောပိုင်းမှစ၍ ရှိခဲ့ဟန်တူပါသည်။ ၁၇ ရာစုနှစ် အလယ်ပိုင်းတွင် ပဲခူးမြို့  ဟံသာဝတီရှိ နန္ဒဘုရင်ကို တောင်ငူဘုရင်နှင့် ရခိုင်မှ မင်းရာဇာကြီးတို့ က စုပေါင်းတိုက်ခိုက်ကြပြီး ဟံသာဝတီပြည် ပဲခူး ပျက်စီးသွားသည့်အခါ ပဲခူးရှိများစွာသောလူများကို ရခိုင်ပြည်သို့ ခေါ်ဆောင်သွားခဲ့ကာ ထိုမှတစ်ဆင့် ထိုစဉ်အခါက ရခိုင်ပြည် တွင်ပါဝင်သော စစ်တကောင်းတောင်တန်းဒေသတွင် နေရာချထားခဲ့ပါသည်။ ထိုစစ်တကောင်း တောင်တန်းဒေသတွင်ပင် ဆက်လက်နေထိုင်ခဲ့ကြသော ပဲခူးအဆက်အနွယ်တို့ သည် ယနေ့ တိုင်ပင် မိမိကိုယ်မိမိ မြန်မာ(Mrama) ခေါ်ဆိုကြသဖြင့် ဗမာဆိုသောစကားသည် ထို ၁၇ ရာစုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့ဟန်တူသည်။
မည်သို့ ပင်ဖြစ်စေကာမူ အထက်တွင်တင်ပြခဲ့သည့်အတိုင်း မြန်မာလူမျိုးဟု ခေါ်ဆိုခြင်းသည် တိုင်းရင်းသားလူမျိုး အားလုံးပါဝင် အကျုံးဝင်ပြီး ဗမာဟူသော အခေါ်အဝေါ်မှာ ၇၅% ခန့်ရှိသော တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဗမာ များကိုဆိုလို ကြောင်း ယခုအခါအဓိပ္ပာယ်ဖွင့်ဆိုကြသည်။
မြန်မာပြည်တွင်နေထိုင်လျက်ရှိကြသော တိုင်းရင်းသားတို့ ရှိကြရာ ယင်းတို့ သည် ယခုမိမိတို့ သတ်မှတ်ထားသော မြန်မာနိုင်ငံ၏ နယ်မြေအတွင်းသို့ မည်သည့်အခါက မည်သူတို့ က ပထမဦးစွာစော၍ ၀င်ရောက်လာကြခြင်း၊ နောက်ကျ၍ ၀င်ရောက်လာကြခြင်းအစရှိသော ပြဿနာတို့ မှာမိမိတို့ တိုင်းရင်းသားများ၏ သမိုင်းမှတ်တမ်းမှတ်ရာများတွင် အရေးတကြီး လုပ်၍ ဖော်ပြထားခဲ့ခြင်းမရှိပါ။ အမှန်စင်စစ် မိမိတို့ မြန်မာမြေပေါ်တွင် ကျောက်ခေတ်ဟောင်း ကာလတွင်လည်းကောင်း၊ ကျောက်ခေတ်အလယ်နှင့် ကျောက်ခေတ်နှောင်းပိုင်းခေတ်ကာလတွင်လည်းကောင်း လူများနေထိုင်ခဲ့ကြသည်ဆိုသည်မှာ လည်း သက်သေအထောက်အထားများနှင့်တိကျစွာရှိပေသည်။ ထိုရှိပြီးသောသူများနှင့် ပူးပေါင်းပေါင်းစပ်နေထိုင်ရန် အခြား အရပ်ဒေသများမှ ပြောင်းရွှေ့ ဝင်ရောက်လာကြသည်ဆိုသည်မှာ ဖြစ်နိုင်သော်လည်း ထိုပြောင်းရွှေ့ လာကြသောသူများသည် မည်သူက ပထမဦးစွာရောက်ရှိလာသည် မည်သူကနောက်မှ ရောက်ရှိလာသည်ဆိုသော ပြဿနာမှာ သက်သေပြ၍လည်းမရ၊ အရေးကြီးသော အချက်လည်းမဟုတ်ပေ။ ဤကိစ္စ နှင့်ပက်သက်၍ အချို့ သောအနောက်တိုင်း သမိုင်းပညာရှင်ကြီးများက ယင်း တို့ အင်္ဂလန်တွင် ပထမဦးစွာ Briton  ခေါ် နယ်ခံလူများရှိပြီးသော်လည်း Anglo-Saxon ခေါ် လူတို့ က ယခု ဂျာမနီပြည်ဘက်မှ ပြောင်းရွှေ့ လာကြသည် ဟု စသော အချက်အလက်များကို အခြေခံ၍ မြန်မာလူမျိုးများနှင့်ပက်သက်၍လည်း ထိုကဲ့သို့ ဖြစ်နိုင် သည်ဟု တွက်ချက်ခဲ့ဟန်တူ၍ Hypothesis ခေါ် အနုမာနအယူအဆများတည်ဆောက်ခဲ့ကြသည်။ ယင်းကဲ့သို့  အင်္ဂလန် ပြည် တွင် အထက်ပါ Saxon လူမျိုးတို့ သည် အင်္ဂလန်သို့ စတင်ပြောင်းရွှေ့  နေထိုင်ကြခြင်းမှာ ရောမအင်ပါယာကြီး ပျက်သုဉ်းသွား သော ၄ ရာစုနှစ်ခန့် မှသာဖြစ်ပျက်ခဲ့သဖြင့် အခြေအနေအရပ်ရပ်တို့ ကို လေ့လာသုံးသပ်ရန် လွယ်ကူပေသည်။ မြန်မာပြည် အနေဖြင့် ကျောက်ခေတ်၊ ကြေးပစ္စည်းများ၊ သံပစ္စည်းများကို စတင်သုံးသောခေတ်တို့  အားလုံးကို အထောက်အထားနှင့်တွေ့ ရှိ ထားသော လူ့ ဘောင်အသိုင်းအ၀ိုင်းတွင် အထက်ပါ အနုမာနအယူအဆကို တည်ဆောက်လိုခြင်းမှာ အခြေအနေခြင်း မတူ သဖြင့်တည်ဆောက်ထားသော အချက်အလက်များမှာ စိတ်ကူးယဉ် သက်သက်သာဖြစ်ပေတော့သည်။
သို့ ပါသော်လည်း အချို့ သောပညာရှင်ကြီးများသည် မြန်မာတိုင်းရင်းသားများကို မြောက်ဘက်မှတောင်ဘက်သို့ ပြောင်း ရွှေ့ လာကြသည်ဟု စိတ်ကူးရှိကြပြီး တောင်ဘက်တွင် ရောက်ရှိနေသောသူများသည် အစောဆုံးရောက်သောသူများဖြစ်သည်။ မြောက်ဘက်တွင်နေထိုင်သူများဖြစ်သည့် ဥပမာ- ရှမ်းလူမျိုးများသည် နောက်ဆုံး ၁၃ ရာစုနှစ် ခန့် မှသာလျှင် ရောက်ရှိလာ ကြသည်ဟု ပြောဆိုကြပြန်သည်။ (ဒေါက်တာသန်းထွန်း- ခေတ်ဟောင်း မြန်မာရာဇ၀င်၊ စာမျက်နှာ ၂၈၀)
ထို့ အပြင် ယင်းပညာရှင်အုပ်စုကပင် ဗမာများသည် ၉ ရာစုနှစ်ကျမှ ကျောက်ဆည်ဒေသမှစတင်၍ ရောက်ရှိ လာကြ သည်ဟု ပြောဆိုလာကြသည်။ ဤဆိုလိုချက်တို့ ၏ အခြေအမြစ်ရှိမှု၊ မရှိမှုတို့ မှာ ရှမ်းလူမျိုးများသည် မြန်မာပြည်မြောက်ပိုင်း တွင်ရှိသော နေရာဒေသများတွင်ပင် နေထိုင်ကြသည်မဟုတ်ဘဲ မြန်မာပြည်အလယ်ပိုင်းရှိ ဖြူးမြို့  ပတ်ဝန်းကျင်၊ မြန်မာပြည် တောင်ပိုင်းတွင်ရှိသော မှော်ဘီ၊ တိုက်ကြီးပတ်ဝန်းကျင်တို့ တွင်လည်း တွေ့ ရှိရပေသည်။ ဗမာလူမျိုးများနှင့် ပက်သက်လျှင် လည်း ဗမာလူမျိုးတို့ သည် မြန်မာပြည်အလယ်ပိုင်းတွင် များစွာတွေ့ ရှိရသည့်အပြင် မြန်မာပြည်၏ တောင်ဘက်စွန်းဖြစ်သော မြိတ်၊ ထားဝယ်၊ ကော့သောင်းတို့ တွင်ပင် နေထိုင်ကြသည်။ ထို့ ကြောင့် အထက်မှ အယူအဆများအတိုင်း တောင်ပိုင်းတွင် နေထိုင်သူများသည် အရင်ရောက်ရှိကြသည်။
မြောက်ပိုင်းတွင် နေထိုင်သူများသည်နောက်မှ ရောက်ရှိလာကြသည်ဆိုသော အယူအဆမှာ လုံးဝအခြေအမြစ် မရှိသည့် အပြင် ဤ Hypothesis ခေါ် အနုမာနအယူအဆများသည် ရိုးသားမှုမရှိဘဲ မြန်မာတိုင်းရင်းသားများ အချင်းချင်းခွဲခြားရန် ကိုလိုနီ အယူအဆများအရ Divide and Rule ခေါ် ခွဲခြား၍ အုပ်ချုပ်ခြင်းဆိုသော အကြံဥာဏ်နှင့် ဆက်နွယ်စရာအကြောင်းရှိပေသည်။
ဗမာလူမျိုးများ၏ အစနှင့်ပက်သက်၍ မှန်နန်းရာဇ၀င်အစရှိသော ရှေးမှတ်တမ်းမှတ်ရာများတွင် မြန်မာအစ တကောင်းက ဟုဆိုလိုခဲ့ခြင်းမှာ ဗမာများက ယင်းတို့ ၏ပထမဦးဆုံးသော မင်းနေပြည်တော်ကို မြတ်စွာဘုရား၏ ဆွေမျိုးဖြစ်သောသူများက စတင်တည်ထောင်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဗမာလူမျိုးတို့ သည် မြတ်စွာဘုရား၏ အမျိုးများမှ ဆင်းသက်လာသူများ ဟု ဆိုလိုခြင်းမရှိပေ။ ယင်းသို့ မြန်မာလူမျိုးတို့ စတင်ခဲ့သော တကောင်းပတ်ဝန်းကျင်တွင် ရှေးဟောင်းပစ္စည်းများနှင့် အမွေအနှစ် များကို တွေ့ ရှိရသဖြင့် ဗမာတို့ ၏ ရှေးအယူအဆကို ပယ်ဖျက်ရန်ခိုင်လုံ သော အထောက်အထားမရှိပေ။
ထိုသို့ သော မြန်မာတို့ ၏ယူဆချက်ကို ခိုင်လုံမှုမရှိ၊ မဖြစ်နိုင်ဟု အနုမာနယူဆချက်တစ်ရပ်ကို အင်္ဂလိပ်သမိုင်း ပညာ ရှင်ကြီးတို့ က ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်မှစ၍ တည်ဆောက်လာခဲ့ကြသည်။ ယင်းတွင် မြန်မာများသည် ၉ ရာစု နှစ်တွင် မြင်းများ စီး၍ယခုကလောအနီးရှိ ညောင်ကန်ဒေသမှ ကျောက်ဆည်လွင်ပြင်သို့ ရောက်ရှိလာကြပြီး ထိုဒေသတွင်ရှိကြသော မွန်လူမျိုးတို့  ကို တောင်ဘက်သို့ တိုးရွှေ့ ခဲ့ပြီး ထိုဒေသမှအနောက်ဘက်တွင်ရှိသော ဧရာဝတီမြစ်နှင့် ကပ်လျက်ရှိသော ပုဂံဒေသကို သိမ်း ပိုက်ခဲ့ကြကာ ပုဂံမင်းဆက်ကို ၁၀ ရာစုနှစ်ခန့် တွင် တည်ထောင်ခဲ့ကြသည်။ ယင်းဗမာတို့ သည် ပထမဦးစွာ ဗုဒ္ဓဘာသာဝင် များမဟုတ်ကြဘဲ ၁၁ ရာစု အနော်ရထာမင်းစောလက်ထက်တွင် သထုံပြည်ကို အောင်မြင်ပြီးနောက်မှ ဗုဒ္ဓ အယူအဆ ကိုရရှိကြ ပြီး ယင်းနှင့်အတူ ဘုရားပုထိုးများတည်ဆောက်ခြင်းအတတ်နှင့် ဗုဒ္ဓ ဘာသာယဉ်ကျေးမှုများကို စတင်ရရှိ၍ ယဉ်ကျေးသောသူ များအဖြစ် တဖြည်းဖြည်းပြောင်းလဲလာကြသည်ဟူ သော အနုမာနယူဆချက်တစ်ရပ်ကို တည်ဆောက်တင်ပြလာခဲ့ကြသည်။ ယင်းယူဆချက်ကို အထက်ပါဆရာကြီးများ က တရုတ်မန်ရူကျမ်းများကို အခြေခံသော အောက်ပါအချက်အလက်တို့ မှတည် ဆောက်ခဲ့ကြသည်။
(၁) ဗီ ၈ ရာစုနှစ်မှ ၁၄ ရာစုနှစ်ခန့် အတွင်း လက်ရှိ ယူနန်ပြည်တောင်ပိုင်းတွင် နန်ကြောင် ခေါ် Nan-Chao တိုင်းပြည်         တစ်ပြည်ရှိခဲ့၍ ယင်းနန်ကြောင်လူမျိုးတို့ အောက်တွင် မင်းစောဟုခေါ်သော လူမျိုးများရှိခဲ့ခြင်း။
(၂) ထိုမင်းစော ခေါ် လူမျိုးများသည် နန်ကြောင်တိုင်းပြည်အတွင်း အဖိနှိပ်ခံလူများဖြစ်ခဲ့ခြင်း၊
(၃) ယင်းနန်ကြောင် တိုင်းပြည်သည် ၉ ရာစုနှစ်အစပိုင်းတွင် မြန်မာပြည်အတွင်းရှိ မြို့ နှစ်မြို့ အား ၀င်ရောက် တိုက် ခိုက်ဖျက်ဆီးခဲ့ခြင်း။
ဤအချက်များသည်သာ တရုတ်မန်ရူကျမ်းများတွင် ပါဝင်ခဲ့ပါသည်။ထိုသည်များကို အခြေခံ၍ အင်္ဂလိပ်သမိုင်း ပညာရှင် ကြီးများက မင်းစော ခေါ် လူမျိုးများသည် ဗမာများဖြစ်ဟန်တူကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဗမာများက ယင်းတို့ ၏အကြီး အကဲများကို မင်းဟူ၍လည်းကောင်း၊ စော ဟူ၍လည်းကောင်းခေါ်ဆိုကြသည်။ ထိုမင်းစော ခေါ်သောသူများသည် ယင်းတို့ ၏ အဖိနှိပ်ခံဘ၀မှ ရုန်းထွက်လို၍ ယင်းတို့ နန်ကြောင်တပ်များနှင့်အတူ မြန်မာပြည်ရှိ မြို့ နှစ်မြို့ ကို တိုက်ခိုက်စဉ်ကပါဝင်ခဲ့ဟန်တူ သောကြောင့် ယင်းတို့ သိရှိပြီးသောနယ်မြေများအတွင်းသို့  ကျောက်ဆည်လွင်ပြင်မှ ၀င်ရောက်လာကြဟန်တူကြောင်းဟု ၁၉၃၁ ခုနှစ်ခန့် ကစတင်၍ ယူဆချက်များကို တည်ဆောက်လာကြသည်။ ( 1931 Geography of Burma and Pagan Dynasty, 1940 Economics Life of Early Barman) ထိုသို့  စိတ်ကူးယဉ်ခံယူချက်မှစတင်၍ ၁၉၆၅ ခုနှစ်တွင် ပါမောက္ခ Luce က မြန်မာများ ကျောက်ဆည်လွင်ပြင်မှစတင်ရောက် ရှိလာခဲ့ကြခြင်းသည် ၉ ရာစုနှစ်တွင် မိမိသေချာကြောင်း တင်ပြလာခဲ့သည်။ (Old Kyaukse and the Coming of Burmans)
တင်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်ပညာရှင်ကြီးများက မန်ရူကျမ်းများကို အခြေခံခဲ့သည်ဆိုသော်လည်း ထိုကျမ်းများတွင် မင်းစောဆိုသောသူများသည် ဗမာများဖြစ်သည်ဟုလည်း မပါ၊ မင်းစောဆိုသောသူများသည် မြန်မာပြည်တွင်းသို့ ထွက်ပြေးလာ သည်ဟူ၍လည်း မပါ၊ စသော တိကျမှုမရှိသည့်အချက်များကြောင့် ဤအနုမာနယူဆချက်များ မှာ လက်ခံနိုင်ရန် အကြောင်းမရှိ ပေ။ သို့ ပါသော်လည်း အထက်ပါ အင်္ဂလိပ်ပညာရှင်ကြီးများဖြစ်သော ပါမောက္ခ Luce ၏ ၁၉၅၀ ခုနှစ်များက မြန်မာ့သမိုင်း သုတေသနအဖွဲ့ ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်ကတစ်ကြောင်း၊ ထိုခေတ်အခါက မြန်မာလူမျိုးများသည် ထိုမန်ချူးကျမ်းများကို လေ့လာနိုင်ခြင်းမရှိခဲ့သည်ကတစ်ကြောင်းတို့ ကြောင့် မိမိတို့ အစဉ် အလာ အယူအဆဖြစ်သော မြန်မာအစ တကောင်းက အစား မြန်မာအစ ကျောက်ဆည်က ဟု ပညာရှင် တော်တော်များများက လက်ခံလာခဲ့ကြသည်။
ယင်းယူဆချက်၏ လွှမ်းမိုးမှုမှာ စွယ်စုံကျမ်း အတွဲ (၁၀) ၊ စာမျက်နှာ (၂၃၄)တွင် လည်းကောင်း၊ ၁၉၇၁ ခုနှစ် ထုတ် ဦးဘရှင်၏ အနော်ရထာအရင်က မြန်မာနိုင်ငံ အစရှိသော စာအုပ်များတွင် မြန်မာတို့ ၏ အစသည် ကျောက်ဆည်သာဖြစ်ကြောင်း လက်ခံရေးသားလာကြသည်။
ခြုံ၍ သုံးသပ်သော် ယင်းမြန်မာအစ ကျောက်ဆည်က ဟူသော အယူအဆမှာ တင်ပြခဲ့သည့်အတိုင်း မည်သို့  သော ကျောက်စာနှင့် အခြားအထောက်အထားများမရှိဘဲ ထိုအနုမာနယူဆချက်များသည် စိတ်ကူးယဉ်အချက် အလက်တို့ မှ အခြေခံ တည်ဆောက်ခဲ့ကြသည်မှာ ထင်ရှားပေသည်။
ယင်းကိစ္စနှင့်ပက်သက်၍ ပုဂံမြို့ ကို ၉ ရာစုနှစ်ကျမှ မြန်မာများတည်ဆောက်သွားသည်ဆိုသောအချက်မှာလည်း ပုဂံမြို့  တွင် ထိုအချိန်ထက်စောသော ပျူလက်ရာများနှင့် ပျူစာပေများတွေ့ ရှိသဖြင့် ပုဂံသည် သရေခေတ္တရာမှပြည်သူများ ဆက်လက် တည်ဆောက်သွားကြောင်း ထင်ရှားပေသည်။ ယင်း မြန်မာအစ ကျောက်ဆည်က ဟူသော ထိုအနုမာနယူဆချက်များသည် စိတ်ကူးယဉ်အချက်အလက်တို့ မှ အခြေခံတည်ဆောက်ခဲ့၍ ယခုအချိန်အခါတွင် ပယ်ဖျက်သင့်ပေသည်။
                    ဒေါက်တာကျော်လတ်
 အချစ်ဟာ ဘာလဲလို့ ချစ်ဖူးတဲ့သူတိုင်းသာ ပိုသိမှာပါ။ လူသားတိုင်းလည်း အချစ်လို့ ယူဆတဲ့ အရာများနှင့် တွေ့ ဆုံခဲ့ဖူးကြမှာပါ။ အဲဒီအချစ်က အံ့သြစရာကောင်းလောက်အောင် တန်ခိုးသတ္တိနဲ့ လည်း ပြည့်စုံတယ်။ ချစ်ရင်အရာရာကို အလျော့  ပေးတတ်လာပြီး ချစ်လျှင် အရာရာကို စွန့် လွှတ်ရဲတတ်ပြန်တယ်။  တခါတလေ သူ့ ကိုသာ အလေးထားမိသောကြောင့် အရာရာကိုမေ့လျော့ ပေါ့ဆမိတတ်ပြန်ရော။ စိတ်ဆိုတာကလည်း ဂရုစိုက်ပါများလျှင် အစွဲဖြစ်တတ်တယ်လေ။ တစ်စုံတစ်ယောက်ကို ချစ်မိချိန်ဟာ မိမိ၏ ဆင်ခြင်တုံတရား အမှောင်ထဲသို့ ရောက်နေချိန်ဖြစ်ပါတယ်။ ချစ်နေချိန်မှာတော့သူ့ ကို လူညံ့လို့ ပြောပြော လူအလိုခေါ်ခေါ် သူအရှုံးနိမ့်ခံနေမှာပါပဲ။ မိမိအမှားကို မိမိကိုယ်တိုင်နားလည်လက်ခံပြီး မပြုပြင်နိုင်တဲ့အမှန်တရားကိုလည်း အချစ်က ဖန်တီးတတ်တာကိုး။
    လက်လှမ်းမမီသည့်ပန်းအတွက် လိုအပ်လျှင် ပင်စည်ကိုလှဲပြစ်ရဲသည်အထိ မိုက်ရူးရဲ ဆန်မိတတ်တာကလည်း မိမိအခြေအနေကို မိမိမသိဘဲ ဘ၀ကိုဖြတ်သန်းနေမိတဲ့ အချစ်ဆိုသော အရာနဲ့ ကြုံတွေ့ ချိန်မှာပေါ့။  သေချာတာတစ်ခုက အဲဒီ အချိန်မှာ သူ့ ဆီက ဘာအခွင့်အရေး အကျိုးအမြတ်မှ မလိုချင်ကြပါဖူး။ ချစ်နေရရုံ၊ ချစ်နေရရုံလေးနဲ့ ပဲ ကျေနပ်နေတာပါ။ ကိုယ်ကချစ်တယ်ဆိုတာ ကိုယ့်ဘ၀တစ်ခုလုံးကို သူ့ ခြေရင်းမှာပုံအပ်ထားလိုက်တာနဲ့ တူပါတယ်။ ဒါဟာ မာနအားလုံးကိုခါချပြီး သူ့ ကို ကိုယ် ဘယ်လောက် တန်ဖိုးထားတာကိုပြသခြင်းပါ။ အဲဒီအတွက် မာနတွေလုံးဝမရှိတော့ဖူး။ သူသိချင်သိပါစေ။ မသိချင်လည်း နေပါစေ။ ဒါဟာ ချစ်ခြင်းက ပေးတဲ့အရာပါ။
ချစ်သူစိတ်ညစ်နေလား
ချစ်သူ မျက်နှာပျက်နေလား …..….
ချစ်သူ …….လား။ လား…..ပေါင်းများစွာသော မေးခွန်းတွေက သူ့ မျက်နှာကိုကြည့်ရင်း …..….ကိုယ့်အသည်းတွေ ပဲ့ကြွေ သွားမလားထင်ရချိန်လေ။ အဲဒီအချိန်မှာ သူပျော်ရွှင်ဖို့ သာ ကိုယ့်အတွက်အရေးကြီးဆုံးဖြစ်ပြီး ကိုယ့်မှာဘာအပြစ်ရှိနေလဲလို့ ကိုယ့်ကိုပြန်စိစစ်တတ်ချိန်လည်းဖြစ်ပါတယ်။  နွေးထွေးလိုက်၊ အေးစက်လိုက်၊ စိတ်ပျက်လိုက်၊ ၀မ်းသာလိုက်နဲ့  အချစ်ကပေးတဲ့ ခံစားချက်တွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ဘ၀ကိုစီးမျောနေခဲ့မိတယ်။
သေချာတာက
အချစ်ကြောင့် လောင်မြိုက်ချင်လောင်မြိုက်သွားပါစေ
အချစ်ကြောင့် နာကျင်သလောက် နာကျင်ခဲ့ပါစေ
အချစ်ကြောင့် ပူလောင်ချင်သလောက် ပူလောင်ပါစေ
ဒါတွေကို လက်ခံနိုင်ခဲ့ပြီဆိုရင် သင် တကယ်အချစ်စစ်နဲ့ သူ့ ကို ချစ်နေမိပြီဆိုတာ..ယုံလိုက်ပါတော့။
ဧပရယ်ဆွေဆွေ
Posted by Unknown on
အဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာနဲ့ တည်နေတဲ့ မြို့…
“စင်္ကာပူ။” ခြင်္သေ့ဟာ ခြင်္သေ့လိုမနေတဲ့ မြို့။.
လူကိုလူလို့မမြင်တဲ့ လူတွေနဲ့ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်နေတဲ့ မြို့။.
ပလီပလာနိုင်ငံရေးနဲ့ ရေညစ်ကို ပြန်စစ်သောက်နေရတဲ့ မြို့။.
အဖြူကိုမှလူထင်ပြီး ရေတူမြေတူကိုလူလို့မထင်ချင်တဲ့ မြို့။.
ဒီဇင်ဘာကို နှင်းအတုနဲ့ ကြိုရတဲ့ မြို့…။.
ကျောက်ရုပ်လို မျက်နှာပေးတွေ ဆပ်ဝေးထဲမှာ ငိုင်နေလှုပ်နေတဲ့ မြို့။.
သူဌေးနဲ့ အလုပ်သမားကြား ယုံကြည်မှုပျက်ပြားနေတဲ့ မြို့။.
လင်ဝေးသားဝေးတွေကို ဖုန်းထဲမှာ တွေးပျော်နေတဲ့ မြို့။.
မြို့ခံလူကြီးတွေ ညစာစားပွဲတောင်မလိုက်ဘူးဆိုပြီး
ကုမ္ပဏီအကြီးကြီးတွေခိုးဖွင့်ထားတဲ့ မြို့။.
လိုမြေတွေအတွက် သူတစ်ပါးဘဝတွေကို ချနင်းမြေဖို့နေတဲ့ မြို့။. .
အေ၊ ဘီ၊ စီ၊ ဒီ မရေလည်တဲ့ ပါးကွက်ကြားလေးကို
သူနာပြုနဲ့ အိမ်ဖော်လုပ်ဖို့ လိမ်ခေါ်တဲ့ မြို့။.
ကျေးဇူးကြွေးကို ဘဝပေါင်ပြီးဆပ်မယ့် သားသမီးလင်မယားတွေ
ညညထငိုနေတဲ့မြို့။. သား၊ သမီးနဲ့ ဇနီးလိုတာတွေပို့နိုင်ပြီး
အနမ်းနဲ့ပြုသောအချစ်တွေပြန်မပို့နိုင်တဲ့ မြို့။.
ကိုယ့်အပူကိုယ်သိမ်းပြီး မွေးမြေအပူတွေကို
ငွေစကြေးစမျက်စိမှိတ်လှူကြတဲ့လူမြတ်တွေရှိတဲ့ မြို့
နောက်ဆုံးပေါ်ဖုန်းပေါ်မှာမို့ မတ်စိထားခဲ့ပါဆိုတဲ့ မြို့။.
ဘဝမေ့တဲ့ အမျိုးကောင်းသားနဲ့သမီးတွေရှိတဲ့ မြို့။.
အဲဒီမြို့ကို ဆွမ်းတော်တင်ကြည့်ဖူးတယ် အဲဒီကနေ ငါပြန်ခဲ့ရတယ်။
အဲဒီမှာ ငါ့သူငယ်ချင်းတွေ ကျန်ခဲ့တယ်။.
အဲဒီမှာ ငါ့သူငယ်ချင်းတွေရှိတယ်။
အခုအဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာနဲ့ တည်နေတဲ့ မြို့…။.
စိမ်းခက်စိုး     
credit to >>>Zaw Win Maung
Posted by Unknown on
0 comments
categories: | | edit post
 လူများတွင် သတ္တ၀ါအားလုံးတို့ ထက် သာသောအချက်မှာ စဉ်းစားသုံးသပ် အမှားအမှန်သိတတ်သော အသိ ဥာဏ်ပင်ဖြစ်သည်။ သို့ သော်ထိုအသိဥာဏ်ကို ကောင်းစွာထုတ်မသုံးတတ်လျှင်ဖြင့် ထိုအသိဥာဏ်ရှိဆုံးလူသားသည် သူ့ ထက်မိုက်သော တိရစ္ဆာန်ပင်ရှိလိမ့်မည်မထင်အောင် မိုက်မဲတတ်ပါသည်။ စင်စစ်လူများသည် ကမ္ဘာပေါ်တွင် အခြားသောသတ္တ၀ါများအား မင်းမူနေနိုင်ခြင်းမှာ ၄င်းတို့ ၏ တူမတူသော စိတ်ကူးနှင့် အတွေးအခေါ်ကြောင့်ပင်ဖြစ် သည်။
မိမိ၏အတွေးအခေါ်ကို ရင့်ကျက်ပြီးကောင်းမွန်စွာအသုံးချတတ်ရန်အတွက် ပထမဦးစွာ သင်ယူခြင်း၊ မှတ်သား ခြင်း၊ လေ့ကျင့်ခြင်းများကို ဦးစွာလုပ်ကြရပါသည်။ ထိုသို့ သင်ယူပြီးလျှင်လည်း ပြန်လည်အသုံးချဖို့ လိုအပ်ပါသည်။ မှတ်သားသမျှသည် အသုံးပြန်မချနိုင်လျှင်လည်း အကျိုးမရှိနိုင်ပေ။သို့ သော်လည်း ဆရာမောင်ပေါ်ထွန်းပြောသလိုပင် လူတစ်ယောက်အတွက် အကောင်းဆုံးသင်ခန်းစာများကို ကျောင်းတွေက မသင်ပေးနိုင်ပေ။
လူတစ်ယောက်ရထားသော ဘွဲ့ ဒီဂရီများသည် ထိုသူအတွက် အရာအားလုံးတွင် အသုံးချမရနိုင်ပါ။လက်တွေ့  ဘ၀၏ပြဿနာများကို အချက်ကျကျဖြေရှင်းနိုင်ခြင်းသည် ပညာတတ်တိုင်းဖြေရှင်းနိုင်သည်မဟုတ်ပါ။ ဥပမာ- ငွေ တစ်ထောင်ကိုင်ထားသော အိမ်ရှင်မတစ်ယောက်၏ ဈေးဝယ်နိုင်မှုစွမ်းရည်ကို အိမ်ထောင်ရှင်အမျိုးသားများ လိုက်မမီ တတ်ပါ။ ထိုတစ်ထောင်ဖြင့် မီးဖိုချောင်၏လိုအပ်ချက်ကို အိမ်ရှင်မကသာ လိုအပ်သလိုခွဲခြမ်းစိတ်ဖြာနိုင်မည်သာဖြစ် သည်။ ထိုအခြေအနေကို ငွေရှာနိုင်သော အိမ်ထောင်ဦးစီးအမျိုးသားက လိုက်မီမည်မဟုတ်ပေ။ ဤသည်မှာ မလုပ် နိုင်ဟုဆိုလိုခြင်းမဟုတ် မကျွမ်းကျင်ခြင်းသာဖြစ်သည်။လူတိုင်းသည်ကျွမ်းကျင်ရာတွင် လိမ္မာတတ်ကြသည်သာဖြစ်၏။
ထို့ ကြောင့် ပညာမတတ် ပညာမသင်နိုင်သူများအနေနှင့်လည်း စိတ်အားမငယ်သင့်ပဲ မိမိအတွက် အသုံးဝင် နိုင်သော အကျိုးရှိသောနေရာတိုင်းတွင် ငါနေရာယူနိုင်သေးသည်ကို သိထားသင့်ပါသည်။ ယခုအခါတွင် လူငယ်များ သည် သင်ယူရန်အခွင့်အလမ်းများစွာရှိလာနေပြီဖြစ်သည်။
သို့ သော် သင်ယူရာတွင် စာအုပ်ထဲပါ အကြောင်းအရာကိုပဲ အလွတ်ကျက်လျှင် ထိုအကြောင်းအရာ၏ ရင်းမြစ် ကို ဘယ်တော့မှသိမြင်နိုင်မည်မဟုတ်ပေ။ ထို့ ကြောင့် အစွဲ မကင်းသော အသိကိုမသုံးဘဲ၊ အကြောင်းအရာတစ်ခုကို အပေါ်ယံမျှမဟုတ်ဘဲ သေချာစွာနားလည်အောင် လေ့လာသင့်ပါသည်။
လူတွင် ဆန္ဒ၊ တွေးခေါ်စဉ်းစားမှု၊ အသိအမှတ်ပြုခံလိုမှုများရှိတတ်ပါသည်။ သို့ သော် ထို့ အတွက်ဖြင့် ထင်ပေါ် ကျော်ကြားအောင်လုပ်ဖို့ မလိုပါ။
မိမိကသာ ထူးချွန်ထက်မြက်နေလျှင် မိမိ၏မျက်နှာသည် ကွယ်ပျောက်သွားစရာမရှိပါ။ထို့ အတွက် လူငယ်များ သည် လေ့လာရင်း သင်ယူရင်း မိမိယုံကြည်ချက်အတိုင်း လုပ်စရာရှိတာကို ဆက်လုပ်ဖို့ လိုပါသည်။နှေးနေခြင်းသည် အကြောင်းမဟုတ်ပါ။ ရပ်မနေဖို့ သာလိုပါသည်။ ထိုစကားသည် စာရေးသူအား သူငယ်ချင်းတစ်ဦးမှ ပေးထားခြင်းဖြစ် သည်။ တခါတရံ စိတ်ညစ်တိုင်း လက်လျော့လိုက်မည်ဟုကြံလိုက်တိုင်း ထိုစကားကို တီးတိုးရွတ်မိသည်။ ၂၁ ရာစုတွင် ကိုယ်ညံ့လျှင် ကိုယ်မျက်နှာကွယ်ပျောက်သွားမည်ဖြစ်သည်။ ထို့ အတူပင် ရပ်နေလျှင် ရပ်နေသောနေရာတွင် ကျန်ရစ် ခဲ့ပေမည်။ လူငယ်များအတွက် ကံကောင်းသည်က ၂၁ ရာစုသည် နည်းပညာအထွန်းကားဆုံးဖြစ်ပြီး ကိုယ်ဖန်တီးချင် သောအရာများဖန်တီးနိုင်ခွင့်နှင့် ကိုယ်လိုချင်သောအသိပညာကို အချိန်မရွေးသင်ယူနိုင်သည့် အခြေအနေများရရှိနေ သည့်အချိန်ဖြစ်သည်။
ရှုံးနိမ့်ခြင်း၊ အမှားများခြင်း၊ ဒုက္ခရောက်ခြင်းများလည်း ကြုံတွေ့ နိုင်ပါသည်။ ထိုအချိန်တွင် ဤအချက်များသည် သူများကြောင့်မဟုတ်ဘဲ မိမိလိုအပ်ချက်ကြောင့်ဟု တွေးမြင်ပြီးလျှင် မိမိဘာသာတာဝန်ယူဖြေရှင်းတတ်ရမည်။ ကြိုး စားတိုင်း မအောင်မြင်တတ်ပါ။ မျှော်လင့်ချက်မပြည့်ဘဲ စိတ်ကူးပန်းတိုင်ဆီမရောက်လျှင် လူတို့ သည် ကိုယ့်ဘ၀ကို အားငယ်လာတတ်သည်။ တခြားသူကြောင့်ဟု အပြစ်ရှာကာ ပြဿနာမှ ရှောင်ကွင်းချင်လာတတ်သည်။ ထိုအခါ ထိုသူသည် စဉ်းစားဥာဏ်အသစ် မရှိဘဲ အတွေးဟောင်းဖြင့်သာ ထိုင်ကျန်ရစ်နေပေလိမ့်မည်။စင်စစ် ပြဿနာဆိုသည် မှာ လူတိုင်းကြုံရမြဲဓမ္မတာပင်ဖြစ်သည်။ ဘ၀အသိပညာနှင့် အတွေးအခေါ်သည် မိမိကိုယ်တိုင်၏ အတွေ့ အကြုံများမှ ရနိုင်သလို တစ်ပါးသူတို့ ၏ အတွေ့ အကြုံများမှလည်း သင်ယူနိုင်ပါသည်။ ထိုသို့ သိလိုလျှင်မူ စာများများဖတ်ဖို့ လို၏။ စာဖတ်သူသည် ဘက်စုံမျှတသော အသိဥာဏ်ကို ပိုင်ဆိုင်နိုင်သည်။ ထို့ ကြောင့် အတွေးအခေါ်ကောင်းများကို စာဖတ်ခြင်းဖြင့် ရယူနိုင်သည်။
    စူးစမ်းလေ့လာမှုအားကောင်းလျှင် စိတ်ကူးဥာဏ်အသစ်နှင့် အတွေးအခေါ်တို့ သည် တိုးတက်လာမည် ဖြစ်သည်။ လူများသည် မိမိ၏အစွမ်းအစကို သိတတ်မြင်တတ်သော်လည်း မိမိ၏အားနည်းချက်ကိုမူ မသိကျိုးကျွန်ပြု ကာ လျစ်လျူရှုတတ်သည်။ ဤသည်မှာ လူ့ သဘာဝတစ်ခုပင်ဖြစ်သည်။ လူတိုင်းကျင့်သုံးနေသော်လည်း မိမိကမကျင့် သုံးဘဲ မိမိအမှားကို အမှန်ရောက်အောင် မိမိအားနည်းချက်ကို မိမိဘာသာသိမြင်အောင် ကြိုးစားရပါမည်။ မိုးခါးရေ သောက်သုံးခြင်းမှ နိုးထကာ လူသားအဖြစ်မှ တစ်ရွေးသားမျှ အပွန်းမခံဘဲ တာဝန်ယူတတ်သောစိတ်မွေးမြူရမည်။ ကိုယ့်ကိုကိုယ် တာဝန်ယူတတ်မှု၊ စဉ်းစားချင့်ချိန်တတ်မှု၊ ပြဿနာများကိုင်တွယ်တတ်မှု အရာအားလုံးသည် လေ့လာ သင်ယူနိုင်သည်ချည်းပင်ဖြစ်ပါသည်။
ထို့ ကြောင့် လူငယ်များအနေဖြင့် မိမိတို့ ၏ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်လေ့လာချက်များဖြင့် မိမိတို့ ၏ လိုအပ်ချက်များရှိနေသည့် လူ့ အဖွဲ့ အစည်းသစ်ကို ပြောင်းလဲဖန်တီးကြဖို့ လိုပါသည်။
စာရေးဆရာတစ်ဦးရေးဖူးသောစာကို ပြန်လည်တင်ပြလိုပါသည်။
သစ်ရွက်မရှိသော သစ်ပင်သည် သစ်ပင်ပဲဖြစ်သည်။ သို့ သော်
သစ်ပင်မရှိသော သစ်ရွက်သည် သစ်ရွက်မဟုတ်ဘဲ အမှိုက်သာဖြစ်သည်။
ထို့ ကြောင့် သစ်ရွက်လိုအမှိုက်မဟုတ်ဘဲ ကိုယ်တိုင်သာ သစ်ပင်ကြီးဖြစ်ဖို့ လူငယ်များအနေဖြင့် ကိုယ်ပိုင် အတွေးအခေါ်များကို လေ့လာသင်ယူဖို့ တိုက်တွန်းအပ်ပါသည်။      
 ဧပရယ်ဆွေဆွေ
Posted by Unknown on Thursday, July 25, 2013
မိဘဆိုသည်နှင့် လူ့ အသိုင်းအ၀ိုင်းဝန်းကျင်တွင် အနန္တဂိုဏ်းဝင်ဖြစ်သိမြင်ထားကြသည်။ ဘုရား၊ တရား၊ သံဃာပြီးလျှင် အရေးကြီးဆုံးသော မေတ္တာရှင်တစ်ဦးဖြစ်ပြီး အသိပညာကော အတတ်ပညာကိုပါ သင်ကြားပေးကာ လူဖြစ်အောင် ကျွေးမွေးပေး သော အပေးသမားသက်သက်များသာဖြစ်ပါသည်။ လူသားတစ်ယောက်ဖြစ်လာလျှင် မိဘကိုယ်စီရှိကြမည်သာဖြစ်သည်။ မိဘသည် ကလေးများအတွက် လက်ဦးဆရာဖြစ်သည်။ သားသမီး၏ လိုအပ်ချက်အားလုံးသည် မိဘကဖြည့်ဆည်းပေးရသည်။
စာရေးသူတို့  ငယ်စဉ်က ၅ နှစ်ကျော်ထိ နို့ စို့ တုန်း ၅ နှစ်ကျော်မှသာ စာသင်ရသည်။ ယခုပို၍ပင် ဆိုးသေးသည်။ လပိုင်းလောက်ဖြင့် နို့ မှုန့် ဖြင့်အသက်ဆက်ရကာ အသက် ၃ နှစ်အရွယ်ရောက်ပါက ကျောပိုးအိတ်တစ်လုံးနှင့် စာသင်နေရပြီ။ မူကြိုအပြင် အင်္ဂလိပ်စာကိုပါ သီးသန့် သင်ကြားနေရသည်။ ဆိုလိုချင်သည်က ထိုအသက်အရွယ်နှင့်ပင် ဆရာကိုလိုအပ်လာ ကြသည်။ မိဘသည် သားသမီးကိုချစ်မြတ်နိုးတတ်ကြ၍ မိဘကိုဆိုလျှင် မကြောက်တတ်ကြသောကလေးများတွက် ဆရာသည် မိဘများအတွက် အားထားရာဖြစ်လာပြန်သည်။
စင်စစ် သင်ကြားခြင်းတွင် ဆရာချည်းပဲမလိုအပ်ပါ။ မိဘများ၏ သွန်သင်ပြသမှု၊ လူကြီးသူမတို့ ၏ အပြုအမှု၊ မိမိ ပတ်ဝန်းကျင်၏ အလေ့အကျင့်များဖြင့်လည်း ကလေးငယ်များကို သင်ကြားနိုင်ပါသည်။ ငွေရှာနေကြသော ဇနီးမောင်နှံသည် သားသမီးကို ဆရာများလက်တွင် အလုံးစုံဝကွက်မအပ်သင့်ပါ။ အတန်းပညာအသိသာရှိသော ဆရာတချို့ သည် ကလေးများ အတွက် အလုံးစုံသောပညာကို သူ မသင်ပေးနိုင်ပါ။ ဤသည်ကို မိဘများသိထားသင့်ပါသည်။ ဆရာများကိုအပြစ်ဆိုခြင်း မဟုတ်ပါ။ မိမိသားသမီးကို မိမိကိုယ်တိုင်သွန်သင် ဖို့ ဆုံးမနိုင်ဖို့ လိုပါသည်။
မိဘကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သားသမီးက သြကာသမှမရလျှင် လက်ဦးဆရာဖြစ်သော မိဘကိုသာ အပြစ် တင်ရမည်ဖြစ်သည်။ မိဘကမှဘောင်းဘီဝတ်လျှင် သားသမီး၏အ၀တ်အစားသည် ပို၍ဆိုးလာမည်ဖြစ်သည်။ မိဘကပင် သြကာသ မရလျှင် နောင်သားသမီးလက်ထက်တွင် ဘာသာရေးညံ့ဖျင်းလာမည်။
ကျောင်းစာအတွက် ဆရာတစ်ယောက်၊ အင်္ဂလိပ်စာအတွက် ဆရာတစ်ယောက်နဲ့ ကွန်ပျူတာသင်ရန်အတွက် ဆရာ တစ်ယောက်ခေါ်ကာ စာသင်နေသောကလေးသည် ဆရာလာ၍မှ ခရီးဦးကြို ခေါင်းညွှတ်ရမှန်းမသိပေ။ ဆရာ အထက်တွင် ထိုင် ချင်သလိုထိုင်ကာ ယဉ်ကျေးမှုအသိနည်းသောကလေးကို ဆရာကိုချည်းအားကိုး၍ မဖြစ်ချေ။
ကလေး၏အပြုအမှုအဆိုးအကောင်းသည် မိဘ၏သွန်သင်မှု ကောင်းမကောင်းပေါ်တွင် တည်မှီပါသည်။ ကလေးငယ် တိုင်းသည် ပကတိဖြူစင်သူများသာဖြစ်သည်။ ငယ်စဉ်ကပင် သူတို့ အဖြူရောင်စိတ်များတွင် အရောင်တိုင်း၏ အဆိုးအပြစ်ကို သင်ပြထားသင့်သည်။ ထိုသို့ မဟုတ်ဘဲ ခြေရာတိုင်းနိုင်သောအဆင့်မှအရောင်ခြယ်ဖို့ စဉ်းစားလျှင် နောက်ကျသွားနိုင်သည်။
မိဘသည် သားသမီးကို အချိန်ပေးနေခြင်း၊ စာသင်ပေးခြင်း၊ ဘုရားရှိခိုးခိုင်းခြင်း၊ ကစားခြင်း အားလုံး လိုအပ်ပါသည်။ လိုလေးသေးမရှိထား ထားသောကလေးငယ်တွင် မိဘမေတ္တာကို အချိန်ပိုင်းမျှပေးနိုင်ဖို့ လည်း လိုပါသည်။ ငယ်စဉ်ကပင် မိဘ စကားနားထောင်ပြီး နေထိုင်လာသောကလေးသည် ကြီးလာလျှင်လည်း မိဘဆိုသမျှပြောသမျှ နားထောင်လာမည်ဖြစ်သည်။
ယခု ပတ်ဝန်းကျင်တွင် မိဘက တစ်ခွန်းပြောလျှင် တစ်ခွန်းမက ပြန်ပြောတတ်သောကလေးများ၊ သူများပြော ရလောက် အောင် နေထိုင်ဝတ်ဆင်နေကြသော ကလေးများ၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေနိုင်စွမ်းမရှိ သောကလေးများ၊ ငယ် ငယ်ရွယ်ရွယ်နှင့် အကျင့်ပျက်သောအပြုအမှုနှင့် ကလေးများ ထိုကလေးများအတွက် အပြစ်ဆိုရလျှင် မိဘကိုသာ အပြစ်တင် ရမည်သာဖြစ်သည်။
မိဘသည်သာ အခရာဖြစ်သည်။ မသင့်တော်သော အ၀တ်အစားဝတ်လျှင် မသင့်တော်ဟု ပြောရမည်။ အဖေ အမေရှေ့ ၊ လူကြီးသူမများရှေ့ များတွင်မှ ဒူးထောင်ပေါင်ကား အနေထိုင်မသင့်လျှင်လည်း ဆုံးမတတ်ရမည်။ သားသမီး လုပ်သမျှ အပြစ်မ မြင်သည်မှာ မိဘတိုင်း၏ မျက်စိဟုယုံကြည်ပါသည်။ ထိုအပြစ်လေးများသည် နောင်အခါတွင်မိမိ အပြစ်ဖြစ်လာတတ်သည်ကို သတိထားသင့်ပါသည်။
ဆိုလိုချင်သည်က မိဘသည် သားသမီးတိုင်းအတွက် အရာအားလုံးကို သွန်သင်ပေးနိုင်သော ဆရာလည်းဖြစ် သင့်ပါ သည်။ လူ့ လောက၏ကောင်းကျိုးပြုနိုင်သော လူသားများကိုမွေးထုတ်ပေးနိုင်သူများမှာ စင်စစ် မိဘများသာဖြစ်သည်ကို တင်ပြ လိုခြင်းဖြစ်ပါသည်။
မိမိ၏အသိဥာဏ် မိမိ၏ သွန်သင်မှုဖြင့် လူတစ်ယောက်ကိုပြုပြင်ဖန်တီးရသည်ဆိုသည်မှာ လူသားတိုင်းမတတ်နိုင်ပါ။ မိမိအဆုံးအမ မကောင်းလျှင် သားသမီးရတနာသည် ရ-တာနာ ဖြစ်မည်။ မိဘများသည် ငယ်စဉ်ကပင် မှားမှန်ဆိုးကောင်း သွန်သင်ဆုံးမထားလျှင်ဖြင့် နောင်တွင် လိမ္မာတတ်သိသော ရတနာလေးများ ဖြစ်လာပေလိမ့်မည်။
မိဘနှင့် သားသမီးများကြားတွင်ဖြစ်တတ်သော ပြဿနာများအတွက် ဤနေရာမှမိဘ၏အပိုင်းကို ရေးသားပေးခြင်းမျှ သာ ဖြစ်ပါသည်။ အလျဉ်းသင့်လျှင် သားသမီးများအတွက် ထပ်မံရေးသားပါဦးမည်။
                                ဧပရယ်ဆွေဆွေ
Posted by Unknown on
 အတန်းထဲဝင်လိုက်သည်နှင့် တိုင်တန်းမှုများက အသီးသီးနားထဲဝင်လာသည်။ ထိုသို့ တိုင်ရာတွင် ကိုယ့်ကြောင့်ဖြစ် တာဆိုပြီး လာတိုင်သူ တစ်ယောက်မှ မပါ။ ဆရာမ သူ့ ကြောင့်… သူက… ….သူလေ ….စသည်ဖြင့် သူတစ်ပါးကိုသာ အပြစ်ဖို့  တိုင်တန်းသည်ချည်းပင်ဖြစ်သည်။ တခါတခါ စာသင်ရသည်ကို စိတ်ပျက်မိသည်။ သည်ကလေး သည်လိုလူငယ်တွေကို ဘယ်လို လမ်းမှန်ပြပေးရမလဲမသိ။
ကျွန်မသည်လည်း ကလေးဘ၀ လူငယ်ဘ၀ကို ဖြတ်သန်းလာခဲ့ဖူးသည်မို့ သူတို့ ရဲ့ ခံစားချက်တော်တော်များများကို  နားလည်ပေးနိုင်ခဲ့ပါသည်။ အတန်းတင်စာမေးပွဲကြီးဖြေခါနီးမှ ဒီဘာသာကို သားကမကြိုက်ပါဖူး မေမေက ဒါယူရမယ်ဆိုလို့ သာ ဆိုပြီး အမေကိုအပြစ်တင်သော သားတစ်ယောက်ကိုတွေ့ ဖူးသည်။ ဤအဖြစ်တွင် အမေနည်းတူ သူ့ ကိုလည်း ကျွန်မအပြစ်တင်ခဲ့သည်။ တကယ်ဆို သားကလည်း အစကတည်းက သားဒီဘာသာကို စိတ်မ၀င်စားဖူးလို့ မေမေ့ကို ငြင်းခဲ့ရမှာပေါ့။ စာမေးပွဲဖြေတော့ မှဒီဘာသာကိုမကြိုက်လည်း ဖြေဆိုရမှာပဲလေ။ ကိုယ်ယူထားတဲ့ဘာသာဟာ ကိုယ်လုပ်ရမဲ့အလုပ်ပဲ။ နောက်ထပ်ဆင်ခြေ မလိုချင်ဖူးလို့  ကျွန်မပြောခဲ့ရပါသည်။ တကယ်တော့လည်း မတွေးတောဘဲရလာတဲ့စာတွေကို နှုတ်တိုက်ကျက်နေရတာကလည်း ကျောင်းသားတွေအတွက် မောစရာပါဘဲ။
ထိုကလေးကိုကြည့်ရင်း ကျွန်မ လူငယ်လေးများအတွက် စာရေးချင်စိတ်ပေါ်လာမိသည်။ သူတို့ လေးတွေကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူလုပ်ရဲသောသတ္တိရှိစေချင်သည်။ လူသားပီသစေချင်သည်။ တာဝန်ယူတတ်စေချင်သည်။
    ရှင်သန်နေရသော လူ့ ဘ၀သည် တိုတောင်းလှသည်ဆိုသော်လည်း ထိုခဏလေးအတွင်းမှာ လူသားများသည် မိမိ အတွက်၊ မိသားစုအတွက် သင်ယူရသည်။ ရှာဖွေလုပ်ကိုင်ကြရသေးသည်။ ထိုသို့ လူ့ လောကကို ကျင်လည်ရာ၌လည်း ဆုပ်ကိုင်နိုင်သောအရာများရှိသလို လက်လွှတ်ရသော အခြေအနေများကိုလည်း ကြုံတွေ့ ဖူးမှာပါ။ အမှန်တော့ လူဖြစ်ရသည်မှာ မလွယ်ကူလှပါ။ လူသားတစ်ယောက်ဖြစ်ဖို့ မလွယ်ကူသလို လူဖြစ်လာပြန်လျှင်လည်း လူလုပ်ရဲဖို့ သတ္တိလိုပါသေးသည်။
    လူလုပ်ရာတွင်လည်း မှန်ကန်သောအသက်ရှင်ခြင်းဖြင့်သာ ရှင်သန်ရမည်။
    ရှုံးနိမ့်မှုဆိုတာ လူတိုင်းမလိုချင် မကြုံချင်တဲ့အရာပါ။ ဒါကြောင့်တခါတရံ ထိုအရှုံးကိုရှောင်ကွင်းဖို့ အတ္တဆန်စွာ ပြုလုပ်မိ တတ်ကြသည်။ မိမိဘာသာမိမိ မမြင်၍ ခလုတ်တိုက်မိတာတောင် " အဲဒါသူ့ ကြောင့် " လို့ ဆိုင်ဆိုင်မဆိုင်ဆိုင် တရားခံအမြန်ဆုံး ရှာတတ်သည်မှာ လူသားအများစု၏ အကျင့်လိုပင်ဖြစ်နေသည်။
စင်စစ် ထိုအမှားသည် မိမိကြောင့်ဆိုလျှင် မိမိဘာသာသာ တာဝန်ယူသင့်ပါသည်။ ဤုအဖြစ်အပျက်များသည် လုပ်ငန်း ခွင်များတွင်ရှိတတ်သည်။ မိမိအမှားကို ၀န်မခံရဲတာကြောင့် သူ့ ကြောင့် သူ့ ကြောင့်ဆိုကာ ဦးတည်ရာပြောင်းလဲပြစ် တတ်ကြသည်။ ထိုအခြေအနေမျိုးတွင် လက်အောက်ငယ်သားသည် သူတို့ အတွက် အကောင်းဆုံးသော ဓားစာခံများဖြစ်သည်။ တကယ်တော့ နိုင်တယ် ရှုံးတယ်ဆိုတာသည် ရေတိုကြည့်ပြီး ဆုံးဖြတ်နိုင်သော ကိစ္စမဟုတ်ပါ။ ကမ္ဘာကြီးဟာ လည်နေသလို တစ်ချိန်တွင် ကံကြမ္မာသည်လည်း တစ်ပတ်ပြန်လည်လာနိုင်ပါသည်။ ကိုယ့်လုပ်ဆောင်ချက်တွေကို အစကတည်းက ဆင်ခြင်တုံတရားနှင့်ပြုမှုကာ အရှုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တာပါ။ ပြဿနာဖြစ်ရင် ငါဘာမှားနေလဲ အရင်မသုံးသပ်ဘဲ အရှုံးမှ ထွက်ပေါက်ရှာကာ သူ့ ကြောင့်လို့ လွဲချခြင်းမျိုးကတော့ လူသားမပီသပါ။
    သူ့ ကြောင့်လို့ လွဲချတတ်သူအများစုကိုကြည့်လျှင် ရာထူးမြင့်ပြီး ဂုဏ်တင့်တယ်ဆိုသူများက အများစုဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူတို့ သည် လက်ရှိအခြေအနေကို အထိခိုက်မခံနိုင်။ လက်ရှိနေရာမှ မထနိုင်။ ထိုအခြေအနေတွင် လက်ညှိုး တစ်ချောင်းဖြင့် အပြစ်လွဲလိုက်ခြင်းသည်သာ သူတို့ လုပ်တတ်သောအရာဖြစ်သည်။ ဒီအပြုအမူဟာ လူအဖြစ်ထက် နိမ့်ကျသွား တယ်ဆိုတာ သူတို့ သတိမမူကြပါ။ အရှုံးနဲ့ ဝေးရာကိုပြေးပြီး စည်းအပြင်ရောက်အောင်ထွက်နိုင်ခဲ့နိုင်ပေမဲ့ လူသား အဖြစ်ကတော့ လွန်မြောက်သွားကာ လူမစစ်တော့ပါ။ မည်သူ့ ကိုမှ မရည်ရွယ်ပါ။ နောက်တက်လူငယ်များ ကိုယ့်တာဝန်ကိုယ် ယူတတ်ပြီး ခေါင်းဆောင်ကောင်းပီသစေချင်တာပါ။
        လူမှန်ရင် မှားတတ်သည်တဲ့။ မှားပါစေ၊ အမှားဟာခံယူတတ်ရင် ကိုယ့်အတွက် အမြတ်အစွန်းများများရနိုင်ပါသေးတယ်။ဘ၀ခရီးဟာ ရိုးရိုးတက်မရရင်ဖောက်ထွက်သင့်က ဖောက်ထွက်တက်ပါ။ တကယ်တော့ အရှုံးဆိုတာကို ကိုယ်ကိုယ်တိုင်က လက်မခံမချင်း အရှုံးဆိုတာ သင်မရပါဘူး။
    လောကဓံဟာ အတက်အကျ အနိမ့်အမြင့်ရှိတာမို့ ဘယ်သူမှ အမြင့်မှာအကြာကြီး မရပ်တည်နိုင်သလို အနိမ့်တွင်လည်းအမြဲမရှိနေတတ်ပါ။ကိုယ်ယူနိုင်တာ အသေးအဖွဲလေးပဲဖြစ်ဖြစ် အခွင့်အရေးရသည်နှင့် ဆုပ်ကိုင်ထားသင့်သည်။ အသေးအဖွဲလေးများစုကာ များလာလျှင် လိုအပ်ချက်တစ်ခုကိုပင် ဖြည့်နိုင်လိမ့်မည်။ ထိုအခြေအနေတွက် လိုအပ်ချက်တစ်ခုရှိသေးသည်။ ဤသည်မှာ အချိန်ဖြစ်သည်။ မိမိလိုချင်သော ပန်းတိုင်တစ်ခုကိုမရောက်မီ တည်တည်တံ့တံ့ကြိုးစားပြီး အချိန်တစ်ခုကိုသာစောင့်ပြီး ဖြည့်ဆည်းပေးပါ။ သင်လိုချင်သော အရာသည် မကြာမီ သင့်လက်ထဲရောက်လာမှာပါ။
    ထို့ ကြောင့် လူငယ်တစ်ယောက်အနေနှင့် မိမိဘ၀ကိုပုံဖော်ရာတွင် ကြုံသလိုလုပ်မပြစ်ဖို့  အရေးကြီးပါသည်။ စာကျက်မည်ဆိုလျှင် ထိုစာအတွက် ၁၀ မိနစ် ၁၅ မိနစ် သီးသန့် သတ်မှတ်ပါ။ ထိုအချိန်အတွင်း ထိုစာ၏ မူရင်းအနှစ်သာရကို သဘောပေါက်ဖို့ လိုသည်။ ၏ သည်မရွေးရ ရမည်ဟုမဆို။ ထိုသို့ မဟုတ်ဘဲ စာကျက်မလို့ လုပ်တုန်း တီဗီက ကိုးရီးယားကားနောက် မျက်စိရောက်သွားလျှင် သို့ တည်းမဟုတ် သူငယ်ချင်းလာခေါ်၍ လက်ဖက်ရည်ဆိုင်ရောက်သွားလျှင် သူရှုံးတော့မည်ဆိုတာ သဘောပေါက်ပါတော့။လူတော်တစ်ယောက်သည် ဘယ်တော့မှ သူ့ ရည်မှန်းချက်ကို အပျောက်မခံသင့်ပါ။ ရည်မှန်းချက်ပျောက် ပြီဆိုသည်နှင့် သင့်အတွက် အရှုံးဟာ သင့်ဆီလှမ်းလာနေပြီဖြစ်သည်။
    ဆိုလိုချင်သည်က မိမိရည်မှန်းချက်အတွက် ကြိုးစားရာမှာ အကြောင်းပြချက်များစွာမလိုပါ။ ကိုယ်တိုင်သာသင်ယူရမည်။ မှားလျှင် မှားသည်ဟု ၀န်ခံရဲသောသတ္တိ ၊ မှန်လျှင် ဆက်လုပ်ရဲသောသတ္တိမျိုးလူငယ်များတွင် မွေးမြူထားသင့်သည်။ လူတိုင်းသည် ခြေနှစ်ချောင်းနှင့် လမ်းမလျှောက်တတ်ခင်က လေးဘက်သွားခဲ့ရသည်ချည်းပင်။
တကယ်တော့ ဘ၀ပြေးလမ်းဆိုသည်မှာ တာဝေးအပြေးပြိုင်ပွဲကြီးလိုပင်ဖြစ်သည်။အစကတည်းက အားသွန်ခွန်စိုက် နည်းမှန်မှန်နှင့်သာ ပြေးနေဖို့ လိုသည်။ ထိုသို့ ပြေးနေရင်း ခလုတ်ကန်သင်းနဲ့ တူသော အမှားများနှင့် ကြုံတွေ့ နိုင်သည်။ မိမိ ဘာသာကြည့်ပြီး ရှောင်ကွင်းနိုင်ရမည်။ ပန်းတိုင်ဆိုသည်မှာ အလွယ်တကူရနိုင်သည်ချည်း မဟုတ်ပါ။ ပန်းတိုင်အသွားမှာ လဲကျတာမျိုးတွေ အများကြီးကြုံလာနိုင်ပါသည်။ လဲကျခြင်းဟာ သူ့ ကြောင့်မဟုတ်ဘဲ အခြေခိုင်ဖို့ လိုနေသော ကိုယ့်ခြေထောက်ကြောင့်သာဖြစ်သည်။ အရေးကြီးသည်က ကိုယ်သတ်မှတ်ထားသော ကာလအတွင်း ပန်းတိုင်ကိုရောက်ဖို့ သာဖြစ်သည်။ ဘာမှမလုပ်ဘဲ ရှုံးနေသူထက်စာရင် ပြိုင်ပွဲဝင်ရင်း ရှုံးနိမ့်သူက ပိုမြင့်မြတ်ပါသည်။
တိုက်တယ် ရှုံးတယ် ။ ရှုံးတယ် ထပ်တိုက်တယ်။ ထပ်တိုက်တယ် ထပ်ရှုံးတယ်။ နောက်ထပ် ထပ်တိုက်မယ် မော်စီတုန်းပြောဖူးတဲ့စကားလေးပါ။ လဲမှာကြောက်နေရင် လမ်းတောင်လျှောက်နိုင်မည်မထင်ပါ။ တိုက်ရင်းပဲရှုံးပါစေ။ ထိုအရှုံးကို မိမိကြောင့်လို့ တာဝန်ယူတတ်ပါစေ။ တကယ်တော့ လူလုပ်ရဲသောသတ္တိသည် လူတိုင်းတွင်မရှိပါ။ မြန်မာလူငယ်ကလေးများ အနေဖြင့် နောင်လာမည့်အနာဂတ်တိုင်းတွင် လူလုပ်ရဲသော သတ္တိရှိပြီး မှားခဲ့လျှင်လည်း ထိုအမှားကို ရင်ဆိုင်ရဲသော ၀န်ခံ ရဲသော သတ္တိပိုင်ရှင်လေးများဖြစ်စေချင်မိသည်။
                                ♥♫ ♥♫    ဧပရယ်ဆွေဆွေ  ♥♫ ♥♫
Posted by Unknown on Tuesday, July 23, 2013
အတ္တကြီးတဲ့လူဘောင်ကြီးထဲမှာ
အနိုင်လိုချင်သူနဲ့ 
အရှုံးပေးပြီးခွင်လွတ်သူ
ဘယ်သူကပိုနာကျင်ရသလဲဆိုရင်
အနိုင်လိုချင်သူကအရှုံးလို့ 
မင်းပြောဖူးတယ်နော်။
အမှန်တရားဆိုတာကလည်း
ရှုထောင့်နဲ့ ဆိုင်တာမို့ 
မင်းထင်တာလည်း
မှန်နိုင်တာပဲ။
ငါ့အတွက်ကတော့
လိုချင်တာကိုရအောင်ယူ
မဖြစ်နိုင်တာကို ဆက်မလုပ်ပဲ
ဘ၀လမ်းကိုဆက်လျှောက်တာကမှ
အမှန်တရားပါပဲ။
                                    ♥♫ ♥♫ ဧပရယ်ဆွေဆွေ   ♥♫ ♥♫
Posted by Unknown on Sunday, July 21, 2013
0 comments
categories: | | edit post
 တိမ်တွေက မြက်ခင်းပြင်မှာ
လမ်းထလျှောက်ချိန်
ငှက်တွေက မြေပြင်ပေါ်မှာ
အိပ်တန်းဝင်ချိန်
ကမ်းစပ်တို့ ကဂီတနဲ့ အပြိုင်
နမ်းရှိုက်စီးဆင်းချိန်
ကြယ်တွေက ကမ္ဘာဆီမှာ
မြေခယ၀ပ်တွားတဲ့အချိန်
အဲဒိအချိန်… 
အဲဒီအချိန်…
ငါ့နှလုံးသားလေးထဲ
မင်း လျှပ်တစ်ပြက်ဝင်လာခဲ့ချိန်။
                                                  ♥♫    ♥♫   ဧပရယ်ဆွေဆွေ    ♥♫ ♥♫
Posted by Unknown on
0 comments
categories: | | edit post
ရင်ခုန်သံကိုအချစ်လို့ထင်ခဲ့ 
နင်မကြင်နာလို့ပြစ်ခဲ့ရင်တောင် 
ငါဆင်ခြင်ဖြေသိမ့်နိုင်ပါလိမ့်မယ် 
ခုတော့.....ဒဏ်ရာ 
ငါ့အတွက်......ဒဏ်ရာ 
တမင်ဟန်ဆောင်ကာ ဖျားယောင်း 
ငါ့နှလုံးသားကို ချယ်မှုန်း 
နင်မသုံးခြင်တဲ့ နှလုံးသားစာမျက်နှာ
 ကြမ်းတမ်းစွာရေးဆွဲခဲ့ 
ငါ့နှလုံးသား 
ခပ်ကြမ်းကြမ်း စုတ်ချက်မှာ 
လူးလွန့်စွာ ပျက်သုဉ်း 
အပြင်းဆုံးဒဏ်ရာ တွေနဲ 
နင်တမင်ပြုစားခဲ့တဲ့ ငါဆိုတဲ့......
ငါဟာ ဒဏ်ရာများစွာနဲ့...လူပါ။ ။
စာနာတတ်မှ ဖတ်ကြည့်ပါ 
ရင်ခုန်သံကမွေးဖွါးပေးတဲ့...ငါ့ရင်ထက်က
သွေးစက်တွေကို စုစည်းထားတယ်။.. 
ဒီပဲယင်းသားလေး
              အောင်အောင်(မကစ)
ပြန်လည်ပြုစုမျှဝေသူ
 အောင်အောင်(မကစ).....ဒီပဲယင်းမြို့နယ်...
လာလည်နိုင်သော နေရာလေးများ....
www.ledimyethar.blogspot.com
www.ninilayy.com
http://aungsanmks.blogspot.com
http://herostown.blogspot.com .....တို့ဖြစ်ပါတယ်...
Posted by Anonymous on Saturday, July 20, 2013
0 comments
categories: | | edit post
ငါ့ဘ၀ရဲ့ အနာဂါတ်
ငါကျော်ဖြတ်ရင်းနဲ့
ငါမျှော်လင့်တဲ့ပန်းတိုင်ဆီ...
တဖြေးဖြေးနဲ့ ဝေးများနေပြီလား...
ငါလိုခြင်တဲ့ အိပ်မက်ကမ္ဘာ
ခပ်ရေးရေးဘဲ ထင်ကျန်နေပါလား
ကံကြမ္မာရယ် မညှာတာလို့
ခုက္ခတွေကို ထမ်းပိုးလာ
မြစ်ပြင်ကျယ်က လှိုင်းလုံးတွေအလား
တလိမ့်လိမ့် ရိုက်ပုတ်ခြင်းခံနေရတဲ့
ငါ့နှလုံးသားကမ်းပါးအချို့
လှိုက်စားကြွေကျနေပါရောလား...
ခုက္ခလှိုင်းထမ်းပိုးများ
အဘယ်သို့ရိုက်ခတ်သော်ငြား
ငါ့နှလုံးသားကမ်းခြေ
ကုန်ဆုံးသွားမည် မဟုတ်ချေ...
ကံကြမ္မာကို အံတုရင်ဆိုင်
ဇွဲစိတ်ခိုင်မာစွာနဲ့ ကြိုးစားရင်း
ငါ့အနာဂါတ် ကမ္ဘာသစ်ဆီသို့.....
ဒုက္ခ လှိုင်းထမ်းပိုးတို့အား ဖြတ်ကျော်ရင်း
ငါ မရောက်မချင်း
ငါ့အနာဂါတ်ကမ္ဘာဆီသို့............
သွားနေမည် ။ ။
ဒီပဲယင်းသားလေး
ဘလော့ခရီးသည်
အောင်အောင်(မကစ)
ရင်းတွင်းဖြစ်
1/11/2011
ပြန်လည်ပြုစုမျှဝေသူ
 အောင်အောင်(မကစ).....ဒီပဲယင်းမြို့နယ်...
လာလည်နိုင်သော နေရာလေးများ....
www.ledimyethar.blogspot.com
www.ninilayy.com
http://aungsanmks.blogspot.com
http://herostown.blogspot.com .....တို့ဖြစ်ပါတယ်...
Posted by Anonymous on Thursday, July 18, 2013
0 comments
categories: | | edit post
ကောင်မလေး
နင့်ကိုမေးပါရစေ
ကောင်မလေး…။
နင်...ငါ့ကိုမြင်ဖူးခဲ့သလား
နင်...ငါ့ကို ခင်ဖူးခဲ့သလား
နင်...ငါ့နဲ့ ဆုံဖူးခဲ့သလား
ကောင်မလေး ။........။
နင်သိအောင်ပြောပြမယ်
ငါ နင့်ကိုအရမ်းခင်သွားပြီ
ငါ တင့်ကိုတွေ့ဖူးခဲ့ရပြီ
ငါ နင့်နဲ့ ဆုံနေဖြစ်ခဲ့ပြီ
ကောင်မလေး။..........။
နင်သိလား
ငါ နင့်ကို ချစ်နေမိတာ
ငါ နင်နဲ့နေ့တိုင်းတွေ့နေခြင်ခဲ့တာ
ငါ နင်နဲ့စကားတွေပြောနေခြင်ခဲ့တာ
ငါ နင့်ဆီအပြေးလာခြင်ခဲ့တာ
ကောင်မလေး။............။
ဘာတွေတွေးနေလဲ....
ဒါဟာအိမ်မက်မဟုတ်တဲ့
တကယ့်ဖြစ်ရပ်အမှန်တွေပါနော်
ဆန်းကြယ်စွာတီထွင်ထားတဲ့
နည်းပညာရှင်တွေရဲ့ ကျေးဇူးကြောင့်ပေါ့
ကောင်မလေး။.........။
ရင်ထဲကအရှိကိုပြောမယ်
နင့်ကို သိပ်ချစ်မိခဲ့တယ်
ကောင်မလေး…။
နင်ဟာငါ့ရဲ့...
online ပေါ်က ချစ်ခဲ့ရသူပါ...။
ဒီပဲယင်းသားလေး
            အောင်အောင်(မကစ)
                 ရင်တွင်းဖြစ်
                11/9/2011
ပြန်လည်ပြုစုမျှဝေသူ
 အောင်အောင်(မကစ).....ဒီပဲယင်းမြို့နယ်...
လာလည်နိုင်သော နေရာလေးများ....
www.ledimyethar.blogspot.com
www.ninilayy.com
http://aungsanmks.blogspot.com
http://herostown.blogspot.com .....တို့ဖြစ်ပါတယ်...
Posted by Anonymous on
0 comments
categories: | | edit post
'အဖေသိခဲ့ရင်လေ''
တစ်ချိန်တုန်းက
သားအဖနှစ်ယောက်ဟာ
ခြေသလုံးအိမ်တိုင်နဲ့
ဘ၀ကိုဖြတ်သန်းခဲ့တုန်းက
အဖေ့ရဲ့ဖ၀ါးတွေဟာ
သားတစ်ယောက်အတွက်
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေပါဘဲ.......
ဒုက္ခဆိုတဲ့တရားကို ရင်ဆိုင်နိုင်ဖို့
စကားခါးခါးတွေသုံးတတ်တဲ့
အဖေ့ရဲ့လေသံတွေမှာ
သား တို့အတွက်ဆိုတာ
အဖေ့မျက်ဝန်းတွေက
သိစေချင်နေတယ်လေ......
တကယ်တော့.....
အဖေဆိုတာဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ချွေးနဲ့လွယ်ခဲ့ရသူ တစ်ယောက်ပါ...
လူတွေထဲက လူတစ်ယောက်ဖြစ်ဖို့
လောကရဲ့ တတ်သင့်တဲ့ပညာတွေသင်ပေးရင်း
အသိတရားတွေကို
နှလုံးအိမ်ထဲ စိမ့်ဝင်စီးဆင်းစေချင်တဲ့
အဖေပေါ့......
ဒါပေမဲ့...
ခွေးမြှီးကောက် ကျည်တောက်စွပ်
ကျွဲပါးစောင်းတီး တက်တဲ့
သားသမီးတွေအကျင့်ကြောင့်
အဖေ့မေတ္တာရေတွေ
ကုန်ခမ်းသွားမှာ မဟုတ်ဘူးဆိုတာ
ကျွန်တော်သိတယ် အဖေ........
ဇရာထောင်းခဲ့ပေမဲ့ လက်အိုတွေကမ်းလှမ်းရင်း
နောက်ဆုံးထွက်သက်အထိ
ဖေးကူစောင့်ရှောက်ချင်တဲ့
သားသမီး တို့ရဲ့အဖေ
နေ၀င်ချိန်အထိ စိတ်မချခဲ့ဘူးမဟုတ်လား....
သမုဒ္ဒရာဝမ်းတစ်ထွာ ရုန်းကန်ရှာဖွေရင်း
အားအင်အပြည့်နဲ့ အပြုံးတချက်
နှုတ်ခမ်းအထက်မှာ တပ်ဆင်ရင်း
ထမင်းလက်ဆုံစားခဲ့ဖူးတဲ့ နေ့တွေ
သား ... မမေ့သေးဘူး အဖေ.....
မျက်ရည်တစက် အဖေ့အတွက်တဲ့....
ဒီကဗျာရေးတိုင်း
ကျခဲ့တဲ့ မျက်ရည်စတွေက
သတိရမှု အထိမ်းအမှတ်တွေလား
သား မသိဘူး.....
သား သိပ်လွမ်းတယ် အဖေ...
လောကဒဏ်ကို အံတုတုန်း
အထိနာခဲ့တဲ့ အချိန်တွေမှာ
နာကျင်စွာ အော်ဟစ်ရင်း
အဖေ့နားကို အပြေးလာချင်တဲ့
သား ရဲ့စိတ်တွေ အချိန်လွန်မှ
ပြန်လှည့်ချင်တဲ့ နာရီပေါ်ကလက်တံတွေနဲ့
တူနေလေရဲ့.......
အဖေ....
နောင်တဆိုတာပြင်ဆင်ခွင့်တော့ ရှိပါတယ်
ပြန်ဝယ်လို့မရဘူး
အနာဂတ်တော့ရှိပါတယ်
အတိတ်ကိုတော့ မေ့လို့မရတဲ့
စကားလုံးမျိုးပါ
အဖေ.....
အဖေမရှိခဲ့ရင်တောင်မှလေ....အဖေ့သားဟာ
သမိုင်းအသစ်ဖွင့်မဲ့ စာမျက်နှာတွေမှာ
အဖေစကားသံတွေ နားထဲအထပ်ထပ်သွပ်သွင်းရင်း
ဘ၀ရဲ့အကြိမ်ကြိမ် စိမ်ခေါ်မှုမှာ
လျှောက်လှမ်းနေဆဲ ဆိုတာ
အဖေ သိခဲ့ရင်လေ.............
သားရဲ့ အဖေ့အတွက် တန်းတခြင်းတွေဟာ...
....ကမ္ဘာတည်နေသမျှပါ..........................
ဘလော့ခရီးသည်
ဒီကဗျာလေးကို အရမ်းကြိုက်လို့ ကျနောချစ်တဲ့ ဖေဖေအတွက်
ပြန်လည်တင်ပြလိုက်တာပါ
♥♥ အောင်အောင်(မကစ) ♥♥
Posted by Anonymous on Tuesday, July 16, 2013
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...
۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞
۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞
hit counter
۞۞۞ကိုယ်တော်စာပေ۞۞۞
http://www.kotawsarpay.com/
۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞
۞۞۞ဘလော့ခရီးသည်۞۞۞
http://www.aungsanmks.com/
۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞
Popular Posts
Blog Archive
Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်
သီချင်းလေးတွေနားထောင်ကြမယ်
dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
လိုအပ်သည်များပြောကြားခဲ့ပါနော်
Total Pageviews
လာရောက်အားပေးကြသူများ
လာရောက်သူတို့ရဲ့စကားသံလေးများ
flag counter
Flag Counter