ဒီမနက်
ငပိမီးဖုတ်တစ်ထုပ်
စားပွဲပေါ်ရောက်လာတယ်။
ဘယ်သူတင်သွားလဲမသိ
ဆရာလေးထမင်းချိုင့်ထဲမှာ
မျှစ်ပြုတ်နဲ့ ဆားထုတ်ကို
သူတို့လည်း မကြည့်ရက်ဖူးထင်တယ်။
မုန့်စားလွှတ်ချိန် မုန့်မစားနိုင်တဲ့ကလေးတွေ
ထမင်းစားလွှတ်ချိန် ထမင်းမစားနိုင်တဲ့ ကလေးတွက
ဆရာလေးကို ငပိတစ်ထုပ် ပေးခဲ့တယ်။
မျက်ရည်မသုတ်မိ
ပဲပြုတ်နဲ့ ငပိထုပ်ထဲက ငပိတစ်ကော်ကို
သူတို့တစ်နေရာက မျှော်ကြည့်ပြီး ပျော်နေမယ်ဆိုတာ
ဆရာလေးသိတယ်။
ဘယ်သူလဲ
နီနီလား၊ စောကပေါလား၊ ထူးသာလား၊ ဝါးဝါးလား
မမေးရက်
တံခါးဝက ပြေးထွက်သွားတဲ့
တစ်ယောက်ယောက်တော့ဖြစ်မယ်
ကျေးဇူးပါ ကလေးတို့ရယ်။
မနက်ကရောက်လာတဲ့
ပြောင်းရွှေ့အမိန့်စာဟာ
ငပိဖုတ် တစ်ကော်စာကြောင့်
ဆုတ်ဖြဲဖို့ ခိုင်မာသွားရတယ်။

နွေဦး
credit to:http://www.maukkha.org/index.php/book-store/poem-maukkha/2893-2013-01-16-10-02-27

Posted by Unknown on Saturday, May 4, 2013
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter