စဉ်းစားကြည့်လေ။ ကမ္ဘာကြီးရဲ့ ခုဖြစ်နေတဲ့အဖြစ်အပျက်တွေဟာ စက္ကန့် ပိုင်းအတွင်း ဟင်းလင်းပွင့်နေတဲ့ အင်တာနက် တံခါးကြီးဆီကနေ တိုးဝင်လာနေတာမဟုတ်လား။ လုံခြုံမှုတွေကော မလုံခြုံမှုတွေပါ ခြံရံနေတဲ့ ပတ်ဝန်းကျင် လောကကို ရှေးခေတ်က မြန်မာမလေးတွေလို အိမ်တွင်းပုန်း မျက်ကွယ်ပြုထားလို့ မရတော့ပါဘူး။ တတ်နိုင်သမျှလေ့လာ သင်ယူ ပြုပြင် အသုံးချရတော့မယ့်အခြေအနေပါ။ ဘာလို့ လဲဆိုတော့ မိန်းကလေးတွေက ပုခက်လွဲမဲ့လက်တွေမဟုတ်လား ထိုလက်တွေကမှ ချို့ တဲ့ဥာဏ်ပညာဖြစ်နေခဲ့ရင် သူတို့ ပုခက်ထဲက ကလေးတွေရဲ့ ရှေ့ ရေးက မတွေးဝံ့စရာပါ။ ပညာမတတ်မှု၊ ဆင်းရဲမွဲတေမှု၊ လုံခြုံမှုကင်းမဲ့ခြင်းနဲ့  အချိန်မတိုင်မီ အိမ်ထောင်ပြုမှုတွေဟာ မိန်းကလေးတွေအတွက် အဓိက ပစ်မှတ်တွေပါ။
ယဉ်ကျေးမှုဆိုင်ရာ အပြုအမှုများမှာလည်း လိုက်သည်မလိုက်သည် သင့်သည်မသင့်သည်မသိ သူများဝတ်တိုင်း လိုက်ဝတ်နေသည့် ယနေ့ ဝတ်စားဆင်ယင်မှုများနှင့်တင် ယနေ့ ခေတ်မြန်မာမလေးတို့ ၏ စိတ်အဆင့်အတန်းကို သိနိုင်ပါ သည်။ ထို့ အတူပင် ထိုမိန်းကလေးတို့ ၏ အုပ်ထိန်းသူမိခင်၏ အခြေအနေကိုလည်း အကဲခတ်နိုင်ပါသည်။ မိဘဆိုသည်မှာ အဦးဆုံးသွန်သင်သူများဖြစ်သည့်အတွက် သားသမီး၏စရိုက်အဆိုးအကောင်းသည် မိခင်၏ပုံသွင်းမှုနှင့်ဆိုင်ပါသည်။ ဒါကြောင့် လည်း ကျွန်မပြောချင်တာက ကျွန်မတို့ ဘာတွေပဲလုပ်လုပ် အဲဒီလုပ်ရပ်တွေက ကျွန်မတို့ ကို သက်ရောက်မှုရှိလာမှာပါ။ ကိုယ်မကောင်း တာလုပ်ရင် မကောင်းသံထွက်မယ်။ လွတ်လပ်တယ်၊ လူ့ အခွင့်အရေးဆိုပြီး ငါ့မြင်းငါစိုင်းနေလို့ ကတော့ အထိန်းမဲ့တဲ့မြင်းပမာ သာဖြစ်သွားမှာပါ။
ဆရာနေဘုန်းလတ် ရေးဖူးတဲ့စာလိုပဲ လူတစ်ယောက်လွတ်လပ်ခွင့်ကနေ ပတ်ဝန်းကျင်ကို ထိမိခိုက်မိတာတွေ မဖြစ် စေဖို့ အတွက် အများသဘောတူတဲ့ စည်းတွေ၊ ကမ်းတွေ၊ ဥပဒေတွေ၊ ကျင့်ဝတ်တွေရှိလာရတာပါတဲ့။
 လိုအပ်ချက်တွေအရ ဥပဒေ စည်းကမ်းတွေထုတ်သင့် ထုတ်ရမှာပါပဲ။ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာလိုမဖြစ် ရအောင် ကျွန်မတို့ ပတ်ဝန်းကျင် လူ့ အဖွဲ့ အစည်းနဲ့ သင့်လျော်တဲ့ စည်း၊ ဥပဒေတွေ ချသင့်ချရမှာပါပဲ။ တစ်ယောက်ထဲနေ ချိန်မှာ ကိုယ်ကြိုက်သလိုနေနိုင်ပေမဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်တဲ့အခါမှာတော့ ကိုယ့်ကြောင့် သူတစ်ပါးကိုကော အမျိုးကိုပါ မထိခိုက်ဖို့  မနစ်နာဖို့ အဆိုးမဖြစ်စေဖို့ လိုပါတယ်။
ဥပဒေဆိုတာ လူသားတိုင်းလိုက်နာရအောင် စောင့်ထိန်းသင့်တာကို စောင့်ထိန်းအောင် မမှားသင့်တာ မမှားအောင် လမ်းညွှန်ပေးတာလို့  ကျွန်မကခံယူပါတယ်။ ဒါကြောင့် အမျိုးစောင့်ဥပဒေဆိုတာကို ပညာရှိလိုတော့ မတွေးတတ်ပါဘူး။ ကျွန်မအတွေးလေးနဲ့ တင် ထောက်ခံတယ်။ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ လက်ထပ်မှုကို ဥပဒေ ဘာကြောင့်ပြဌာန်း သင့်လည်းဆိုရင် ယနေ့ ခေတ် အမည်ခံလက်ထပ်ထားမှု၊ အငယ်အနှောင်းထားမှု၊ နိုင်ငံရပ်ခြားများမှာ မိဘမသိဘဲ living together များနေ ထိုင်မှုများ ရှိနေတဲ့အတွက်ပါ။ တကယ်တော့ ဒီလိုပြုမူနေထိုင်ကြတာ ကျွန်မတို့ နဲ့ ဘာဆိုင်လည်း တွေးရင် ဘာမှမဆိုင်ပါဘူးလို့  ပြောလို့ တော့မရပါဘူး။ သူတို့ ကိစ္စဖြစ်တဲ့အတွက် ကျွန်မတို့ တွက် အသေးအဖွဲကိစ္စ အဖြစ်လက်ခံ လိုက်ရင် ရေရှည်မှာ အမျိုး ဆိုတာ တဖြည်းဖြည်းပျောက်ကွယ်သွားမှာပါပဲ။
ကျွန်မပြောချင်တာကလေ ကျွန်မတို့ မိန်းကလေးတွေ ယနေ့ ခေတ်မှာသိပ်ထက်လာပါတယ်။ လူတစ်ယောက် ရဲ့ တန်ဖိုး ဟာ သူပိုင်တဲ့ ငွေကြေးရုပ်ပိုင်းဆိုင်ရာတွေထက် စိတ်ဓာတ်ရေးရာနဲ့ သာဆိုင်ပါတယ်။ နိုင်ငံခြားသားတွေတောင် သြချရလောက်တဲ့ ယနေ့ မြန်မာအနုပညာရှင်မိန်းကလေးတွေရဲ့  ၀တ်စားဆင်ယင်မှုတွေမျိုးမှာ သင့်တော်တဲ့ အသိဥာဏ် နဲ့ အလှကိုဆင်နိုင်ကာ အတုယူပါ။ ခဏတာစိတ်ခံစားမှုကို အချစ်လို့ တွေး တစ်ဘ၀လုံးစာကိုတောင် လူမျိုးမတူ ဘာသာ မတူ သူလက်ထဲ မထည့်ခင်မှာ ကိုယ်တကယ်စဉ်းစားသင့်တဲ့ ကိုယ့်ရဲ့ ဘ၀ရှေ့ ရေးနှင့် မိမိရင်သွေးတို့ ရဲ့ အနာဂတ်ကို မျှော်တွေး ဖို့ ပါ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့ ဘူး ဆိုပေမဲ့ တကယ်ခံရရင်လည်း ဘယ်သူမှအစားလာခံလို့ မရဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။ အဆုံးသတ်ချင်တာကတော့ ကိုယ်ကျင့်တရား မျိုးရိုးသိက္ခာဆိုတာကို ကိုယ့်လက်ထက်ကျမှ ပျောက် မသွားစေသင့်ဘူး။ အမျိုးစောင့်ဥပဒေမပြဌာန်းခင် ကျွန်မတို့  မြန်မာမိန်းကလေးတွေတွက် အဓိကလုပ်ရမဲ့အလုပ်က မိမိ ကိုယ် ကိုယ် စောင့်ထိန်းခြင်း Self-Discipline ရှိဖို့ ပါပဲ။
ဥပဒေဆိုတာ ဆိုးလို့ ထုတ်ရတာမျိုးမဟုတ်ဘဲ ထိန်းသိမ်းသင့်တာထိန်းသိမ်းရအောင် မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ပေးတဲ့အရာမို့  အမျိုးစောင့်ဥပဒေဆိုတာကိုလက်ခံမိပါတယ်။ကြိုဆိုပါတယ်။ကုလသမဂ္ဂပညာရေး သိပ္ပံနှင့် ယဉ်ကျေး မှု အဖွဲ့ (ယူနက်စကို)ကို ဦးဆောင်သည့် ပထမဆုံးအရှေ့ ဥရောပအမျိုးသမီးဖြစ်သည့် ဒေါက်တာအီရီနာဘိုကိုဗာကလည်း အစိုးရတွေအနေနဲ့  ဆင်းရဲမွဲ တေမှု၊ မိန်းကလေးများအချိန်မတိုင်မီအိမ်ထောင်ပြုမှုနဲ့  လုံခြုံရေးအနေအထားတွေအပါအ၀င် နိုင်ငံရဲ့ အခြေအနေတစ်ခုချင်းစီ အပေါ်မှာ အခြေခံပြီး သင့်လျော်မှန်ကန်တဲ့မူဝါဒတွေချမှတ်စေချင်ပါတယ် လို့ ဆိုဖူးပါတယ်။
 ဇူလိုင် ၃ ရက်နေ့ ဖြစ်တဲ့ ဒီနေ့ ဟာ မြန်မာအမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် ချစ်သောမိန်းကလေးများအားလုံးကို ပြောချင်တာလေးတစ်ခုရှိပါတယ်။ မြန်မာတွေထဲမှာ နေနေတဲ့အတွက် မြန်မာတွေမျက်လုံးမှာ ကိုယ်ဟာအရိုင်းစိုင်း မဖြစ်စေ သင့်သလို မိမိကြောင့်လည်း တစ်လှေလုံးပုပ်သွားရမဲ့  အဖြစ်တွေမရှိရလေအောင် ထက်မြက်တဲ့မိန်းကလေးများဖြစ်ပါစေ။ မိမိရဲ့  ရှေ့ ရေးကိုစဉ်းစားတဲ့အခါမှာလည်း မိမိရဲ့ လူမျိုး မိမိရဲ့  ပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဉ်းစားပါလို တောင်းဆိုလိုပါတယ်။
                                                                                                               ဧပရယ်ဆွေဆွေ
                                                                                                       (၃-၇-၂၀၁၃   ၈: ၃၀)
Posted by Unknown on Friday, July 5, 2013
categories: | edit post
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞
۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞
hit counter
۞۞۞ကိုယ်တော်စာပေ۞۞۞
http://www.kotawsarpay.com/
۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞
۞۞۞ဘလော့ခရီးသည်۞۞۞
http://www.aungsanmks.com/
۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞
Popular Posts
Blog Archive
Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်
သီချင်းလေးတွေနားထောင်ကြမယ်
dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
လိုအပ်သည်များပြောကြားခဲ့ပါနော်
Total Pageviews
လာရောက်အားပေးကြသူများ
လာရောက်သူတို့ရဲ့စကားသံလေးများ
flag counter
Flag Counter