ချစ်သူရဲ စကားတစ်ခွန်းကို
နာကျင်စေမိတယ်ဆိုရင်
မင်းစကားတွေကို
ဂရုစိုက်တတ်တဲ့ ချစ်သူကို
မင်းနားလည်ပေးလိုက်ပါ။
ငြင်းခုန်နေမိတဲ့အချိန်တွေကို
စိတ်ညစ်မိတယ်ဆိုရင်
နွဲ့ ဆိုးဆိုးချင်လို့ သာ
မင်းကိုအနိုင်ယူတယ်လို့ 
နားလည်ပေးလိုက်ပါ။
သူ့ ရဲ့ သ၀န်တိုမှုတွေကို
နားညည်းလာမိတယ်ဆိုရင်
မင်းကို စိတ်ညစ်စေဖို့ မဟုတ်ဘဲ
မင်းကိုအရမ်းချစ်တဲ့
သူ့ ရဲ့ အချစ်တွေကို
နားလည်ပေးလိုက်ပါ။
ငြင်းခုန်မှု၊ ၀န်တိုမှု
စိတ်ကောက်မှုတွေရဲ့ 
မိန်းကလေးတို့ ရဲ့ အပြုအမှုဟာ
ချစ်ခြင်းရဲ့ ခြေဆင်းလေးတွေပါလို့ 
မင်း နားလည်ပေးလိုက်ရင်
ချစ်ခြင်းမှာမင်းပျော်မွေ့ လာမှာပါ။
ုဧပရယ်ဆွေဆွေ
0 comments