သံဝေဂ(တာရာမင်းဝေ)
ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
… အားနာလိုက် တာ..။
စီးကရက်ကို တဟွတ်ဟွတ် သောက်မိ တာလား
ချောင်းကို မီးညှိ ပြီး ဆိုးနေတာလား
ကျွန်တော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။
မေမေရေ..
ကြွေရင်လည်း မြေမှုန် တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတစ်ပွင့် ပါပဲ
ခုတော့..
လေအလာကို မျှော်လင့် ရင်း ရနံ့ ချိုချိုတွေ ပွင့် ရပါဦးမယ်။ ။
တာရာမင်းဝေ
၂၀၀၂၊ ဇူလိုင်၊ ကလျာ
၂၇.၅.၂ဝဝ၂
0 comments