ကန်ရေပြင်ကိုဖြတ်တိုက်လာသော လေနုအေးအေးကကျွန်မတို့ စားပွဲဆီသို့  ဝေ့ကနဲရောက်ရှိလာတဲ့အခိုက် ကျွန်မ လေကို အားရပါးရ တ၀ကြီးရှူလိုက်မိပါသည်။ အရမ်းလတ်ဆတ်ကာ သန့် ရှင်းသောလေလေးပါ။ ကျန်းမာရေး လိုက် စားသော ခါဆူကီလည်း ထိုလေကို မျက်စိမှိတ်ရူသွင်းနေသည်ကို တွေ့ ရသည်။
ဟုတ်ပါတယ်။ ခေတ်မှီဖွ့ံဖြိုးမှုရဲ့ နောက်ကွယ်မှ သဘာဝယိုယွင်းမှုများစွာရှိနေတာမို့  စစ်မှန်သော သဘာဝ အလှတို့ သည် တဖြည်းဖြည်းနှင့် ယိုယွင်းလာနေပါသည်။ အချိန်ကြာလာသည်နှင့်အမျှ သဘာဝတရားများသည်သာ တန်ဖိုးရှိသောအရာများပြန်ဖြစ်လာတော့မည်။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်သာတည်း။
" ကဲ…..ကဲ….ဒီနေ့ ဘာလေ့လာမလဲ "
မျိုးမျိုးက စကားစလိုက်ချိန်မှာ ကျွန်မတို့ နှစ်ယောက်လုံး ခါဆူကီထံ အကြည့်ရောက်သွားပါသည်။ ခါဆူကီက ဂျပန် အမျိုးသားတစ်ဦးဖြစ်သည်။ မြန်မာစာနှင့် မြန်မာဓလေ့ထုံးတမ်းများကို လေ့လာလိုသူမို့  ကျွန်မနဲ့ မျိုးမျိုးက ကူညီပေး နေခြင်းပါ။ အသက် ၅၈ နှစ်အရွယ်ရှိသော ထိုဂျပန်အမျိုးသားကြီးသည် အသက်ကွာခြားသော်လည်း ယဉ်ကျေးမှုရှိ လှစွာ ကျွန်မတို့ နှင့်တွေ့ လျှင် မြန်မာဓလေ့အတိုင်း လက်အုပ်ချီကာ မင်္ဂလာပါလို့  နှုတ်ဆက်တတ်သည်။
ဒီနေ့ ညနေပိုင်းကို ကန်ဘေးရှိအကြော်ဆိုင်တွင် ထိုင်ရင်း စကားပြောကြခြင်းဖြစ်သည်။ ကျွန်မတို့ က သင်ပေး တယ်လို့ ပြောပေမယ့်လည်း ခါဆူကီထံမှ ပြန်သင်ခဲ့ရသည်ကများလှပါသည်။ ကျွန်မနဲ့ မျိုးမျိုးက အကြော်စားမယ်လို့  တိုင်ပင်တော့ အကြော်တစ်ခုမှာပါသော ကယ်လိုရီကိုတွက်ပြတာမို့ တခြားစားစရာတစ်ခုကို မှာစားလိုက်ကြသည်။ ခါဆူကီကတော့ ရေနွေးတစ်ခွက်နှင့် ကော်ဖီမှုန့် ၊ သံပုရာသီးတစ်ခြမ်းသာမှာပါသည်။ သူက သကြားကရုပ်ကိုရင့်စေ တဲ့အတွက် သူ့ ရုပ်ရင့်မှာစိုး၍ မစားကြောင်း ဟာသနှောကာဆိုပါသည်။
အနေအထိုင်၊ အစားအသောက် သတိထားတတ်သော ဂျပန်ဓလေ့ကိုလည်း သူ့ ဆီက ပြန်သင်ယူရပါသည်။
မိုးစက်ကလေးများ ရုတ်တရက်ကျလာတာကိုကြည့်ရင်း သူက-
" မနေ့ ကမိုးလေ၀သသတင်းနားမထောင်မိဘူး " လို့ ပြောသည်။ ခါဆူကီက ထိုစကားကို တောက်လျှောက်အဖြတ် အတောက်မရှိပြောသွားတာပါ။ ဒါကြောင့် ကျွန်မက မြန်မာဘာသာစကားတစ်လုံးကို အသံထွက်ရွတ်ဆိုလျှင် ၁မတြာ (၁ စက္ကန့် )ကြာကြောင်း၊ သို့ သော် တချို့ စကားလုံးလေးများသည် ၁ မတြာမပြည့်ကြောင်း( မတြာဝက်ခန့် သာရှိ၍) နောက်က ကပ်ပါလာသောစကားသံပေါ်တွင် ပို၍အားစိုက်ဆိုပေးရကြောင်း မိုးလေ၀သ စကားလုံးရှိ (၀ နှင့် သ) ကို ဥပမာပေးပြောပြပေးလိုက်ပါသည်။ ထို့ နောက် စကားလုံး အဖြတ်အတောက်များကို ရှင်းပြပေးလိုက်ရာ ခါဆူကီက နားလည်မှုမြန်စွာပဲ
" မနေ့ က မိုးလေ၀သသတင်း နားမထောင်မိဘူး " ဟု ပြန်ပြင်ပြောပါသည်။
စကားကောင်းနေစဉ်မှာပဲ မိုးရွာလာတာကြောင့် ကောင်မလေးတချို့ ဆိုင်ထဲ ပြေးဝင်လာကြတာကို တွေ့ ရ သည်။ ကျွန်မနဲ့ ခါဆူကီရှေ့ တည့်တည့်မှ မိန်းကလေးတစ်ယောက် ထိုင်ချလိုက်ချိန်မှာ ကျွန်မ မျက်စိမှိတ်လိုက်မိပါ သည်။ " ဘုရား……..ဘုရား " စိတ်ထဲမှ ဘုရားတရင်း ခါဆူကီနှင့် မျိုးမျိုးကို မျက်နှာပူနေမိပါသည်။
ဘောင်းဘီကို ခါးစပ်အထိအောက်ကျအောင်ဝတ်ထားသော ထိုကောင်မလေးထိုင်ချချိန်မှာ အမြင်မတော်တာ ကြောင့် ခါဆူကီကိုလည်း အားနာသွားမိသည်။ မြန်မာဓလေ့ထုံးတမ်းတွေကို လေ့လာနေတဲ့သူရှေ့ မှာမှ ဒီလိုမျိုးဖြစ်ရ သလား။ ခါဆူကီက နားလည်မှုရှိစွာ ကျွန်မကိုပြုံးပြကာ နေရာပြောင်းထိုင်လိုက်ပါသည်။ ရှေးက မြန်မာအမျိုးသမီးများ သည် သူတို့ ၏ အသားများကို လူမြင်မှာ အရမ်းစိုးရွံ့ ကြသည်။ ထမီကိုရှည်ရှည်ဝတ်ကာ ရင်ဖုံးလက်ရှည်လေးများ ၀တ်ဆင်တတ်ကြသည်။ ယခုခေတ်မှာတော့ မပေါ်-ပေါ်အောင်ဝတ်ရင်း အလှဟုထင်ကာ တန်ဖိုးပျက်နေကြသည်ကို မသိတော့။ ကျွန်မကတော့ ထိုနေရာကနေ အဝေးဆုံးကိုသာ ပြေးထွက်သွားနေချင်မိသည်။ အင်း…..မြင်သူကရှက် တော့လည်း မျက်စိမှိတ်ရုံအပြင် ဘာရှိသေးသနည်း။
ထို့ နောက် ကျွန်မတို့ စကားဝိုင်းက ပြောင်းလဲခြင်းနှင့် ဖွံ့ ဖြိုးရေးဖြစ်စဉ်များဆီသို့ ရောက်သွားကြသည်။ ခါဆူကီက- ပြောင်းလဲခြင်းဆိုသည်ကို လူတိုင်းလုပ်သင့်ကြောင်း၊ လှပသောလိပ်ပြာလေးပင်လျှင် ပေါက်ဖတ်ဘ၀မှ သည် အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်ဖြင့် ရှင်သန်ကြီးပြင်းရကြောင်း၊ ထို့ အတူ လူတို့ သည်လည်း ပြောင်းလဲမှုရှိသင့်ရာ ထိုသို့ ပြောင်းလဲရာ
၁-Why -ဘာကြောင့်ပြောင်းတာလဲ
၂-What -ဘာရည်ရွယ်ချက်နဲ့ လဲ
၃-Where -ဘယ်နေရာလဲ
၎-When -ဘယ်အချိန်၊ ဘယ်တော့ပြောင်းမလဲ
၅-Who -ဘယ်သူပြောင်းမလဲ
၆-How -ဘယ်လိုပြောင်းမလဲ ဆိုသော အချက်များလိုအပ်ကြောင်း ပြောပြသည်။
ခါဆူကီစကားအဆုံးမှာ ကျွန်မတို့ မြန်မာတွေအတွက် ပြန်စဉ်းစားနေမိပါသည်။ အပြောင်းအလဲတွင် စစ်မှန် သော လမ်းကြောင်းနှင့် မှန်ကန်သော အတွေးအခေါ်များ လိုအပ်နေပါသည်။ ဆက်ပြီး ဖွံ့ ဖြိုးမှုဖြစ်စဉ်အတွက်-
ဖွ့ံဖြိုးလိုသော ဆန္ဒအရင်ဆုံးရှိရမှာဖြစ်ပြီး အဲဒီတွက် လုံ့ လ၊ ၀ီရိယစိုက်ရမှာဖြစ်ကြောင်း၊ ဖွ့ံဖြိုးရေးနှင့်ပက်သက်သော ဆုံးဖြတ်ချက်များကို ခိုင်မာမှုရှိအောင်စိတ်ထဲတွင် တစိုက်မတ်မတ်စွဲနေစေပြီး စည်းကမ်းတကျလိုက်နာမှသာ ဖွံ့ ဖြိုးရေး အသီးအပွင့်ကို ခံစားရမှာဖြစ်တယ်လို့ ဆိုပါသည်။
ခါဆူကီထံမှ အဖိုးမဖြတ်နိုင်သော စကားလုံးများကြားမိတဲ့ခဏမှာ ကျွန်မကြက်သီးတဖြန်းဖြန်းထမိပါသည်။ ဖွံ့ ဖြိုးမှုနှင့် ပြောင်းလဲခြင်းလမ်းမှားနေကြသော မြန်မာမိန်းကလေးများအတွက်လည်း စိုးထိတ်နေမိသည်။
ဂလိုဘယ်လိုက်ဇေးရှင်း သဘောတရားအရ တားဆီးမရနိုင်သော Cross Cultureများသည်လည်း စက္ကန့် တိုင်း စီးဆင်းဝင်ရောက်နေပါသည်။ ခေတ်ရေစီးကြောင်းကို အကြောင်းပြကာ ၀တ်စားဆင်ယင်ထုံးဖွဲ့ မှုကို အရေးမကြီးပါဘူး ဟု သဘောထား၍မရပါ။ ကမ္ဘာ့ နိုင်ငံအသီးသီးတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုများ မပပျောက်စေရန် ကြိုးစားနေကြ သည်။ ဖွံ့ ဖြိုးမှုနောက်ကျနေသော မြန်မာနိုင်ငံတွင် ဖွံ့ ဖြိုးရန် နေရာများစွာတွင်လိုအပ်နေပါသေးသည်။ ထိုနေရာကို ကျွန်မတို့ လူငယ်တွေရဲ့ အားဖြင့် ဖြည့်မှသာ တိုးတက်နိုင်ပါမည်။ စက်မှုဖွံ့ ဖြိုးမှုတွင် ဂုဏ်ယူဝင့်ကြွားနိုင်မှုမရှိသေး သော်လည်း ရိုးရာလေးများဖြင့် ယဉ်ကျေးမှုဂုဏ်ယူနိုင်အောင် တည်ဆောက်သင့်ပါသည်။
နိုင်ငံတကာက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာတော့မည့်အချိန်တွင် ကျွန်မတို့ က နည်းပညာများ၊ အတတ်ပညာများကို အကျိုးရှိရှိ သင်ယူလေ့လာ အသုံးချသင့်ပါသည်။ ထိုနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု များနှင့်အတူ နည်းပညာများ၊ ယဉ်ကျေးမှုများသည်လည်း ရောက်လာတော့မည်။ အရှုံးဖြစ်နိုင်သည့် ဆိုးကျိုးပြဿနာ များကို တတ်နိုင်သမျှ ဟန့် တားထိန်းသိမ်းရပါဦးမည်။ အရေးကြီးတာက ဘာလဲ မြန်မာမလေးများ သတိထားကြဖို့ လို လာပါသည်။
အ၀တ်အစားဆိုသည်မှာ ရာသီဥတုနှင့် သင့်လျော်အောင်၊ခန္ဓာကိုယ်ကြီးသဘာဝတရားနှင့် လိုက်လျောညီထွေ ရှိအောင်၊ အရှက်တရားများ လုံခြုံအောင်ပြုလုပ်ထားသည့်အရာဟု ကျွန်မမြင်ပါသည်။
ကျွန်မသည်လည်း မိန်းမသားပေမို့ လှချင်ပါသည်။ သို့ သော် ထိုအလှအတွက် ကျွန်မတို့ ဂရုစိုက်စရာ၊ ထိန်းသိမ်းစရာများစွာရှိနေပါသည်။ အပြောင်းအလဲများစွာနှင့် ခရီးဆက်နေပြီဖြစ်သော ယနေ့ မြန်မာနိုင်ငံတွင် မြန်မာ လူငယ်ကလေးများသည် နိုးကြားတက်ကြွ(Motivated)ဖို့ လိုနေသလို ကိုယ့်ကို ယုံကြည် စိတ်ချပြီး ဂုဏ်ယူနေဖို့ ( Self-esteem) လည်း လိုပါသည်။
မလုံမလဲဝတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသော အလှအတွက် ကျွန်မတို့ ဘာကြောင့် ငွေကုန်၊ အချိန်ကုန်၊ သိက္ခာကုန်ခံနေမလဲနော်။ ခေတ်ကိုမှီရုံဆို မပြောလိုပါ။ရှေ့ ကိုအပြေးလွန်နေသည်ကတော့ တဆိတ်တော့ လွန်လွန်း နေကြသည်။ ဖုံးရမှာမှန်သမျှ အကုန်နီးပါးဖော်ပြထားသော ဒီနေ့ ဖက်ရှင်ဒီဇိုင်းများသည် နိုင်ငံရပ်ခြားတွင်တောင်မှ ရှိုးလျှောက်သောလမ်းပေါ်မှာသာ ၀တ်လို့ ရသည့်ဒီဇိုင်းများဖြစ်သည်ကို သတိထားသင့်သည်။ မြန်မာမျက်စိသည် မြန်မာအလှနှင့်သာသင့်လျော်သည်။ ချိတ်လုံချည်၊ ရင်ဖုံးပဲဝတ်ရမည်ဟု မဆိုလိုပါ။ အမြင်တင့်တယ်စေချင်တာပါ။ မြန်မာမိန်းကလေးတို့ ၏အလှကို အဆင့်အတန်းရှိစေချင်တာပါ။ အရိုးဆုံးသည် အဆန်းဆုံးဖြစ်နိုင်သည်။
ဒီနေ့ အဖို့ ကတော့ ခါဆူကီကို သင်ပေးခြင်းထက် ခါဆူကီက သင်ပေးလိုက်တာက ပိုများပါသည်။ လမ်းဘက်ကိုကြည့် လိုက်တော့ မိုးလည်းစဲသွားသလို ခုနက မိန်းကလေးများလည်း ရှိမနေတော့ပါ။ မျက်စိစိတ်ချမ်းသာသွားရပြီမို့  သက်ပြင်းလေးချကာရှိဆဲ ပလုံးပထွေး လျှာခလုတ်တိုက်လုမတတ် လုဆိုနေကြသောဘုရားစူးပါစေ့ (မြန်မာသီချင်းပါ) ဟု ကျိန်ရလောက်အောင် ဆူလှစွာသော မြန်မာမလေးများ၏သီချင်းသံက နားထဲသို့ ဝင်လာပြန်ပါသည်။
အင်း……
ကျွန်မ သက်ပြင်းပဲချကာ ခေါင်းငုံ့ နေမိတော့သည်။
ဧပရယ်ဆွေဆွေ
0 comments