လက်လှမ်းမမီသည့်ပန်းအတွက် လိုအပ်လျှင် ပင်စည်ကိုလှဲပြစ်ရဲသည်အထိ မိုက်ရူးရဲ ဆန်မိတတ်တာကလည်း မိမိအခြေအနေကို မိမိမသိဘဲ ဘ၀ကိုဖြတ်သန်းနေမိတဲ့ အချစ်ဆိုသော အရာနဲ့ ကြုံတွေ့ ချိန်မှာပေါ့။ သေချာတာတစ်ခုက အဲဒီ အချိန်မှာ သူ့ ဆီက ဘာအခွင့်အရေး အကျိုးအမြတ်မှ မလိုချင်ကြပါဖူး။ ချစ်နေရရုံ၊ ချစ်နေရရုံလေးနဲ့ ပဲ ကျေနပ်နေတာပါ။ ကိုယ်ကချစ်တယ်ဆိုတာ ကိုယ့်ဘ၀တစ်ခုလုံးကို သူ့ ခြေရင်းမှာပုံအပ်ထားလိုက်တာနဲ့ တူပါတယ်။ ဒါဟာ မာနအားလုံးကိုခါချပြီး သူ့ ကို ကိုယ် ဘယ်လောက် တန်ဖိုးထားတာကိုပြသခြင်းပါ။ အဲဒီအတွက် မာနတွေလုံးဝမရှိတော့ဖူး။ သူသိချင်သိပါစေ။ မသိချင်လည်း နေပါစေ။ ဒါဟာ ချစ်ခြင်းက ပေးတဲ့အရာပါ။
ချစ်သူစိတ်ညစ်နေလား
ချစ်သူ မျက်နှာပျက်နေလား …..….
ချစ်သူ …….လား။ လား…..ပေါင်းများစွာသော မေးခွန်းတွေက သူ့ မျက်နှာကိုကြည့်ရင်း …..….ကိုယ့်အသည်းတွေ ပဲ့ကြွေ သွားမလားထင်ရချိန်လေ။ အဲဒီအချိန်မှာ သူပျော်ရွှင်ဖို့ သာ ကိုယ့်အတွက်အရေးကြီးဆုံးဖြစ်ပြီး ကိုယ့်မှာဘာအပြစ်ရှိနေလဲလို့  ကိုယ့်ကိုပြန်စိစစ်တတ်ချိန်လည်းဖြစ်ပါတယ်။ နွေးထွေးလိုက်၊ အေးစက်လိုက်၊ စိတ်ပျက်လိုက်၊ ၀မ်းသာလိုက်နဲ့  အချစ်ကပေးတဲ့ ခံစားချက်တွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ဘ၀ကိုစီးမျောနေခဲ့မိတယ်။
သေချာတာက
အချစ်ကြောင့် လောင်မြိုက်ချင်လောင်မြိုက်သွားပါစေ
အချစ်ကြောင့် နာကျင်သလောက် နာကျင်ခဲ့ပါစေ
အချစ်ကြောင့် ပူလောင်ချင်သလောက် ပူလောင်ပါစေ
ဒါတွေကို လက်ခံနိုင်ခဲ့ပြီဆိုရင် သင် တကယ်အချစ်စစ်နဲ့ သူ့ ကို ချစ်နေမိပြီဆိုတာ..ယုံလိုက်ပါတော့။
ဧပရယ်ဆွေဆွေ
0 comments