နှလုံးသား ဖြူစင်ကြယ်နှင့် လူတွင်ကျယ် ပုဂံသားတွေတို့  ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့ ကိုယ်မျိုးဂုဏ် တမာန်တက်ပေလိမ့် ဓားထက်တဲ့ပုဂံမှာ………
ဆရာဇော်ဂျီရဲ့  ရှေးခေတ်ပုဂံပြည် ကဗျာလေးပါ။ ပုဂံသည် ဘာသာတရားစည်ပင်မှု၏ ပြယုဂ်ဖြစ်သလို ဓားထက်ခဲ့သော သာဓကများ လည်း ရှိခဲ့ရာ သမိုင်းဝင်နေရာဒေသဖြစ်သည်။ ထိုဒေသအတွက် ကျွန်မတို့ ဂုဏ်ယူစရာ အများအပြား ရှိသလို ကျွန်မတို့ လက်ထက်တွင် လည်း ဆက်လက်တည်တံ့ရန် မျိုးဆက်သစ်များအနေဖြင့် တာဝန်အများအပြား ရှိနေ ပါသည်။ ပထမ ပုဂံခေတ်သည် သက္ကရာဇ် ၂၉ - ၂၆၆ ခုနှစ်ထိ လည်းကောင်း ဒုတိယ ပုဂံခေတ်သည် သက္ကရာဇ် ၂၆၆ - ၄၃၈ ခုနှစ်ထိ လည်းကောင်း တတိယ ပုဂံခေတ်သည် သက္ကရာဇ် ၄၃၈ - ၅၆၂ ခုနှစ်ထိ လည်းကောင်း (၄င်းခေတ်တွင် ထွန်ချစ်မင်း၏သား ရွှေအုံးသီးသည် သက္ကရာဇ်ဖြို၍ သက္ကရာဇ်ကိုပြန်လည်စတင်ခဲ့၏။ ထို့ ကြောင့် သက္ကရာဇ် ၂ ခုနှစ်မှ ၂၀၈ ခုနှစ်ထိလည်းကောင်း) စတုတ္ထ ပုဂံခေတ်သည် သက္ကရာဇ် ၂၀၈ - ၇၃၀ ခုနှစ်ထိ လည်းကောင်း ရပ်တည်ခဲ့သည့် ပုဂံဖြစ်သည်။ ကျောက်စာမြေများထွန်းကားရာ ယဉ်ကျေးမှုအပြည့်ဖြင့် ဂုဏ်ယူစရာ ပုဂံကို ရှေးမြန်မာကြီးများ တည်ထောင်ပေးခဲ့သည်။ ထိုပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရန် နောက်နှစ်တွင် လေ့လာမှုများပြုလုပ်နိုင် မည်ဟု ခန့် မှန်းထားကြောင်း ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စင်တာ ညွှန်ကြားရေးမှူး မစ္စတာ ရောင်ကီးရှောက ပုဂံ ဒေသနှင့် ပက်သက်၍ ပြောကြားထားသည်။ ပုဂံ ညောင်ဦး မြင်းကပါတစ်ဝိုက်သည် ဆွတ်ပျံ့ ဖွယ် သာယာဖွယ် အားတက်ဖွယ်များစွာကို ပေးစွမ်းနိုင်စွမ်းရှိ သည်။ လက်ညှိုးထိုး မလွဲသည့် ဘုရားစေတီများနှင့် လှပစွာစီးဆင်းနေသည့် မြစ်ကြီး ဧရာဝတီ။ ထိုအရာအားလုံးဟာ ကျွန်မတို့ ပိုင်ဆိုင်သောအရာများလို့ တွေးမိလိုက်ရုံဖြင့် ရင်တွင်းမှာ အားအင်များဖြစ်လာရသည်။ ပုဂံအား ၁၉၆၆ ကတည်းက ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအဆိုကို တင်ထားခဲ့သည်။ ၁၉၉၇ တွင် ပုဂံနှင့် ပက်သက်သည့် စီမံခန့် ခွဲမှုဆိုင်ရာအချက်အလက်များကို အကျယ်တ၀င့်ဆောင်ရွက်ပေးရန်ကမ္ဘာ့ အမွေအနှစ် ကော်မတီက အစိုးရသို့ အကြောင်းကြား ခဲ့သော်လည်း အစိုးရဘက်မှ ပြန်လည်ပေးပို့ ခြင်းမရှိခဲ့ပါ။ ခုတော့ လိုအပ်သော အဆင့်များကို နောက်နှစ်တွင် အစိုးရက အပြီးသတ် လုပ်ဆောင်နိုင်မည်လို့ မျှော်လင့်ကြောင့် မစ္စတာရောင်က ပြောကြား ခဲ့သည်။ စင်စစ် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရေးတွက် ဖွ့ံဖြိုးမှုကို ထိန်းသိမ်းနိုင်ရန်နှင့် ထိန်းသိမ်းရာတွင် လည်း မူလအနှစ်သာရမပျက် ထိန်းသိမ်းနိုင်ဖို့ လိုပါသည်။ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် မစ္စ အရီနာဘိုကိုဗာ ကလည်း အံ့မခမ်းပုဂံကို တစ်နေ့ တခြားလာရောက်သူ များပြားတိုးပွားလာကြောင်း၊ ထိုသို့ သောအခြေအနေတွင် ဖွံ့ ဖြိုး တိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရေးလိုအပ်သလို ခရီးသွားများကိုလည်း ရေရှည်ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အကြံပေးသွားခဲ့သည်။ ပုဂံမြို့ ၏ အရှေ့ တောင်ဘက်တွင် မို့ မောက်မြင့်မားသော တူရွင်းတောင်ကြောရှိသည်။ ယခုအခါ ထိုတူရွင်း တောင်အနီးတွင် ဟိုတယ်ဇုန်ဖော်ထုတ်ရန် လျာထားနေသည်။ သို့ သော် ထိုနေရာသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်း တွင် ရှိနေသည်။ ယခုလက်ရှိ ဟိုတယ် ၇၅ လုံးရှိသော ပုဂံဒေသတွင် ဧည့်သည် များပြားစွာဝင်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားရတော့မည်ဖြစ်သည်။ ဟိုတယ်တွေ အဆောက်အအုံတွေ ဘယ်လိုဆောက်ဆောက် ဒေသရင်းကို ထိန်းသိမ်းရပါမည်။ သို့ မှသာ ပုဂံ ဒေသ၏ အလှကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်လိမ့်မည်။ မြေသင်းန့ံတသင်းသင်းနှင့် ပုဂံလမ်းဟောင်းလေးများကို မထိ ခိုက်စေချင်ပါ။ ထိုချစ်စရာလမ်းလေးများမှ ရှေးဟောင်းလက်ရာများနှင့် ရှေးမြန်မာကြီးတို့ ၏ ကုသိုလ်တော် ဘုရားစေတီ များဆီသို့  သင်သွားရောက်နိုင်သည်။ တမာရိပ်၊ ထနောင်းရိပ်၊ ကုက္ကိုရိပ်တို့ ဖြင့် သဘာဝအလှတရားသည် ပုဂံ၏အလှကို ထပ်မံပံ့ပိုးပေးနေသည်။ ထို ပတ်ဝန်းကျင်အလှများကို ထိန်းသိမ်းရန်အသိကိုလည်း ဒေသခံများအပါအ၀င် လာရောက်လည်ပတ်သူများက ကူညီရန် လိုပါသည်။ ထို့ အတွက် စီမံခန့် ခွဲမှုကောင်းလိုပါသည်။ ထောင်စုနှစ်တွေများစွာကုန်ဆုံးခဲ့သော်လည်း ချစ်စရာ မြတ်နိုးရာ ရိုးရာယဉ်ကျေးမှုများက ယခုတိုင်ကျန်ရှိနေ သည်မှာ ဂုဏ်ယူစရာဖြစ်သည်။ ရှေးမြန်မာတို့ လက်များထဲမှ ချွေးသွေးတို့ ဖြင့် တည်ဆောက်ခဲ့သော သူတို့ ၏ အိပ်မက် ကမ္ဘာကြီးပုဂံကို ကျွန်မတို့ ဆက်လက်ထိန်းသိမ်းသွားရမည်။ ကျွန်မတို့ မြန်မာလူမျိုးများ၏ ချစ်သော ပုဂံကို အလှမပျက် သဘာဝမပျက် ထာဝရတည်တံ့သော ကမ္ဘာ့  အမွေအနှစ် စာရင်းဝင်ရေးအတွက် အားလုံးတွင် တာဝန်ရှိနေပါသည်။
 ဧပရယ်ဆွေဆွေ

Posted by Unknown on Wednesday, July 3, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter