" အညာစရော် စဆင်းငြီး " 
ရုတ်တရက် နုတ်ဆက်လိုက်သော ကျွန်မတပည့်လေးများ၏အသံကို ကြားလိုက်ရသောခဏတွင် ကျွန်မ စိတ်တော်တော်လေးပျက်သွားမိပါတယ်။ ၁၀ နှစ်အရွယ်ကလေးမလေးတွေပါ။ ကိုးရီးယား ကား များအကြည့်များကာ ကျွန်မကို သူ့ စိတ်ထဲမှာထင်သည့်အတိုင်း နှုတ်မှရွတ်ကာ နှုတ်ဆက် ခြင်း   ဖြစ်ပေလိမ့်မည်။
" မင်္ဂလာပါ ကလေးတို့ ရေ "
"ကဲ- ဆရာမကို မြန်မာလို ပြန်နှုတ်ဆက်ကြပါဦး ဘာလို့ လဲဆိုတော့ ဆရာမက ကိုးရီးယား စကား မတတ်တော့ နားမလည်လို့ ပါရှင်။"
 ကျွန်မက အဲလိုအရွှန်းဖောက်တော့ သူတို့ လေးတွေက ပြုံးပါတယ်။ ချစ်စရာကောင်းသော အပြစ် ကင်းသော သူတို့ မျက်နှာလေးတွေမြင်ရင် ကျွန်မစိတ်က ပျော်ရွင်ကြည်နှုးရပါတယ်။ သူတို့  မိဘ   တွေ  ဆိုလျှင် ဘယ်လောက် ချစ်မြတ်နိုးကြလေမလဲ။
"မင်္ဂလာပါ တီချယ် "
" လုပ်ပြန်ပြီ "
ကျွန်မက ဘ၀င်မကျသလိုပြောတော့မှ မင်္ဂလာပါဆရာမ လို့ ပြောင်းနှုတ်ဆက်ပါသည်။
တွေ့ သမျှ မြင်သမျှ သိချင်တတ်ချင်နေသောထိုအရွယ်လေးများသည်အလွန်တရာမှ ထိန်းကျောင်း ဖို့  သတိထားရမည့် အရွယ်လေးများဖြစ်သည်။ သူတို့ စိတ်တွင် အမှန်အမှားထက် လုပ်ချင်စိတ် ကသာ ပိုများမည်။ တော်၏မတော်၏  သင့်၏မသင့်၏ သူတို့ မှာ ချင့်ချိန်နိုင်မှု မရှိသေး။ ထိုအချိန် တွင် မိဘ နှင့် ဆရာသည် သူတို့ အတွက် အခရာဖြစ်သည်။ ကျွန်မ ဟိုတစ်နေ့ က အင်တာနက်မှ မြန်မာအသုံးအနှုန်းတစ်ချို့ နှင့်ပက်သက်သော ဘလော့တစ်ခုကိုဖတ်ခဲ့ရသည်။ ထိုဘလော့တွင်ပင် မြန်မာ့ဝေါဟာရတွေရှိပါလျက်နဲ့ နိုင်ငံခြား ဝေါဟာရတွေကို တွင်တွင်အသုံးပြုနေတဲ့အတွက် မြန်မာမှုများပပျောက်မှာ စိုးရိမ်ကြောင်းတင်ပြထားပါတယ်။အမှန်တကယ်မျက်မှောက် အခြေအနေ တွင်လည်း ဤသို့ သော ဝေါဟာရများမှာ အဓိပ္ပာယ်များလွဲမှားသည့်အထိ တိုင်အောင် သုံးစွဲနေ ကြပါသည်။ ယခင်က ဆိုးသွမ်းသောအပြုအမူတွက် မိုက်တယ် လို့ သုံးနှုန်းခဲ့ကြသော်လည်း ယခုမူ မိုက်တယ် သည် အရမ်းကောင်းတယ် ဟူသော အသွင်သို့ ပြောင်းလဲနေခဲ့သည်။
ဘာသာစကားဟူသည် စနစ်တကျဖွဲ့စည်းထားသောလူမျိုးအလိုက် စိတ်ကူးစိတ်သန်းသက်သက်မျှ ဖြင့် တီထွင်အသုံးပြုထားသော အသံသင်္ကေတစနစ်ဖြစ်သည်။ ၄င်းတွင်
 အသံထွက်စနစ်
 စကားလုံးဖွဲ့ ပုံစနစ်
 စကားသံစနစ် စသည်ဖြင့် နည်းစနစ်များရှိကြပါသည်။
မြန်မာဘာသာစကားဟာ တိဗက်မြန်မာဘာသာစကားအုပ်စုတွင်ပါဝင်သည်။ မြန်မာဘာသာစကား ကို အရေးဘာသာစကားအဖြစ် ၁၂ ရာစုအစောပိုင်းကာလတွင် တွေ့ ခဲ့ရသည်။ မြန်မာတို့ သည် မွန်တို့ ထံမှ အရေးအသားကိုယူကာ မြန်မာ့ပင်ကိုယ်အသံများဖြင့် ညှိနှိုင်းယူထားခဲ့ခြင်းပါ။
ဤသို့ ရှေးမြန်မာများတီထွင်ခဲ့ကြသော စကားလုံးများကို မူမပျက်အောင်ထိန်းသိမ်းရန်မှာ မြန်မာ လူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ဘလော့တွင်
မသိမသာနဲ့ တိုင်းတပါးယဉ်ကျေးမှုတွေ တိုက်စားသွားတာနဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာစကား ကိုယ့်ဝေါဟာရတွေ ကိုယ့်ဓလေ့တွေ သိသိသာသာကြီး မျိုးပြုတ်သွားတာတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူး……………………. ဟုဖတ်လိုက်ရသည်။
တန်ဖိုးထားသူသည် ထိုတန်ဖိုးကိုမြတ်နိုးခုံမင်ခံစားနားလည်သည်။ထို့ ကြောင့် မိမိပယောဂကြောင့် မိမိဘာသာစကား၊ စကားလုံးလေးများ လမ်းလွဲ၊ အဓိပ္ပာယ်မှားမဖြစ်သင့်ပါ။ မြန်မာလူမျိုးစစ်စစ်များ ဖြစ်သော်လည်း ဒယ်ဒီ မာမီခေါ်ကာ ခေတ်မီချင်ကြသည်။ ဝေါဟာရပကာသနအောက်တွင် မြန်မာ တို့ ၏ အဖေအမေဟူသော စကားလုံးလေးများ နစ်မြှုပ်နေကြရသည်။ အဖေ အမေလို့ ခေါ်ခွင့်ရ တုန်း ခေါ်ကြည့်စေချင်ပါသည်။ ထိုစကားလုံးလေးများကြောင့် ဖြစ်ပေါ်လာသည့် အားများကိုခံစား စေချင်မိသည်။
        ယခု တက္ကသိုလ်တစ်ချို့ တွင် ကျောင်းသားကျောင်းသူများက ၄င်းတို့ ၏ဆရာ၊ ဆရာမများ ကို တီချာဟုလည်းကောင်း၊ တီချယ်ဟုလည်းကောင်း ခေါ်နေကြသည်။ ချာခေါ်ခေါ် ချယ်ခေါ်ခေါ် ၄င်းဝေါဟာရတို့ သည် မြန်မာမူနယ်ပယ်တွင် အတော်ပင်ကျယ်ပြန့် နေခဲ့ပြီ။
ထိုအဖြစ်အပျက်တို့ ကို တားဆီးနိုင်သူများမှာ ကျွန်ုပ်တို့ ကိုယ်တိုင်ပင်ဖြစ်သည်။ တစ်ဦးချင်းစီပြင် ယူ၍ တစ်ဦးချင်းစီထိန်းသိမ်းသွားကြမည်ဆိုလျှင် မြန်မာဘာသာစကားအဆင့်အတန်းသည် ပိုမြင့် လာနိုင်ပါသည်။
ကျွန်မကတော့ကျွန်မသင်သောသင်တန်းကိုတက်ရောက်သူတိုင်းမည်သည့်နေရာ မည်သည့်အချိန် တွေ့ တွေ့ အချင်းချင်း၊ သို့ မဟုတ် ကြီးသည် ငယ်သည်မရွေး မင်္ဂလာပါဟု လက်အုပ်ချီကာ နှုတ် ဆက်ခိုင်းသည်။ ယဉ်ကျေးမှု၏အဆင့်အတန်းသည် လူတစ်ယောက်၏အပြုအမူကစသည်ဖြစ်ရာ ကလေးငယ်များမှအစ ထိုဓလေ့ကိုသင်ပေးထားခြင်းဖြစ်သည်။
ထိုပြင် မင်္ဂလာဟူသောစကားသည် ကျက်သရေ မင်္ဂလာပြည့်စုံသော စကားလုံးဖြစ်ပါသည်။ ကြားရ သူအတွက် နားဝင်ချိုသလို နှုတ်ခွန်းဆက်သူအတွက်လည်း ကျက်သရေရှိလှသည်။ ခုတော့ ထိုး ဖောက်ဝင်ရောက်လာသော ယဉ်ကျေးမှုများကို အတုမြင်ကာအတတ်သင်နေကြသည်။ လူကြီးမိဘ များအနေနှင့်လည်း တတ်နိုင်သမျှ ပြုပြင်သင်ပေးသင့်ပါသည်။ ကလေးသည် သံလိုက်နှင့်တူသည် ဖြစ်ရာ တွေ့ သမျှ ဆွဲငင်သင်ယူမှတ်သားမည်ဖြစ်၏။ လူကြီးများအနေဖြင့် အမှန်ကိုသင် အမှား ကိုပြင်ပေးနိင်ပါစေကြောင်း ဤစာစုကိုရေးသားခြင်းဖြစ်ပါသည်။
                                                                             ဧပရယ်ဆွေဆွေ
Posted by Unknown on Wednesday, July 3, 2013
categories: | edit post
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞
۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞
hit counter
۞۞۞ကိုယ်တော်စာပေ۞۞۞
http://www.kotawsarpay.com/
۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞
۞۞۞ဘလော့ခရီးသည်۞۞۞
http://www.aungsanmks.com/
۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞
Popular Posts
Blog Archive
Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်
သီချင်းလေးတွေနားထောင်ကြမယ်
dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
လိုအပ်သည်များပြောကြားခဲ့ပါနော်
Total Pageviews
လာရောက်အားပေးကြသူများ
လာရောက်သူတို့ရဲ့စကားသံလေးများ
flag counter
Flag Counter