စစ်ဆိုတာ
ကမ္ဘာမြေပေါ့ပါးအောင် စစ်ထုတ်လိုက်တဲ့ ရေစစ်လား
ငြိမ်းချမ်းရေးဆိုတာ
သေခြင်းမှာ လူတွေငြိမ်းချမ်း
ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
အစဉ်အဆက် ဒါဆို
နှင်းဆီတွေရဲနေတာ သွေးသောက်ထားလို့ပေါ့
ညနေ ညနေ နေလုံးကြီး နီရဲနေတာ
သေနတ်မှန်ထားလို့ပေါ့
သေချာပြီ ငါတို့နှလုံးသားများ နီရဲနေတာ
သေချာပြီ ငါတို့ သံသယဟာ မြဲခဲ့ပြီ
ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
တစ်ဖက်မှာ ပန်းဥယျာဉ်
တစ်ဖက်မှာ ခေါင်းပြတ်
နောက်ထပ် ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
သွေးလန့်နေတဲ့ အဘိုးအိုနဲ့ ယုန်တစ်ကောင်
ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
စီးကရက်လေးဖွာ ဂြိုဟ်တုသတင်းတွေ စောင့်ကြည့်လို့
အိုးနဲ့ အိမ်နဲ့
ကမ္ဘာ့အနှံ့အပြား
ခင်ဗျားတို့ အိုးမဲ့ အိမ်မဲ့တွေကို အရသာခံနေလို့။   ။

ခရမ်းပြာထက်လူ

Posted by Unknown on Sunday, February 10, 2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter