တောင်မြင့်မို
အမြင့်ဆိုခေါင်ကတစ်။
အမေ့မေတ္တာနဲ့
နှိုင်းယှဉ်ကာ သူတုတော့
ဂမုငယ်ဖြစ်။
 အနောဒတ်ရေ
အေးမြစေ ခေါင်ကတစ် ။
အမေ့ရင်ရိပ်နဲ့
တဆိတ်ငယ် မယှဉ်စွမ်းတော့
ရေပူစမ်းဖြစ် ။
ကရဝိတ်သံ
ဂီတစံ ခေါင်ကတစ်။
အမေ့တေးနဲ့
ယှဉ်ရေးမှာသူမဝံ့တော့
နှုတ်ဆွံ့သူဖြစ် ။
ပန်းမဉ္ဇူ
လှိုင်ကြူရာ ခေါင်ကတစ် ။
အမေ့ကိုယ်ကျင့်နဲ့
ချင့်စက်ကာ ပြိုင်ဖြန့်တော့
အညံ့ပန်းဖြစ် ။
ဖိုးလမင်း
အလင်းတွင် ခေါင်ကတစ် ။
အမေ့အပြုံးနဲ့
ပခုံးချိန် သူထိုးတော့
ပိုးစုန်းကြူးဖြစ် ။
သမုဒ်ပြင်
နက်ရှိုင်းတွင် ခေါင်းကတစ် ။
အမေ့သစ္စာနဲ့
တုဖက်ကာချိန်စက်တော့
ရေပူစမ်းဖြစ် ။
မိုးကောင်းကင်
ပြန့်ပြောတွင် ခေါင်ကတစ် ။
အမေ့မျက်နှာနဲ့
တုဖက်ယှဥိ ပြိုင်လို့မှုန်းတော့
ကျောက်သင်ပုန်းဖြစ် ။
ကြီးမြတ်မှုအဝဝ
လှပမှု အထွေထွေ
မြတ်မွေးမေ ခြေစုံရင်း
ဝပ်ဆင်းရပေ ။
မြတ်ဗုဒ္ဓ သော်မှ
ဝါသုံးလ ပေးဆပ်ချေ
မကျေခဲ့မိ နို့ဖိုး။
ကဗျာဆို သားငမိုက်က
လင်္ကာတို ထွာတစ်ပိုဒ်နဲ့
ဦးခိုက်ကာ လက်စုံယှက်
နို့တစ်စက်ဖိုး ။ ။
ကံထွန်းသစ်

Posted by Unknown on Sunday, February 10, 2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter