"
အညာစရော် စဆင်းငြီး "
ရုတ်တရက်
နုတ်ဆက်လိုက်သော ကျွန်မတပည့်လေးများ၏အသံကို ကြားလိုက်ရသောခဏတွင် ကျွန်မ
စိတ်တော်တော်လေးပျက်သွားမိပါတယ်။ ၁၀ နှစ်အရွယ်ကလေးမလေးတွေပါ။ ကိုးရီးယား ကား
များအကြည့်များကာ ကျွန်မကို သူ့ စိတ်ထဲမှာထင်သည့်အတိုင်း နှုတ်မှရွတ်ကာ နှုတ်ဆက်
ခြင်း ဖြစ်ပေလိမ့်မည်။
"
မင်္ဂလာပါ ကလေးတို့ ရေ "
"ကဲ-
ဆရာမကို မြန်မာလို ပြန်နှုတ်ဆက်ကြပါဦး ဘာလို့ လဲဆိုတော့ ဆရာမက ကိုးရီးယား စကား
မတတ်တော့ နားမလည်လို့ ပါရှင်။"
ကျွန်မက အဲလိုအရွှန်းဖောက်တော့ သူတို့ လေးတွေက
ပြုံးပါတယ်။ ချစ်စရာကောင်းသော အပြစ် ကင်းသော သူတို့ မျက်နှာလေးတွေမြင်ရင် ကျွန်မစိတ်က
ပျော်ရွင်ကြည်နှုးရပါတယ်။ သူတို့  မိဘ
တွေ ဆိုလျှင် ဘယ်လောက်
ချစ်မြတ်နိုးကြလေမလဲ။
"မင်္ဂလာပါ
တီချယ် "
"
လုပ်ပြန်ပြီ "
ကျွန်မက
ဘ၀င်မကျသလိုပြောတော့မှ မင်္ဂလာပါဆရာမ လို့ ပြောင်းနှုတ်ဆက်ပါသည်။
တွေ့ သမျှ
မြင်သမျှ သိချင်တတ်ချင်နေသောထိုအရွယ်လေးများသည်အလွန်တရာမှ ထိန်းကျောင်း ဖို့ 
သတိထားရမည့် အရွယ်လေးများဖြစ်သည်။ သူတို့ စိတ်တွင် အမှန်အမှားထက် လုပ်ချင်စိတ် ကသာ
ပိုများမည်။ တော်၏မတော်၏ သင့်၏မသင့်၏
သူတို့ မှာ ချင့်ချိန်နိုင်မှု မရှိသေး။ ထိုအချိန် တွင် မိဘ နှင့် ဆရာသည် သူတို
့အတွက် အခရာဖြစ်သည်။ ကျွန်မ ဟိုတစ်နေ့ က အင်တာနက်မှ မြန်မာအသုံးအနှုန်းတစ်ချို
့နှင့်ပက်သက်သော ဘလော့တစ်ခုကိုဖတ်ခဲ့ရသည်။ ထိုဘလော့တွင်ပင် မြန်မာ့ဝေါဟာရတွေရှိပါလျက်နဲ့ နိုင်ငံခြား
ဝေါဟာရတွေကို တွင်တွင်အသုံးပြုနေတဲ့အတွက် မြန်မာမှုများပပျောက်မှာ စိုးရိမ်ကြောင်းတင်ပြထားပါတယ်။အမှန်တကယ်မျက်မှောက်
အခြေအနေ တွင်လည်း ဤသို့ သော ဝေါဟာရများမှာ အဓိပ္ပာယ်များလွဲမှားသည့်အထိ တိုင်အောင် သုံးစွဲနေ
ကြပါသည်။ ယခင်က ဆိုးသွမ်းသောအပြုအမူတွက် မိုက်တယ် လို့ သုံးနှုန်းခဲ့ကြသော်လည်း ယခုမူ
မိုက်တယ် သည် အရမ်းကောင်းတယ် ဟူသော အသွင်သို့ ပြောင်းလဲနေခဲ့သည်။
ဘာသာစကားဟူသည် စနစ်တကျဖွဲ့စည်းထားသောလူမျိုးအလိုက် စိတ်ကူးစိတ်သန်းသက်သက်မျှ
ဖြင့် တီထွင်အသုံးပြုထားသော အသံသင်္ကေတစနစ်ဖြစ်သည်။ ၄င်းတွင်
အသံထွက်စနစ်
စကားလုံးဖွဲ့ ပုံစနစ်
ဝါကျဖွဲ့ ထုံးစနစ်
စကားသံစနစ် စသည်ဖြင့်
နည်းစနစ်များရှိကြပါသည်။
မြန်မာဘာသာစကားဟာ တိဗက်မြန်မာဘာသာစကားအုပ်စုတွင်ပါဝင်သည်။
မြန်မာဘာသာစကား ကို အရေးဘာသာစကားအဖြစ် ၁၂ ရာစုအစောပိုင်းကာလတွင် တွေ့ ခဲ့ရသည်။ မြန်မာတို
့သည် မွန်တို့ ထံမှ အရေးအသားကိုယူကာ မြန်မာ့ပင်ကိုယ်အသံများဖြင့် ညှိနှိုင်းယူထားခဲ့ခြင်းပါ။
ဤသို့ ရှေးမြန်မာများတီထွင်ခဲ့ကြသော စကားလုံးများကို မူမပျက်အောင်ထိန်းသိမ်းရန်မှာ
မြန်မာ လူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ဘလော့တွင်
မသိမသာနဲ့ တိုင်းတပါးယဉ်ကျေးမှုတွေ
တိုက်စားသွားတာနဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာစကား ကိုယ့်ဝေါဟာရတွေ ကိုယ့်ဓလေ့တွေ သိသိသာသာကြီး
မျိုးပြုတ်သွားတာတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူး……………………. ဟုဖတ်လိုက်ရသည်။
တန်ဖိုးထားသူသည် ထိုတန်ဖိုးကိုမြတ်နိုးခုံမင်ခံစားနားလည်သည်။ထို့ ကြောင့် မိမိပယောဂကြောင့် မိမိဘာသာစကား၊ စကားလုံးလေးများ လမ်းလွဲ၊ အဓိပ္ပာယ်မှားမဖြစ်သင့်ပါ။ မြန်မာလူမျိုးစစ်စစ်များ ဖြစ်သော်လည်း ဒယ်ဒီ မာမီခေါ်ကာ ခေတ်မီချင်ကြသည်။ ဝေါဟာရပကာသနအောက်တွင် မြန်မာ တို့ ၏ အဖေအမေဟူသော စကားလုံးလေးများ နစ်မြှုပ်နေကြရသည်။ အဖေ အမေလို့ ခေါ်ခွင့်ရ တုန်း ခေါ်ကြည့်စေချင်ပါသည်။ ထိုစကားလုံးလေးများကြောင့် ဖြစ်ပေါ်လာသည့် အားများကိုခံစား စေချင်မိသည်။
တန်ဖိုးထားသူသည် ထိုတန်ဖိုးကိုမြတ်နိုးခုံမင်ခံစားနားလည်သည်။ထို့ ကြောင့် မိမိပယောဂကြောင့် မိမိဘာသာစကား၊ စကားလုံးလေးများ လမ်းလွဲ၊ အဓိပ္ပာယ်မှားမဖြစ်သင့်ပါ။ မြန်မာလူမျိုးစစ်စစ်များ ဖြစ်သော်လည်း ဒယ်ဒီ မာမီခေါ်ကာ ခေတ်မီချင်ကြသည်။ ဝေါဟာရပကာသနအောက်တွင် မြန်မာ တို့ ၏ အဖေအမေဟူသော စကားလုံးလေးများ နစ်မြှုပ်နေကြရသည်။ အဖေ အမေလို့ ခေါ်ခွင့်ရ တုန်း ခေါ်ကြည့်စေချင်ပါသည်။ ထိုစကားလုံးလေးများကြောင့် ဖြစ်ပေါ်လာသည့် အားများကိုခံစား စေချင်မိသည်။
ယခု တက္ကသိုလ်တစ်ချို့ တွင် ကျောင်းသားကျောင်းသူများက ၄င်းတို
့၏ဆရာ၊ ဆရာမများ ကို တီချာဟုလည်းကောင်း၊ တီချယ်ဟုလည်းကောင်း ခေါ်နေကြသည်။ ချာခေါ်ခေါ်
ချယ်ခေါ်ခေါ် ၄င်းဝေါဟာရတို့ သည် မြန်မာမူနယ်ပယ်တွင် အတော်ပင်ကျယ်ပြန့် နေခဲ့ပြီ။
ထိုအဖြစ်အပျက်တို့ ကို တားဆီးနိုင်သူများမှာ ကျွန်ုပ်တို
့ကိုယ်တိုင်ပင်ဖြစ်သည်။ တစ်ဦးချင်းစီပြင် ယူ၍ တစ်ဦးချင်းစီထိန်းသိမ်းသွားကြမည်ဆိုလျှင်
မြန်မာဘာသာစကားအဆင့်အတန်းသည် ပိုမြင့် လာနိုင်ပါသည်။
ကျွန်မကတော့ကျွန်မသင်သောသင်တန်းကိုတက်ရောက်သူတိုင်းမည်သည့်နေရာ
မည်သည့်အချိန် တွေ့ တွေ့ အချင်းချင်း၊ သို့ မဟုတ် ကြီးသည် ငယ်သည်မရွေး မင်္ဂလာပါဟု လက်အုပ်ချီကာ
နှုတ် ဆက်ခိုင်းသည်။ ယဉ်ကျေးမှု၏အဆင့်အတန်းသည် လူတစ်ယောက်၏အပြုအမူကစသည်ဖြစ်ရာ ကလေးငယ်များမှအစ
ထိုဓလေ့ကိုသင်ပေးထားခြင်းဖြစ်သည်။
ထိုပြင် မင်္ဂလာဟူသောစကားသည် ကျက်သရေ မင်္ဂလာပြည့်စုံသော စကားလုံးဖြစ်ပါသည်။
ကြားရ သူအတွက် နားဝင်ချိုသလို နှုတ်ခွန်းဆက်သူအတွက်လည်း ကျက်သရေရှိလှသည်။ ခုတော့ ထိုး
ဖောက်ဝင်ရောက်လာသော ယဉ်ကျေးမှုများကို အတုမြင်ကာအတတ်သင်နေကြသည်။ လူကြီးမိဘ များအနေနှင့်လည်း
တတ်နိုင်သမျှ ပြုပြင်သင်ပေးသင့်ပါသည်။ ကလေးသည် သံလိုက်နှင့်တူသည် ဖြစ်ရာ တွေ့ သမျှ
ဆွဲငင်သင်ယူမှတ်သားမည်ဖြစ်၏။ လူကြီးများအနေဖြင့် အမှန်ကိုသင် အမှား ကိုပြင်ပေးနိင်ပါစေကြောင်း
ဤစာစုကိုရေးသားခြင်းဖြစ်ပါသည်။
သာဝတ္တိပြည့်ရှင်
ဘုရင်ကောသလမင်းကြီး၏ မိဖုရား မလ္လိကာ။
အဆင်းအင်္ဂါ
လှတံခွန်စိုက် ကြည့်ထိုက်အောင် ယဉ်လှပါသော မလ္လိကာ။
အဆင်း၏အားကိုး
ဆိုးချင်တိုင်း ဆိုးခဲ့ဖူးပါသော အို…မလ္လိကာ။
မလ္လိကာသည်
ရွှေဘုံပျံမှာ တောင်ညာစံမိဖုရားကြီးဖြစ်သော်လည်း
မဟာမျိုးမဟာနွယ်မဟုတ်။ ကျေးတောသူသာဖြစ်သည်။ လွန်စွာနွမ်းပါး၍ ပန်းပင်စိုက်ပျိုး အသက်မွေးရသော
သူဆင်းရဲသမီး။ ပန်း ရောင်း၍ ၀မ်းကျောင်းရသည်ကို အစွဲပြု ၍ သူ့ ကို မလ္လိကာ၊ မလ္လိကာ
(ပန်းသည်၊ ပန်းသည်) ဟု အများက ခေါ်ကြသည်။
သူနှင့်
ကောသလမင်းတို့ ၏ဖူးစာကား ဆန်းကြယ်သည်။
---------x--------------x-----------------------x------------------
သာဝတ္တိမြေကျယ်ကား
ကျယ်ပြန့် ၏။ လူဦးရေစည်ပင်၏။ တသွင်သွင်စီးနေသော ဂင်္ဂါမြစ်ကို ဆန်၍တက်ခဲ့မိသောအခါ ထိုဂင်္ဂါမြစ်ထဲသို
့စီးဝင်နေသော မြစ်တစ်ခုကို တွေ့ ရပြန်လေသည်။ ထိုမြစ်စပ်အတိုင်း အထက်သို့  ဆန်ပြန်သည်တွင်
အလွန်ကျယ်ပြန့် သော လွင်ပြင်ကြီး…….
ငှက်တို
့အသံနှင့် ညိုးညိုးညံနေလေ၏။ နေလုံးကြီးပျောက်သွားလျှင် တောကြီးသည် ညဆည်းဆာအောက် ရောက်တော့မည်။
တောခရီးကြမ်းနှင်၍ အတွင်းမနောနယ်တွင် မောလျနေ သူမှာ ကောသလမင်း။ တူဖြစ်သူ အဇာတသတ် မင်းသားနှင့်စစ်ထိုးရာ
ရှုံး၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ မင်းဟူ၍ ဖြစ်လာသော် အတွင်းရန် အပြင်ရန်ဘေးရန် ထူပြောလှသည်။
ရန်စကျူးကျော်၍ တိုက်ရသည်။ သွေးသံရဲရဲနှင့် စစ်ပွဲတစ်ခုမှ ဝေးရာ ခရီးသည်လည်း ကြမ်းတမ်းလှသည်ဟု
သူ့ စိတ် တွင် ထင်မိသည်။
အရောင်အသွေးစုံလင်လှသော ပန်းခင်းကြီးကို
တွေ့ လိုက်ရသောခဏ၌ သောကအားလုံး အဝေးသို့  ရောက်၏။ အလှအယဉ်ဖွဲ့ သီချင်းတစ်ပုဒ်၏အသံက
လေနှင့်အတူ သူ့ အာရုံဆီသို့  စီးဝင် လာသည်။ သီချင်းသံသည် ကြားသာရုံမျှ တိုးတိတ်ညံ့သက်လှသော်လည်း
အသံသည် ကြည်လင်၏။ သာယာ၏။ ကျက်သရေ အပေါင်း၏ ရပ်ဝန်းသဖွယ် မှတ် ထင်ရသည်။ စစ်မြူတို့ နှင့်ဆန်
့ကျင်ဘက် အနုသုခုမ၏အလှရပ်ဝန်းမှာ ကောသလမင်းနစ်မြောသွားမိသည်။
မြင်းကို တစ်ချက်ဆွဲကာ အသံလာရာဆီကို ဦးတည်လိုက်သည်။
လှပသော ပန်းခင်းထဲတွင် လှပသော နတ်သမီးတစ်ပါး သက်ဆင်းနေရော့သလား။ ရွှေစင်ရုပ်မယ်တမျှသောသူအား
ကောသလ မင်း တွေ့ လိုက်ရသည်။
ချိုသာသောအသံနှင့်အနီးဆုံးရောက်သော် မြင်းကိုဇက်သတ်လိုက်သည်။
မိန်းမပျိုသည် မိမိ ၏ခြံဝင်းအတွင်း အပြင်းနှင်လာသော မြင်းကိုမြင်လိုက်ချိန်တွင် ကြောက်၍ပင်ထွက်မပြေး။
မြင်းဇက် ကြိုးကိုပင် ဆွဲယူလိုက်လေသည်။ အို..ရဲရင့်လှပါသော မလ္လိကာ။
မမြင်စဖူး
မြင်ရပုံထူးပါဘိ လေတသိမ်းသိမ်း ရနံ့ စိမ်းနှင့် ညိုမှောင်နေသည့် ပန်းခင်းများ အလယ်
သောက်ရှူးကြယ်အလား မျက်ဝန်းများနှင့် လှပလွန်းလှသော အိုအမိငယ်။ ပိတုန်းရောင် ဆံကေသာကို
ဦးခေါင်းထက်တွင် မို့ မို့ လေးနှင့် မြိတ်စို့ ထုံးထားသောမယ်ကလေး။ အိမ်ထောင်မရှိ ဟုသိရာ
ကောသလမင်း သည် ရဲရင့်သူ အမိငယ်မလ္လိကာအား နန်းတော်ခေါ်၍ အဂ္ဂမဟေသီ မိဖုရား မြောက်ခဲ့လေသည်။
ထိုမျှလောက်သော အချိန်ခဏဖြင့် သူတို့ ဘာကြောင့်
မေတ္တာသက်ဝင်ချစ်ခင်ကြရလေသနည်း။
………………………………x…………………………….x………………………….
"
နန်းလယ်ဘုံခွင် ဆင်ပြင်ကိုးစား
မယားကိုယ်တူ မဟူစရ "
ရွှေနန်းဆောင်မှာ ရွေသန်းထောင်နှင့် တခါမျှမခံဖူးခဲ့သူ။
သူမ၏လှပသော ရုပ်အဆင်းကို အားထားပြုလျက် ကြော့ရှင်းရုပ်သွင်၊ တင့်ဆင်းပြင်နှင့် မိန်းကလေးသည်
ရူပါရုံအဆင်းဂုဏ် ကြောင့်လည်းကောင်း၊ ကောသလမင်းက လွန်စွာချစ်မြတ်နိုးသည်ကို အခွင့်ကောင်းယူကာ
မာန ထောင်လွှား အဆင်းမာန်အားကိုးနှင့် ဆိုးချင်တိုင်းဆိုးလေသည်။
ကောသလမင်းကြီးက
မိဖုရားတန်မဲ့ နှုတ်သီးကောင်းလျှာပါး ငါ့အား ပြန်လှန်ပြောဆိုခြင်းမှာ မသင့်။ဤသို့ မဆို
လင့်၊ ဤသို့ မပြောလင့် စသည်ဖြင့် အတန်တန်ဆုံးမသော်ငြားလည်း လေးစားနားဝင်ခြင်းမရှိ။
မင်းကြီးအား မာန်တ စောင်စောင် ရန်ထောင်ခြင်းမကြာခဏပြုလေသည်။
စင်စစ်
ချစ်ခြင်းမေတ္တာဟူသည်မှာ အချစ်နှင့် မေတ္တာနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၁၅၀၀
ဆိုသော အချစ်နှင့် ၅၂၈ ဆိုသော မေတ္တာသည် ကွဲပြားခြားနားပါသည်။ ၁၅၀၀ အချစ်မှာ တဏှာအရင်းခံ၍
လွန်စွာ ကြမ်းတမ်းသော လေနီကြမ်းကြီးနှင့်အလားတူ၏။ ပရမ်းပတာနှင့် ပျက်စီးစေတတ် လွယ်သည်။
စန္ဒကူးလူးထားကဲ့သို့ သော တစိမ့်စိမ့်နှင့် အေးမြစိမ့်ဝင်စေသော ၅၂၈ မေတ္တာမှာမူ လေညှင်းလေးနှင့်တူကာ
အေးချမ်းစေနိုင်လေသည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်မြတ်နိုးကြရာတွင် နားလည်မှုသည်လည်း
အဓိကနေရာတွင်ပါသည်။
ဆိုးဖန်များလှသော်
လျှာနှင့်သွားဖြစ်သော လင်နှင့်မယားတို့ မသင့်မတင့် ဖြစ်ကြလေသည်။ ကောသလ မင်းသည် နွဲ
့ဆိုးဒဏ်ကို မခံနိုင်သည့်အဆုံး လျစ်လျူရှုထားလိုက်သည်။ မာန်စောင် ရန်ထောင်မှုပြုလေသော
မလ္လိကာ အား ကောသလမင်းကြီး ဒေါသမျက်ခြောင်းထွက်ကာ မရေးမယူ ပြောဆိုခြင်းမပြုတော့ဘဲ ပစ်ထားလိုက်လေသည်။
အချစ်ကြီးလျှင်အမျက်ကြီးသော ကောသလမင်း သည် တောင်ညာနတ်အဖြစ် မြှောက်စားကာ အသက်နှင့်မခြား
ချစ်မြတ် နိုးခဲ့သော သူမအား မကြည့်မ မျှော် စွန့် ပစ်ထားလေသော် မလ္လိကာမာနရှင်လေးမှာ
မီးလောင်လေပမာ ပူပန်နှလုံး ဖြစ်ရလေတော့ သည်။
အသက်လောက်ချစ်ခြင်းများသည် တစ်စုံတစ်ခုသောအကြောင်းကြောင့်
အလွယ်တကူပင် ချစ်သူချင်း တို့ မုန်း၍ ရန်သူသဖွယ် မေတ္တာမနွယ် အစေးပြယ်နိုင်ပါသလား။ မလ္လိကာ
မတွေးတတ် တော့။ ချစ်ခြင်းအရင်းခံ လျက်တည် ဆောက်ခဲ့သော အိမ်ထောင်ရေးအဆောက်အအုံကြီးမှာ
ပြိုကွဲ ပျက်စီးလေတော့မလား။
သောက၀ိုင်းလည်
မှီခိုရာမရှိ။ ချမ်းမြေ့ကြည်နှူးဖွယ်ဟူသမျှတို့ သည် သူမရင်ထဲမှ ပွင့်ထွက် လွင့်စဉ်
ကုန်ကြသွားလေကုန်ပြီ။
ကောသလမင်းကြီးအား
မချေမငံ နှုတ်လှံထိုးကာ အမျိုးမျိုးပြောမိသည်မှန်သော်ငြား မုန်း၍ မမြတ်နိုး၍မဟုတ်။
အချစ်အားကိုးဖြင့် နွဲ့ ဆိုးဆိုးခြင်းသာဖြစ်လေရာ ကောသလမင်းကြီးက ဤ သို့ ပြစ်ပြစ်ခါခါစွန်
့ပစ်သော်လည်း သူမမှာ မုန်းစိတ်မ၀င် မေတ္တာသက်လျက်ပင်ရှိရာ ချစ်သူနှင့် ကွေကွင်းရသည့်အတွက်
ဆွေးတသက်သက်နှင့်ဖြစ်ရလေသည်။
မိမိ၏တသက်လျာတွင်
အားကိုးရာ ဘုရားသာလျှင်ရှိတော့သည်။ ရှေးမဆွကပင် ဘုရားရှင်အား သဒ္ဓါကဲမိုးသည့် ဥပါသိကာမဖြစ်ရာ
သောကပူမီးလောင်မြိုက်သည့်ချိန်တွင် ဘုရားရှင်သီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်ဆီသို့ 
မှန်းဆကာလက်အုပ်ချီမိုး တမ်းတပင့်လျှောက်လေပြီ။
တနေ
့သောနံနက်တွင် ဘုရားရှင်နှင့်ရဟန်း သံဃာများသည် ကောသလမင်းကြီး၏နန်းတော် သို့ ကြွတော်မူရာ
ကောသလမင်းကြီးသာလျှင် ဘုရားအမှူးရှိသော သံဃာတော်များအားရိုသေစွာ ဆွမ်းလုပ်ကျွေးမှုပြုလေသည်။
လှူတန်းရေးတွင် မြင်နေကျ မလ္လိကာအားမမြင်၍ ဘုရားရှင်က မေး တော်မူလေသည်။
"ဘုန်းတော်ကြီးမြတ်သော
မြတ်စွာဘုရား အမေးတော်ရှိ၍သာ တပည့်တော် လျှောက်ထား ရပါသည်။ တပည့်တော်အနေဖြင့် သူမနှင့်ပက်သက်သည့်
စကားကိုပင်ကြားရုံမျှ မကြားလိုပါ။ သည် ပန်းသည်မကား မြင်မိုရ်တောင် လောက် လှဂုဏ်မောက်နေပါသည်။
နွားချေးပုံပေါ်ရောက်နေသော ဖားသူငယ်နှင့်တူပါသည်ဘုရား။ အမြင့်သို့ မရောက်စဖူး အမြင့်သို
့ရောက်နေသဖြင့် သူ့ ကိုယ်သူ ခြင်္သေ့မင်းထင် ခြင်္သေ့စိတ်ပေါက်ပြီး ဟိန်းလားဟောက်လား ဒေါသသံပွားကာ
တအောင့်အောင့်နှင့် ကွယ်ထောင့်ကွယ်ရာတွင် နေနေပါသည် ဘုရား"
"
အို တကာတော် မင်းကြီး ၊ အသို့ ဆိုသနည်း။ သင်နှင့် မလ္လိကာတို့ သည် အတိတ်၏အရိပ်တွင်
ချောင်းရေ ခြားသဖြင့်
တစ်ညတာ ကွဲကွာကာမျှဖြင့် ခုနှစ်ရာနှစ်တို့ ကာလပတ်လုံး မျက်ရည်ဖုံးအောင် ငိုမဆုံးဖြစ်ခဲ့ဖူးချေသည်။
ကိန္နရာ ဘ၀ဖြစ်စဉ်က သင်တို့ မောင်နှံသည် စံပြရလောက်အောင် ချစ်ကြင်နာခဲ့ကြသည်။ သင်မြတ်နိုးခဲ့သော
မလ္လိကာအား ဤသို့ ရင့်သီးစွာမဆိုလင့်ပေ။ "
ဘုရားရှင်သည်
မလ္လိကာအားကယ်တင်တော်မူလို၍ အချင်းများကာ စိတ်ဝမ်းကွဲပြားနေသော မင်းမိဖုရား နှစ်ပါးတို
့အား လင်နှင့်မယားကြင်နာရာတွင် စံပြုရသော ဘလ္လာတိယဇာတ်တော်ကို ဟောတော်မူလေသည်။
ရာသီမလပ်
တရစပ် မပြတ်စီးဆင်းသော နေရဉ္ဖရာမြစ်အနီးတွင် သာယာပျော်မြူးနေသော ကိန္နရာ မောင်နှံ အပါအ၀င်
ငှက်ကျေးသရကာများနှင့် ဖူးပွင့်လှပနေသော ပန်းအလှတို့ သည် မြင်ရသူ၏ ရင်ကိုအေးမြစေလေသည်။
ထိုအခိုက် မိုးလုံးမှိုင်းလျက် မုန်တိုင်းရိုက်ခြမ်း လိုက်သောအခါ တွင် လေဒဏ်မိုးဒဏ်ကြောင့်
သစ်စိမ်းဝါးပင်များ ကျိုးပြတ်ကုန်လေသည်။ မိုးသည် ကိန္နရီမောင်နှံတို့  အား သွေးပျက်အောင်
နှိပ်စက်လေသည်။ သူတို့ နှစ်ဦးအလယ်တွင် မြစ်ကတားဆီးထား၍ သက်ခင် ပြတ်မျှ ဖျပ်ဖျပ်လူးနေကြသည်။
မိုးဒေ၀ါကား ရှစ်ခွင်ပတ်လုံး တ၀ုန်းဝုန်းနှင့်
ရှိချေသည်။ ဖော်ကွာဝေးနေသော သူတို့  အတွက်ကမူ မပြေနိုင် ရန်ငြိုးနှင့် စက်ခွင်းနေသည်ဟုထင်နေကြသည်။
မြိုင်ရဂုံဝယ် ကိန္နရာဖိုမ တို့ သည် တစ်ညတာကွဲရရုံမျှဖြင့် မျက်ရည် ခက်ဖြာခဲ့ကြရသည်။
ပြန်ဆုံဆည်းသော် မယ်ကခွန်းချို မောင်ကဆို၍ ပီယ၀ါစာ စေတနာနှင့် မေတ္တာဆင့်တိုးခဲ့ကြဖူးလေသည်။
လူတို
့၏အသက်သည်ကား လွန်စွာတိုတောင်းလှချေ၏။ ရခဲသော လူ့ ဘ၀တွင် မေတ္တာစက်၍ ချစ်သက်လာသူ သင်နှင့်
မလ္လိကာသည်လည်း ကိန္နရီမောင်နှံထုံး နှလုံးမူကာ ရွှင်မြူးကြည်သာ စေတနာဖြင့် ကြင်နာသင့်လှကြောင်း
တိုက်တွန်းလေသည်။
လင်နှင့်မယား
ချစ်လျက်သားနှင့် မျက်ပွားရန်လို အငြိုးသိုလျှင် ပျက်စီးစေမည်။ ထိုသို့ ဖြစ်လျှင် သင်တို
့ကို မှီ၍ နေကြကုန်သော ကျေးကျွန်အပေါင်းသည်လည်း အသည်းထောင်းကာ အနေကျဉ်း မြောင်းရာ၏။
ထို့ တွက် သင်တို့  နှစ်ဖြာ မေတ္တာမပျက် ရှေးထက်မြဲ၍ ချစ်ကြည်ကြစေသားဟု ဆိုလေ သည်။
စင်စစ်
မယားတွက်ကြောင့် မျက်ရည်မဆည်နိုင် ငိုကြွေးခဲ့သော ကိန္နရာဖိုကား ကောသလ မင်းဖြစ်၍ ကိန္နရီမေ
သည် ခန္ဓာအိပ်ပေါင်း အသစ်ပြောင်းသော် မုယောမုန်
့သုံးဆုပ်ကို ဘုရားရှင်အား လောင်းလှူဖူးသော ကျေးဇူးကြောင့် ပန်းသည်ဘ၀မှသည် ရွှေဘုံမြနန်းတွင်
မိဖုရားအဖြစ် စံမြန်း ရသော မလ္လိကာ ဖြစ်လေသည်။ ထိုကဲ့သို့ သော ဘ၀များစွာမှ ပေါင်းဆုံခဲ့သူများဖြစ်၍
ခဏတာမျှ တွေ့ ဆုံရသည်အခိုက်မျှဖြင့် မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို
့တရားတော်ကိုနာကြားတော်မူရသောအခါမှ ကောသလမင်းကြီးသည် မှုန်ဆန်ဖြေ အမျက်တော်ပြေ၍ မလ္လိကာသဘော
သိမြင်ချစ်ခင်ကာ သက်ဆုံးတိုင် မေတ္တာမျှတော်မူလေသည်။ ရှေးကလို အငြင်းမပွား ဆကဲကာ ချစ်ကြလေသည်။
ကိန္နရာမောင်နှံတို
့အား ချစ်ခြင်းမေတ္တာများကိုညွှန်းဆိုကြရာမှာ အကောင်းဆုံးသက်သေလေး အဖြစ်လည်း တော်တော်များများက
သုံးခဲ့ကြပါသည်။ တစ်ယောက်နှင့် တစ်ယောက်တကယ်ပဲ လိုအပ် လာရင် အေးအတူ ပူအမျှ နေနိုင်ကြရမည်သာဖြစ်သည်။
ကိန္နရာဖိုမ
သက်ချင်းမျှလျက်
တကွမကွာ
ဖြစ်ကြရာတွင်
စေတနာရှက်ကူး
ချစ်ဖူးသည်များ
နှလုံးထားလော့
ချောင်းခြားလှည့်တုံ
တညရုံကို
တစုံမက်မက်
ချစ်သက်ရွှင်ဖြိုး
ချစ်ညွှန်
့တိုး၍
ချစ်ကြိုးတင့်လွန်း
ချစ်ရည်ညွှန်းလျက်
ချစ်ပန်းပွင့်ကြသည်တကား။
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက် ဆန်လှသော အိမ်ထောင်ရေး၏ သုခနှင့် ဒုက္ခတွင် လင်သာမက မယားတွင်ပါ သတိထားစရာများစွာရှိလေသည်။
ကိန္နရီမောင်နှံတို့ ၏ ချစ်ခြင်းမေတ္တာတရားအတိုင်း ချစ်ခင်နှစ်သက်သွားကြမည်ဆိုလျှင် ကမ္ဘာတလွှားတွင်
လင်ကွဲ မယားကွဲပြဿနာဟူ၍ မရှိနိုင် တော့ပေ။ မလ္လိကာအသွင် ဇနီးမယားလေးတို့ သည် လည်း မချေမငံ
နှုတ်လှံမထိုးဘဲ လေးစားချစ်ခင် သင့်သခင်ကို ချစ်နိုင်ကြပြီး ဇနီးမောင်နှံ အားလုံး ရာသက်ပန်
ချမ်းသာစွာပေါင်းသင်းနိုင်ကြပါစေရန် ဤမလ္လိကာဟူသော စာစုကို တုကာ ရေးသားခြင်းဖြစ်ပါသည်။
ဧပရယ်ဆွေဆွေ
(သူငယ်ချင်းတို
့ဇနီးမောင်နှံအတွက် အမှတ်တရ)
ဗုဒ္ဓဘာသာဝင်အများစုသည် မိရိုးဖလာအဆင့်မျှသာရှိကြသည်။ အချို့ ဆိုလျှင် မိရိုးဖလာအဆင့်ပင် မရှိ။ နာမည်ခံ သက်သက်သာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားပါလျက် ဘုရားမသိ၊ တရားမသိဖြစ်နေသည်မှာ များစွာဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ဗုဒ္ဓရဲ့ အကြောင်း၊ ဗုဒ္ဓရဲ့ ဝါဒ၊ ဗုဒ္ဓရဲ့ လမ်းစဉ်တွေ သိဖို့ မဆိုထားနှင့်။ အထူးသဖြင့် ရှိခိုးသည်ကိုပင် ထိခြင်း ငါးပါးဖြင့်ပင် ထိအောင်ရှိမခိုးတတ်။ ရဟန်းသံဃာကိုလည်း စကားမပြောဆိုတတ်။ရုပ်ရှင်ဗွီဒီယိုတချို့ တွင် မင်းသမီးအများစုသည် ဆံပင်ဖားလျားချလျက် ရှိခိုးတတ်သေးသည်။ ထိုသို့ ဆံပင်ဖားလျားနှင့်ဖြစ်၍ ရှိခိုးသောအခါ ထိခြင်းငါးပါးနှင့်ဝေးစွ လက်ချောင်း များကိုပင် ကြမ်းပြင်နှင့်ထိမှာစိုးရွံ့ သည်အလား အပြုအမူဆိုးများကို တွေ့ နေရသည်။
သူများဘာသာ သူများအကြောင်းကို ပြောနေခြင်းထက် မိမိဘာသာ မိမိလူမျိုးအပြောမခံရအောင် တင်ပြခြင်းသာဖြစ်ပါ သည်။ စင်စစ် ရှိခိုးရာတွင် မိမိသန္တာန်ရှိ မာန်မာနတရားတို့ ကို ဖယ်ရှားကာ ၀ပ်ချခြင်းဖြစ်၍ မာန်လျော့ သည်ဟုဆိုနိုင်ပါသည်။ ထို မာန်လျော့ နိုင်ခြင်းသည်ပင် မင်္ဂလာတစ်ပါးဖြစ်သည်။
ဘုရားပစ္စေကာ မြတ်သံဃာနှင့်
ဆရာမိဘ ယောက္ခမဆို
အစ်ကိုအစ်မ ဂုဏ၀ုဃို သက်ကြီးဘိနှင့်
ကိုယ်၏လင်သား ဆယ့်သုံးပါးကို
မမှားမှန်စွာ ပူဇော်ရာသည်။
အထက်ပါ ၁၃ ပါးသောသူတို့ သည် ရှိခိုးထိုက်သူများဖြစ်ပါသည်။
ရှိခိုးရာတွင်လည်း ခြေ လက် နဖူး တံတောင် ဒူး ဟူသော ငါးပါးဖြင့် ထိအောင် ရှိခိုးရသည်။ ရှိခိုးခြင်းတွင်
-ကိုယ်ဖြင့်ရှိခိုးခြင်း(ရတနာသုံးပါး ၊ မိဘ၊ ဆရာသမားတို့ ၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့်ရှိခိုးခြင်း)
-နှုတ်ဖြင့်ရှိခိုးခြင်း(ရတနာ၃ ပါး ၊ မိဘ၊ ဆရာသမားတို့  ၏ဂုဏ်ကျေးဇူးကို နှုတ်ဖြင့် ထုတ်ဖော်ရွတ်ဆိုခြင်း)
-စိတ်ဖြင့်ရှိခိုးခြင်း(ရတနာသုံးပါး ၊ မိဘ၊ ဆရာသမားတို့ ၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှာ အဖန်တလဲလဲအောက်မေ့ခြင်း) တို့ ဖြစ်ပါသည်။
လူသားတို့ နေထိုင်ကြရာတွင် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဖြင့် နေထိုင်ကြရသည်။ သင့်လျော်သော လူမူကျင့်ဝတ်များနှင့် အတူ ဗုဒ္ဓဘာသာ၏အခြေခံ သရဏဂုဏ်ကိုတည်စေလျက် နေထိုင်သင့်ပါသည်။
တိုးတက်လာနေသော လူနေမှုအဖွဲ့ အစည်းအတွင်းတွင် မိမိ၏ရိုးရာ ဗုဒ္ဓဘာသာကျင့်ဝတ်၊ စည်းကမ်း၊ ယဉ်ကျေးမှုအပြု အမူများတွင် တာဝန်သိစွာ ထိန်းသိမ်းသင့်သည်။ ရဟန်းသံဃာမဆိုနှင့်။ ကိုယ်ထက် အသက်ဝါကြီးသူနှင့်တွေ့ လျှင် လက်အုပ်ချီ နှုတ်ဆက်တတ်ခြင်းသည် ရှက်စရာမဟုတ်ပါ။ ပြုသင့်သည့် လူ့ ယဉ်ကျေးမူလေးဖြစ်၏။ တစ်ရက်တစ်မနက်ပင်ကြီးသူဖြစ်ပါစေ ထိုသူသည် သင့်ထက် လူလောကတွင် စတင်ခြေချခွင့်ရသူဖြစ်၍ သီလအားဖြင့် ပိုမြင့်သူသာဖြစ်သည်။
လူကြီးမိဘကပေးလျှင် လက်နှစ်ဘက်ဖြင့်ခံယူတတ်ရမည်ဖြစ်သလို ၄င်းတို့ ရှေ့ ဖြတ်လျှောက်လျှင်လည်း ခါးညွှတ်၍ သွားသင့်သည်။ ထိုအပြုအမူလေးများသည် ပင်ပန်းသော အပြုအမူများမဟုတ်ပါ။ယဉ်ကျေးသော က္ကနြေ္ဒဖြစ်စေသည့် လိုက်နာ ရမည့် လူငယ်တို့ ၏ ၀တ်လေးများဖြစ်ပါသည်။ထိုသို့  ဦးညွှတ်နှုတ်ဆက်သင့်သူကို ဦးညွှတ်သင့်သလို ပြုံး၍နှုတ်ဆက်သင့်သူကို ပြုံး၍နှုတ်ဆက်သင့်ပါသည်။
မြန်မာဆိုသည်မှာ ယဉ်ကျေးသောလူမျိုးများဖြစ်ခဲ့သည်မှာ ရှေးယခင်ကတည်းကဖြစ်ပါသည်။ ယခုရေးသားသောအပြု အမူများသည် ငယ်စဉ်ကတည်းက သိရှိပြီးသားဖြစ်သော်ငြား လိုက်နာတတ်သော အကျင့်လေးများမှာမူ ယနေ့ လူငယ်အများစု တွင် ပျောက်ကွယ်နေ၍ ရေးသားခြင်းဖြစ်သည်။
တက္ကသိုလ်ဝန်းကျင်တ၀ိုက်တွင် ဆရာမကိုပင် ဆိုင်ကယ်နှင့်တိုက်လုမတတ် သွားလာနေမှုများ၊ ဆရာက စာအုပ်ပေး တာကိုပင် ဖြတ်ခနဲဆွဲလုသလို အပြုအမူများ၊ မိသားစုတွင်လည်း ဘိုးဘွားမိဘကို မချေမငံပြန်လှန်နှုတ်ထိုးနေမှုများ၊ ရဟန်း သံဃာများရှေ့ တွင် မသင့်လျော်သည့်အပြောအဆိုများသည် မိမိတို့ ပြုပြင်သင့်သည့်အရာများဖြစ်သည်။
စကားပြောဆိုရာတွင် မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းတို့ ကို ရှောင်ကြဉ်သင့်၏။ မယဉ်ကျေးသောခေတ်က လူရိုင်းများအတွက် ယဉ်ကျေးမှုဆိုသည်မှာ မည်မည်ရရ မရှိခဲ့သော်လည်း တိုးတက်လာသော ဤခေတ်အခြေအနေတွင် ကျွန်ုပ်တို့ တွက် ယဉ်ကျေးခြင်းအမူအရာသည် များစွာမှ အရေးပါလာပါသည်။
မိမိယဉ်ကျေးမှုအမူအရာသည် မိမိတွက်သာမက မိဘဘိုးဘွားနှင့် နိုင်ငံထိပင် သက်ဝင်စေသည်။ ထို့ ကြောင့် သားစဉ် မြေးဆက် ယဉ်ကျေးခြင်းနှင့်အတူ ဗုဒ္ဓဘာသာပီပီ ရှိခိုးတတ်စေဖို့ အမြဲမပြတ် သတိထား ထိန်းသိမ်းသင့်ပါသည်။
ဧပရယ်ဆွေဆွေ
အပြောင်းအလဲတွေကြီးစိုးလာသော ခေတ်တွင် အပြောင်းအလဲနဲ့ ပက်သက်သည့်အကြောင်းအရာလေးများ ရေးချင်စိတ် ဖြစ်လာပါတယ်။ အပြောင်းအလဲဆိုတဲ့ (change) ဟာ ပါးစပ်ကသာ ထွက်ရတာ မြန်တာ။ တကယ် တကယ်လက်တွေ့ ပြောင်း လဲခြင်းမှာ လိုအပ်ရတာ ပြင်ဆင်ရတာတွေ အများကြီးပါ။
လူတစ်ယောက်ပြောင်းလဲဖို့ ဆိုရာမှာလည်း အဲလိုပါပဲ။ လက်ရှိအခြေအနေထက်ကောင်းမှပဲ သူ (change) ချင်မှာပါ။ ထိုင်ခုံရှိတဲ့သူဆို ပိုဆိုးတာပေါ့။ ဒီထက်ကောင်းတဲ့ ထိုင်ခုံရှိမှ ထိုင်ချင်မှာလေ။ ဘာလို့ လဲဆိုတော့ လူတွေက လက်ရှိအခြေအနေ ကို သိပ်မက်မောတာကိုး။ ပြီးတော့ ပြောင်းလဲတိုင်းလည်း တိုးတက်ချင်မှ တိုးတက်မှာမို့ လား။
ဒါပေမဲ့အောင်မြင်တဲ့သူအများစုဟာ လက်တွေ့ သမားများသာဖြစ်ပါတယ်။ သူတို့ ဟာ အယုံမလွယ်ဘူး။ ဘာမဆို ဆန်းစစ်ပြီးမှ ယုံတယ်။ ပြောတိုင်းမယုံတတ်ကြဖူး။ " တစ်ရွာမပြောင်း၊ သူကောင်းမဖြစ် " ဆိုတာ (change) ကိုထောက်ခံတဲ့ စကားပုံဖြစ်ပါလိမ့်မယ်။
လိုချင်တာ ဖြစ်ချင်တာရဖို့ အတွက် လမ်းကြောင်းတည့်တည့်ကနေယူမရရင် ကွေ့ ပတ်သွားပြီး ယူသင့်ရင် ယူရမှာပဲ။ အဲလိုပဲ ယနေ့ ခေတ် မြန်မာတွေအတွက်က အပြောင်းအလဲကို လက်ခံသင့်တဲ့အချိန်ရောက်ပါပြီ
(change) လုပ်တော့မယ်ဆိုရင် အချက် ၆ ချက်လိုပါတယ်။
၁- Why ဘာကြောင့်ပြောင်းမှာလဲ
၂-What ဘာရည်ရွယ်ချက်ပြောင်းမလဲ
၃-Where ဘယ်နေရာကိုပြောင်းမလဲ
၎-When ဘယ်တော့ပြောင်းမလဲ
၅-Who ဘယ်သူပြောင်းမလဲ
၆-How ဘယ်လိုပြောင်းမလဲ တို့ ဖြစ်ပါတယ်။
(change) လုပ်မယ်ဆိုရင် အရင်ဆုံး Trust ယုံကြည်မှု ရှိရမယ်။ (change) ကို ပြတင်းပေါက်လေးတစ်ခုလို သတ်မှတ် လိုက်ပြီး အဲဒီပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့  အလင်း၊ သန့် ရှင်းတဲ့လေ၊ သာယာတဲ့ရှုခင်းနဲ့  ကမ္ဘာသစ်ကို သင်တွေ့ နိုင်မယ်လို့  ယုံကြည်လိုက်ပါ။
လှပတဲ့ လိပ်ပြာလေးတစ်ကောင်ဖြစ်ဖို့  တောင် ဘောက်ဖတ်ဘ၀ကနေ အဆင့်ဆင့်ပြောင်းလဲပြီးမှ ဖြစ်လာရတာပဲလေ။ အတွေးမှားရင်လည်းကြောက်စရာမို့  (change) မှာ အမြင်ကြည်လင်တဲ့ Vision ရှိဖို့ လည်းလိုပါတယ်။ အမြင်ကျဉ်းလွန်းပြီး မဟုတ်တဲ့နေရာတွေမှာ သေးသိမ်လွန်းခဲ့တာမို့  ကျွန်မတို့ လူ့ အဖွဲ့ အစည်းဟာ တရားသေ၀ါဒတွေကြားမှာ နစ်မြှုပ်ပြီး ခေတ်ကို နောက်ကျခဲ့ဖူးပြီးပါပြီ။
မှန်ကန်တဲ့သူ၊ တော်တဲ့သူ၊ တိုးတက်အောင်လုပ်ချင်တဲ့သူတွေကို နေရာမပေး၊ အထက်ရော အောက်ပါ ၀န်တိုစိတ်နဲ့ ၀ိုင်းတွန်းကြ၊ တိုက်ကြ။ နှိမ်ကြတာတွေက တိုးတက်မှုကို ဆိတ်သုဉ်းခဲ့ရသည် မဟုတ်ပါလား။ မိမိ အပြစ်အတွက် လက်အောက် ငယ်သားကို ဗိုက်အငှားယူ ဓားထိုးခံခိုင်းတဲ့အပြုအမူတွေလည်း ရပ်သင့်တဲ့အချိန်ရောက်ပါပြီ။
အပြောင်းအလဲတိုင်းမှာ အခက်အခဲနဲ့ ဖိအားရှိမှာတော့ အမှန်ပါ။ မျှတတဲ့စနစ်ကို နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးတွေမှာ အသုံးချပေးမှသာ အနာဂတ်နိုင်ငံဟာ ခေတ်မီလာမှာပါ။ ဒါကြောင့် ရှေ့ ကလူက သူ့ ရှေ့ ကမြင်ကွင်းဟာ ဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လောက်လှကြောင်း ပြောနေပေမဲ့ နောက်လူတွေက သူ့ နောက်ကျောပဲမြင်ရတာမို့  သူပြောတိုင်းယုံမှာမဟုတ် ပါဘူး။ ဒါကြောင့် နောက်လူတွေ ကိုယ့်အမြင်လိုပဲမြင်စေချင်တယ်ဆိုရင်တော့ သူတို့ ကိုလည်း ကိုယ့် Vision လိုမြင်အောင် အရင် လုပ်ပေးဖို့ လိုပါတယ်။
လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းရှိကြပါတယ်။ သို့ သော် ထိုရှိပြီးသားတွေကို အကောင်အထည်ဖော်နိုင်ဖို့ စွမ်းရည် Skill တွေဖော်ထုတ်ပေးတတ်ဖို့ လိုပါတယ်။ သူ့ ရဲ့ အရည်အချင်းကိုထုတ်ပြဖို့  မက်လုံးပေးခြင်းမျိုး၊ learning လုပ်ခိုင်းခြင်းမျိုးဖြင့် မြှင့်တင်ပေးသင့်တယ်။ အပြောင်းအလဲဆိုတာ မျှော်လင့်နေရုံဖြင့် ပြောင်းလဲလာတာမျိုးမဟုတ်။ Revolution လို ရုတ်ခြည်း ပြောင်းလဲခြင်းမျိုးလည်းမဟုတ်ဘဲ လူတိုင်းပါဝင်စီးမျောမှသာ အပြောင်းအလဲက အသက်ရှိလာမှာဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ တန်ဖိုးမြင့်တက်မှသာ လူ့ အဖွဲ့ အစည်းဟာ မြင့်တက်လာမှာဖြစ်တဲ့တွက် Learning Organization ဖြစ်အောင်လုပ်ပေးရမည်။ Learning လုပ်မှလည်း မှန်ကန်တဲ့အမြင်နဲ့  စွမ်းရည်ရှိလာကာ (change) ကို လက်ခံလာနိုင်မည်ဖြစ် သည်မဟုတ်ပါလား။
ဒါပေမဲ့ ကိုယ့်ပြောင်းလဲလိုက်တဲ့ (change) မှာ Speed မှန်ဖို့ လိုပါသည်။ (change) ခဏခဏလုပ်တိုင်း မကောင်းသလို speed မြန်နေရင်လည်း အတက် အကျမြန်တတ်တာမို့  ကိုယ်ဘယ်ရောက်နေတယ်ဆိုတာ ကိုယ်တောင် မသိနိုင်တာမျိုးဖြစ်သွား တတ်ပါသည်။
အချုပ်ပြောရရင် လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် တိုးတက်ချင်ရင် ပြောင်းလဲရပါမယ်။ ပြောင်းလဲလိုက်ရင်လည်း အခက် အခဲ ဆိုတာတွေ့ လာမှာပဲ။ ဒါပေမဲ့ မအောင်မြင်ရင်ဆိုတဲ့ ကြောက်စိတ်နဲ့ ထိုင်နေမှာထက်( လုပ်လို့ မရတဲ့အချိန်မှာ ပြောင်းခြင်း ထက် ) Creat လုပ်ပြီး ပြောင်းလဲကြည့်သင့်ပါတယ်။ဒါကြောင့်
မိမိလိုချင်တာ ဖြစ်ချင်တာ အရင်စဉ်းစားပါ။
ဘာလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်ပါ။
အကောင်အထည်ဖော်ဖို့  နောက်မတွန့် ပါနဲ့ ။
(change) လိုက်ပါ။
ဒါဆိုရင် ယုံကြည်ချက်တွေဟာ အကောင်အထည်ပေါ်လာမှာပါ။
ဘာကိုပဲလိုချင်ချင် ဘာကိုပဲအကြောင်းပြုပြု အောင်မြင်ဖို့ အတွက် လူ့ ဘောင်မှာစည်းကမ်းတစ်ခုတော့ရှိပါတယ်။
အဲဒါကတော့ " အလုပ်လုပ်ရတာပါပဲ "။
ဧပရယ်ဆွေဆွေ
(30-12-12 10း 56 AM )
(ပါမောက္ခဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲကို အခြေခံပြီး ရေးသားထားခြင်းပါ)
ကမ္ဘာပျက်မည့်နေ့ နှင့်ပက်သက်၍ 2012 ဒီဇင်ဘာ 21 သည် လူတို့ ကို အဆွဲဆောင်နိုင်ဆုံးနေ့ ဖြစ်ခဲ့ပါသည်။ မာယာ တို့ ၏လျို့ ဝှက်ချက်သည် လူသားတို့ ကို ကြောက်ရွံ့ စေခဲ့သည်မှန်သော်လည်း ဒီဇင်ဘာ 21 တွင် ကမ္ဘာတော့ မပျက်ခဲ့ပါ။
တကယ်တော့ ကမ္ဘာပျက်မည့်နေ့ ရှိပါသည်။ ဗုဒ္ဓက သတ္တသူရိယောပမသုတ်၊ အဂ္ဂညသုတ် ၄င်းသုတ်တို့ ၏ အဋ္ဌကထာ၊ ၀ိသုဒ္ဓိမဂ်တို့ မှာ အကျယ်ဟောကြားတော်မူခဲ့ပြီးသားဖြစ်ပါသည်။
အစဉ်ရွေ့ လျားနေသော လောကကြီးတွင် တည်မြဲနေသည်လို့ ဘာတစ်ခုမှ မရှိပါ။ ဘယ်အရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးနေ့ ဆိုတာရှိမြဲဖြစ်ပါသည်။
ယူဇနာကိုးသိန်းခြောက်သိန်း အထုရှိသော လေထု
၎င်းလေပြင်ကြီးပေါ်မှာတည်သော ယူဇနာ လေးသိန်းရှစ်သောင်း အထုရှိသော ရေပြင်ကြီး
ထိုရေပြင်ကြီးပေါ်မှာတည်သော ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော သိလာပံသုမြေထု ၊ ထိုမြေပြင်ပေါ်တွင် ပေါက်ရောက်သော မြင်းမိုရ်တောင်၊ စကြ၀ဠာတောင်၊ သတ္တရဗ္ဘန်တောင်၊ ဟိမ၀န္တာတောင်၊ အိုင်ကြီး ၇ အိုင်၊ သမုဒ္ဒရာကြီး ၄ စင်း၊ သီတာခုနစ်တန်၊ ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ်နှစ်ထောင်နှင့် အလုံးစုံသော မြေအစု ရေအစု တောအစု တောင်အစု၊ အပယ် လေးဘုံ၊ လူဘုံ၊ နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာ့ဘုံစုတို့ နှင့်ကြီးကျယ်ခမ်းနားလှသော ယနေ့ ကမ္ဘာကြီးသည် မြူမှုန်မျှ မကျန် အောင် ပျောက်သွားဦးမည်မှာ အမှန်ဖြစ်ပါသည်။ ကမ္ဘာကိုဖျက်စေသည့် အရာ ၃ မျိုးရှိသည်။ မီးကြောင့်ပျက်ခဲ့သော ကမ္ဘာ၊ ရေကြောင့် ပျက်ခဲ့သော ကမ္ဘာ၊ လေကြောင့် ပျက်ခဲ့သော ကမ္ဘာပေါင်းများစွာရှိခဲ့သည်။
………………….x……………………………x…………………..x………………………….x…………………
(၁)
ကမ္ဘာမည်သို့ ပျက်မည်နည်း……
ကမ္ဘာပျက်ခါနီးတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် ကမ္ဘာကြီးဟာ မိုးခေါင်လာမယ်။ နှစ်တွေ သိန်းနှင့် သန်းနှင့်ချီ လာသောအခါ ကမ္ဘာကြီးမှာ စိမ်းလန်းတာတွေမရှိတော့ဘဲ အားလုံးခြောက်သွေ့ သွားမှာပါ။ ထွက်နေကျ နေက ထွက်ပြီး ပြန်ဝင် ပေမဲ့ လမထွက်ဘဲ နောက်ထပ်နေတစ်စင်းပဲ ထပ်ထွက်လာပါမယ်။ သစ်ပင်တွေခြောက်သွေ့ ကုန်တာနဲ့  ဒုတိယနေ တစ်စင်း ပေါ်မှာပါ။
ထိုအခါ မြစ်ချောင်းတွေ ခမ်းသွားပါလိမ့်မယ်။ နှစ်တွေ များစွာကြာတဲ့အခါ တတိယနေတစ်စင်း ထပ်ထွက်ပါမယ်။ အဲဒီ အခါမှာတော့ မြစ်ကြီးငါးသွယ်မှ ရေများခမ်းသွားမည်။ စတုတ္တနေပေါ်ထွန်းချိန်မှာတော့ အလွန်အေးပါတယ်ဆိုတဲ့ ဟိမ၀န္တာမှ တောကြီးတောင်ကြီးတွေထဲမှာရှိသော အိုင်ကြီး ၇ အိုင် ခမ်းခြောက်သွားမှာပါ။
နှစ်တွေသိန်းသန်းချီကြာတဲ့အခါ ပဉ္စမနေပေါ်လာသောအခါ ပင်လယ်သမုဒ္ဒရာတွေ ခမ်းသွားမယ်။ ကမ္ဘာမှာ ရွာသမျှမိုးနဲ့  မြစ်ချောင်းမှန်သမျှက စီးဝင်ခဲ့တဲ့ ပင်လယ်ကြီးတွေတောင် ခမ်းသွားမှာဆိုတော့ ဆဋ္ဌမနေတစ်စင်းထွက်လာချိန်မှာ ကမ္ဘာကြီးဟာ အစိုဓာတ်မရှိတော့အတွက် ကမ္ဘာမြေကြီးကော မြင့်မိုရ်တောင်ပါ ထင်းစိုကို မီးထဲအုံးထားသလို အခိုးတွေထွက်လာမယ်။
သတ္တမနေထွက်လာတာနဲ့  ဟုန်းခနဲ မီးထအတောက်မှာ ထိုမီးတောက်ဟာ ဗြဟ္မာ့ပြည်ထိပါ ရောက်မှာပါ။ ပြာတောင်မ ကျန်အောင် လောင်ပြီး အားလုံး အာကာသဟင်းလင်းပြင်ကြီးဖြစ်သွားမယ်လို့ သုတ္တန်မှာဆိုထားပါတယ်။
ဒါဟာတကယ်ဖြစ်လာမဲ့ အရာဖြစ်ပေမဲ့ သောတပန်ပုဂ္ဂိုလ်တွေကလွဲလို့ သာမန်ပုထုဇဉ်တွေကတော့ လက်ခံနိုင်မှာ မဟုတ်ဖူးလို့ ဆိုပါတယ်။ ကျွန်မတို့ သာမန်ဥာဏ်နဲ့ လည်းမမှီဖူးလေ။ မသိရင်တော့ ပုံပြင်သဖွယ်ပါပဲ။ လူတွေက 2012 ၊2012 Doomsday ဇာတ်ကားတွေကြည့်ပြီး အရမ်းသဘောကျခဲ့ကြပါတယ်။ အံ့သြစရာကောင်းလောက်အောင်လည်း ရိုက်ပြနိုင်ခဲ့ တာမို့  အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေဖြစ်သလို မာယာတို့ ရဲ့ ကမ္ဘာပျက်မည့်နေ့ ကိုလည်း စိတ်ဝင်စားခဲ့ကြပါတယ်။
……………..x…………………….x………………………….x……………………………x…………………….
(၂)
နေ ၇ စင်းထွက်ပြီး ကမ္ဘာပျက်မည့်အချိန်က ဘယ်တော့လဲ။
ဒီမေးခွန်းအတွက် အရင်ဆုံး ကပ်ကမ္ဘာတွေကို အရင်ဖော်ပြမှ ဖြစ်မှာပါ။
ကမ္ဘာစတည်စအခါ ဗြဟ္မာဘုံမှ ခံစံရန် ကံအဟုန်ပြီးတဲ့ ဗြဟ္မာကြီးတွေဟာ ဆင်းသက်လာကြပြီးနောက် ယုတ်မာသောသူ များပေါ်လာ၍ သမတမင်းတင်မြှောက်သည့်အခါမှစ၍ အနှစ်တစ်ရာလျှင် တစ်နှစ်၊ အသင်္ချေယျ သက်တမ်းမှ ဆုတ်ယုတ်မည် ဟု ဆိုပါသည်။ အသင်္ချေသက်တမ်းမှ ဆုတ်ယုတ်လာခဲ့ရာ ၁၀ နှစ်တန်းသို့ ကျရောက်ပြီးကာလတွင် ယုတ်မာသူများလွန်စွာ ပေါများ သဖြင့် ကပ်ဆေးရာ ငါးပါးသီလမြဲသော သူတော်ကောင်းတစ်ယောက်တစ်လေသာကျန်ရစ်တော့သည်။ ၄င်းကို ဆုတ်ကပ် ဟုဆို သည်။
တစ်ယောက်နှင့်တစ်ယောက်ကျန်ရှိသော ပုဂ္ဂိုလ်တို့ သည် လွန်စွာချစ်ခင်ကြပြီး ဗြဟ္မစိုရ်တရား ကပ်လာကြသည်။ ထို့  ကြောင့် အုပ်ချုပ်သူမင်းမရှိဘဲ သက်တမ်း ၁၀ နှစ်တမ်းမှ အနှစ် ၂၀ ၊ ထိုမှ အနှစ် ၄၀ တမ်းအစရှိသဖြင့် ပြန်တက်၍လာရာ သက်တမ်း အသင်္ချေတမ်းသို့ ပြန်ရောက်သည်။ ၄င်းကို တက်ကပ်ဟုခေါ်သည်။
ထိုတက်ကပ် ဆုတ်ကပ်နှစ်ကပ်ပေါင်းကို အန္တရ ကပ်တစ်ကပ်ဟု သတ်မှတ်သည်။ (သက်တမ်း အသင်္ချေတမ်းမှ ၁၀ နှစ်တမ်းထိကို ဆုတ်ကပ်၊ ဆုတ်ကပ် ၁၀ နှစ်တမ်းမှ အသင်္ချေတမ်းအထိကို တက်ကပ် ။ ထိုနှစ်ကပ်ကိုမှ အန္တရကပ် တစ်ကပ်ဟု ဆိုလိုခြင်းဖြစ်သည်။)
အပယ်လွတ်ခဏ်း နိဗ္ဗာန်လမ်းကျမ်းမှာတော့ မဟာပထ၀ီမြေကြီးသည် မြေသြဇာတက်၍ အထက်သို့ တစ်ယူဇနာမြင့်မှ အန္တရကပ် တစ်ကပ်ဟုဆိုထားပါသည်။
၎င်းနည်းအတိုင်း ခုနှစ်ကပ်တိုင်တိုင် ဘုရားပွင့်ခြင်းမရှိသဖြင့် သာသနာပအခါဖြစ်ခဲ့သည်။
ထို ခုနှစ်ကပ်အလွန် ရှစ်ကပ်မြှောက်မှ ကောက္ကသံဘုရားပွင့်တော်မူခဲ့သည်။
ကိုးကပ်တွင် ဂေါဏဂုဏ် ဘုရားပွင့်တော်မူပြီး
ဆယ်ကပ်တွင် ကဿပ ဘုရားပွင့်တော်မူသည်။
ယခု တစ်ဆယ့်တစ်ကပ်တွင် ဂေါတမဘုရားပွင့်တော်မူပြီး
တစ်ဆယ့်နှစ်ကပ်တွင် အရိမေတ္တယျဘုရားပွင့်တော်မူမည်ဖြစ်ပါသည်။
နောက်ပိုင်း ငါးဆယ့်နှစ်ကပ်သည် ဘုရားမပွင့်တော့၍ (ယခင်ဘုရားပွင့်တော်မမူခဲ့သော ခုနှစ်ကပ်ပေါင်းလျှင်) ငါးဆယ့် ကိုးကပ်သည် သာသနာပကပ်ကမ္ဘာဖြစ်သည်။
အထက်ပါ သာသနာရှိသော ၅ ကပ်နှင့် သာသနာမရှိသော ကပ် ၅၉ ကပ် (ပေါင်း ၆၄ ကပ်) ပြည့်ပြီးမှ ကမ္ဘာပျက် ပါလိမ့်မည်။
……………………x…………………………x………………………x…………………………x…………………
(၃)
ထိုနေရာတွင် သက်တမ်းတွေဘာကြောင့်လျော့ရသလဲ ပြန်စိစစ်ကြည့်ရအောင်။
ကမ္ဘာဦးအခါက ဥပပါတ်ဖြစ်လာကြသော သူတို့ သည် အရသာရှိလှသော မြေဆီကိုစားကြ၍ အရသာ၌ တပ်မက်သော ရသတဏှာပွားခြင်းကြောင့် ကိုယ်ရောင်ကိုယ်ဝါတို့ ကွယ်ပျောက်ခြင်း၊ ပီတိသည် အာဟာရကိစ္စကိုပြီးမြောက်စေနိုင်ပါလျက် ထို တဏှာကြောင့် မပြီးစီးစေနိုင်ခြင်း ဤသို့ ဒိဋ္ဌမျက်မှောက်ပျက်စီးခြင်းသို့  ရောက်ခဲ့ကြ၏။
နောင်အခါ ရသပထ၀ီကိုသာစားကြ၍ ကာလကြာမြင့်လာသော် ကိုယ်ခန္ဓာသည် နူးညံ့ရာမှ ခက်ထန်ကြမ်းတမ်းခြင်း၊ အဆင်းဖောက်ပြန်ခြင်း၊ သက်တမ်းဆုတ်ယုတ်ခြင်းသို့ ရောက်ကြရကုန်၏။ အချို့ သူတို့ ကား အဆင်းမလှကုန်၊ အချို့ သူတို့ ကား အဆင်းလှကုန်၏။ ထိုအဆင်းလှကုန်သောသူတို့ သည် အဆင်းမလှသောသူတို့ ကို" ဤသူတို့ ဟာ ငါတို့ လောက် အဆင်းမလှ၊ အောက်တန်းကျသူများ " ဟု မထီမဲ့မြင်ပြုကြကုန်၏။ မာနတရားဖြင့် ထောင်လွှားလာကြ၏။ အထင်ကြီးလွန်းသော အတိမာန တရားတို့ လည်း အားကြီးလာကြ၏။ ထိုအခါ မာန၊ အတိမာနကြောင့် စားနေကျ ရသပထ၀ီသည်ပင် ကွယ်ပျောက်သွားလေ၏။ ဤအရာ၌ ဓမ္မတာအလျောက် ကွယ်ပျောက်သည်ဟု မဆိုရ၊ ထောင်လွှားခြင်း၊ မာနတရားကြောင့်သာ ကွယ်ပျောက်သည်ဟုမှတ် ရသည်။ထိုရသပထ၀ီ ကွယ်ပျောက်သွားသောအခါ ကမ္ဘာဦးလူအပေါင်းတို့ သည် စုဝေးကြပြီးလျှင် " ငါတို့ မှာ ရသပထ၀ီ ကွယ် ပျောက်သွားချေပြီ " ဟု မြည်တမ်းကာ ပင်ပန်းစကားပြောဆိုကြလေ၏။ ရသပထ၀ီကား ပေါ်မလာတော့ချေ။
ထို့ နောက် ပျားအရသာကဲ့သို့ သော မြေလွှာအရသာ ပေါ်လာ၏။ရသပထ၀ီလောက် မနူးညံ့ချေ။ ထိုမြေလွှာကို စားရ သောကြောင့် ရုပ်ရည်များကြမ်းတမ်းလာသည်၊ အဆင်းလှ မလှကွဲပြားလျက်ရှိပြန်ရာ ယခင်နည်းအတိုင်း ထောင်လွှားကြပြန်၏။ ထို့ ကြောင့် မြေလွှာလည်း ကွယ်ပျောက်ပြန်၏။
ထိုအခါ ပျားမွဲအရသာကဲ့သို့ သော ပဒါလတာနွယ်ချိုပေါ်လာရပြန်သည်။ထိုနွယ်ချိုကို စားသောက်ကြရင်းပင် ရုပ်အဆင်း ကြမ်းတမ်းခြင်း၊ လှ မလှခြားနားခြင်း၊ ထောင်လွှားခြင်းမာနကားရှိမြဲရှိပြန်၏။ မာန၏အပြစ်ကိုမမြင်၍ ပဒါလတာနွယ်ချိုလည်း ပျောက်ကွယ်ပြန်လေသည်။
ဤသို့ သုံးကြိမ်တိုင်တိုင် ဆုတ်ယုတ်ပျက်စီးခြင်းကိုတွေ့ ပါလျက် " ငါတို့ သည် တဏှာ၊ မာနဟူသော အကြောင်းကြောင့် ကောင်းမြတ်သော အဆင်း အန့ံ အရသာ ကိုယ်စိတ်၏ ချမ်းသာခြင်းမှ ကင်းပျောက်ရချေသည်။ နောက်တစ်ဖန် ထိုကဲ့သို့ သော တဏှာ၊ မာနကို မဖြစ်စေရအောင် ရှောင်ရှားမည် " ဟု သတိမရ၊ သံဝေဂလည်းမရှိ၊ ဘုရားတည်းဟူသော အမှီကောင်းလည်း မတွေ့ ရသောကြောင့် ဆုတ်ယုတ်ပျက်စီးခြင်းကိုသာ တောင့်တမြည်တမ်းကာနေခဲ့ကြသည်။
ယခု ဘုရားရှင်၏ သာသနာအဆုံးအမအောက်တွင်ရောက်ရှိနေကြသော ဗုဒ္ဓဘာသာဝင်တို့ သည် ကမ္ဘာဦးသူတို့  ကဲ့သို့ မပြုသင့်တော့ပေ။
ဒုစရိုက်အကြီးစားမဟုတ်သေးဘဲ အရသာကိုမက်မောတဲ့ တဏှာ၊ ထောင်လွှားခြင်း မာန၊ အထင်ကြီးခြင်း အတိမာန စတဲ့ အကုသိုလ်အသေးစားလေးများဖြင့်ပင် လူတို့ ၏သက်တမ်းသည် တစ်စတစ်စ ဆုတ်ယုတ်ခဲ့ရသည်မဟုတ်ပါလော။
ယနေ့ လောကကြီးတွင် ရသတဏှာကြောင့် သတ္တ၀ါတို့ ၏အသားများကို ကင်၍တစ်မျိုး ချက်၍တစ်ဖုံလုပ်စားနေကြ သည်ဖြစ်ရာ ထိုလူသားတို့ အတွက် ၉၆ ပါးပင်မကသော ရောဂါဆန်းများက ၀န်းရံနေတော့သည်။အသားထဲမှာ အမြစ်တွယ်နေ သော အဖုအကြိတ်များ၊ ဆေးမရှိသေးသော ကြောက်စရာ ရောဂါဆိုးများ၏ ဇာစ်မြစ်သည် လူသားတို့ ၏ ရသာတဏှာများနှင့် ပက်သက်ပါသည်။
ထို့ အတူ ထောင်လွှားခြင်းမာနတရားများကြောင့် အရှက်အကြောက်ဟူသော ဟိရိသြတ္တပ္ပတရားများကွယ်ပျောက်ကာ ကာယကံမှု၊ ၀ဇီကံမှု ၂ မျိုးလုံးကို ယုတ်ညံ့အောင်ဖန်တီးလာတော့၏။ ထိုအရာလေးများသည် အကုသိုလ်အငယ်စားလေးများ၏ အကျိုးသက်ရောက်မှုဖြစ်သည်။
ထို့ ကြောင့်လည်း ဘုရားရှင်က " မကောင်းမှုအကုသိုလ်ကံကို အနည်းငယ်ဆိုကာမျှဖြင့် မထီမဲ့မြင် မပြုသင့်ကြောင်း အနည်းငယ်မျှဖြစ်သော ကျောက်စရစ်အိုးခြမ်းသေးသေးလေးသည်ပင် ရေပေါ်သို့ မတက်နိုင် ရေအောက်သို့ သာမြှုပ်သွားရသကဲ့ သို့ ပင် အကုသိုလ်ကိုအငယ်စားလေးသည်ကလည်း သတ္တ၀ါတို့ ကိုဖျက်ဆီးနိုင်သည် " ဟု ဆုံးမတော်မူခဲ့ခြင်းဖြစ်ပါသည်။
………………….x……………………….x……………………….x………………………….x…………………
(၄)
ဒါဆို အကုသိုလ်အကြီးစားဖြစ်တဲ့ ဒုစရိုက်၁၀ ပါး အားကြီးလာကြသောအခါ ဘာတွေဖြစ်ခဲ့ရသလဲ
ဒုစရိုက် ၁၀ ပါးကို အကုသလကမ္မပထတရားလို့ ခေါ်ပါသည်။အပါယ်ရောက်ကြောင်း မကောင်းသော လမ်းခရီးဖြစ်သော အကုသိုလ်ကံများလို့  မြန်မာလိုအဓိပ္ပာယ်ရ၏။ လူအများသိထားပြီးသားတွေဖြစ်မှာပါ။
၁- ပါဏာတိပါတ သူတစ်ပါးအသက် သတ်ခြင်း
၂-အဒိန္နာဒါန သူတစ်ပါးဥစ္စာ ခိုးခြင်း
၃-ကာမေသုမိစ္ဆာစာရ ကာမဂုဏ်တို့ ၌ မှားယွင်းစွာကျင့်ခြင်း(သူ့ သားသမီး ဖျက်ဆီးခြင်း)
ထို ၃ ပါးက ဒုစရိုက်ကာယကံ ၃ ပါးပါ။ ကိုယ်ထိလက်ရောက်ကျူးလွန်တတ်တဲ့ကံတွေ ဖြစ်၏။
၎-မုသာဝါဒ မဟုတ်မမှန်ပြောခြင်း
၅-ပိသုဏ၀ါစာ ကုန်းတိုက်ခြင်း
၆-ဖရုသ၀ါစာ အယုတ်တမာဆဲရေးခြင်း
၇-သမ္ဖပ္ပလာပ၀ါစာ အနှစ်မဲ့သော စကားကို ပြောခြင်း
ထို ၄ ပါးက ဒုစရိုက်ဝစီကံ ၄ ပါးပါ။ နှုတ်ဖြင့် ကျူးလွန်တတ်တဲ့ကံတွေ ဖြစ်သည်။
၈- အဘိစ္ဇျာ သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်ခြင်း
၉-ဗျာပါဒ သူတစ်ပါးပျက်စီးအောင် ဖျက်ဆီးခြင်း
၁၀-မိစ္ဆာဒိဋ္ဌိ အယူမှားခြင်း
ဤ ၃ ပါးက ဒုစရိုက်မနောကံ ၃ ပါးပါ။ စိတ်နဲ့ ကျူးလွန်တတ်တဲ့ကံတွေ ဖြစ်သည်။
အထက်ပါ ဒုစရိုက် ၁၀ ပါးကို ကိုယ်တိုင်ပြုခြင်း၊ တိုက်တွန်းခြင်း၊ ချီးမွမ်းခြင်း၊ အလိုတူခြင်းဟူသော ၄ မျိုးနှင့်မြှောက် သော် ဒုစရိုက် ၄၀ ဖြစ်သွားသည်။
ဤနေရာတွင် ဒုစရိုက်နှင့် ဆုတ်ကပ်သဘောကို ဆက်၍တင်ပြချင်ပါသည်။
လူတို့ သက်တမ်း အနှစ် ၈၀၀၀၀ တွင် ပါဏာတိပါတနှင့် အဒိန္နာဒါန ဒုစရိုက် ၂ ပါး ဖြစ်ပေါ်ခဲ့ပါသည်။
အသက် ၄၀၀၀၀ တမ်းတွင် မုသာဝါဒကံပါ ထပ်တိုး၍ ဒုစရိုက် ၃ ပါးဖြစ်သည်။
ပိသုဏ၀ါစာထပ်တိုးသည့် ဒုစရိုက် ၄ ပါးထွန်းကားချိန်တွင် လူတို့ သက်တမ်းသည် ၂၀၀၀၀ တမ်းသာကျန်၏။
ကာမေသုမိစ္ဆာစာရထပ်တိုးချိန်တွင် အနှစ် ၁၀၀၀၀ တမ်း
ဖရုသ၀ါစာနှင့် သမ္ဖပ္ပလာပ ဒုစရိုက် ၇ ပါးဖြစ်ပေါ်ချိန်တွင် လူ့ သက်တမ်းသည် အနှစ်၅၀၀၀ ဖြစ်သွားသည်။
အနှစ် ၂၀၀၀ တမ်းတွင် အဘိဇ္ဈာနှင့် ဗျာပါဒအပါအ၀င် ကံ ၉ ပါး
ဒုစရိုက် ၁၀ ပါးလုံးကျူးလွန်ကြချိန်တွင် လူတို့ သက်တမ်းသည် အနှစ် ၁၀၀၀ သာရှိတော့လေသည်။
အနှစ် ၅၀၀ တမ်းတွင် မတရားတပ်မက်ခြင်း (အဓမ္မရာဂ)၊ ၀ိသမလောဘ ( မမျှတသောအလိုဆန္ဒ)၊ မိစ္ဆာဓမ္မ (မူမမှန် သောရာဂ) တရားဆိုး ၃ ပါးပါ ထွန်းကားစပြုသည်။
အနှစ် ၂၀၀ တမ်းတွင် အမိ အဖ ရဟန်း သူတော်ကောင်းနှင့် ကြီးသူတို့ အပေါ် ကျင့်ဝတ်များ ပျက်ကွက်စပြုခဲ့ရာ အနှစ် ၁၀၀ တမ်းသို့ ဆုတ်သည်အထိဖြစ်၏။
အနှစ် ၁၀၀ နောက်တွင် သုစရိုက်တရားများဆုတ်ယုတ်ကာ ဒုစရိုက်တရားတွေသာ တိုးပွားလာ၍ ၁၀ နှစ်တမ်းအထိ ဆုတ်သွားမည်ဖြစ်သည်။
အဓိက သက်တမ်းဆုတ်ယုတ်ရခြင်းကတော့ ဒုစရိုက်တရား ၁၀ ပါးကြောင့်ပင်ဖြစ်ပါသည်။ ထို့ ကြောင့် ပျက်စီးဆုတ် ယုတ်ရသည့်အကြောင်းအရာများသည် လူတို့ ၏စိတ်ထားများပေါ်တွင် တည်မှီနေသည်ကို တွေ့ နိုင်ပါသည်။
စင်စစ်လူ့ သက်တမ်းသည် ကံတစ်ခုတည်းပေါ်တွင် တည်မှီတာမဟုတ်။ နေ့ စဉ်စားသုံးနေသော အာဟာရပေါ်တွင် လည်း တည်သည်။ ထိုအာဟာရတို့ သည် ရာသီဥတုအပေါ်မှာတည်၍ ဖူးရ ပွင့်ရ သီးရပြန်သည်။
တကယ်စဉ်းစားကြည့်ရင် လူတွေအကျင့်ပျက်ရင် လူ့ ခန္ဓာကထွက်တဲ့ အနံ့ အသက်တွေက ကမ္ဘာမြေကိုလည်း အကျိုး သက်ရောက်ပါလိမ့်မယ်။ သိပ္ပံပညာအရ အိုဇုန်းလွှာကြောင့်ဆိုဆို ကာဗွန်ကြောင့်ပြောပြော ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ လူတွေရဲ့ သဏ္ဍာန်မှထွက်လာတဲ့ လောဘ ဒေါသတွေကြောင့်ပါ။ လူတွေရဲ့ လောဘဒေါသအပူတွေကြောင့် ကမ္ဘာကြီးရဲ့ အပူချိန် မြင့်လာသလို သစ်ပင်တွေမှာလည်း အဆီသြဇာယုတ်လျော့လာတာမို့ ဆေးဝါး ဓာတ်မြေသြဇာတွေသုံးရပါသည်။ ထိုသို့ ဆေး များနှင့် ပြုပြင်ထားတဲ့အစာများကို အာဟာရအဖြစ်စားတဲ့ လူတွေဟာ သက်တမ်းယုတ်လျော့ နေတာလည်း အမှန်ပဲဖြစ်ပါသည်။
မျက်မှောက်အခြေအနေမှာလည်း လူသားတို့ ရဲ့ ဒေါသကြောင့် စစ်ပွဲများ၊ သဘာဝတရားကို ထိန်းသိမ်းခြင်းမဲ့သော အပြုအမူအကျင့်များကြောင့် ဘေးအန္တာရယ်ဆိုးများနဲ့ ကမ္ဘာကြီးက နေ ၇ စင်းမထွက်ဘဲနှင့်လည်း ပူလောင်နေတာပါပဲ။
တကယ်တော့ သက်တမ်းဘယ်လောက်ရှည်ကြာတဲ့ ဘ၀မျိုးပဲရရ ပျက်စီးပျောက်ဆုံးခြင်းမှာပဲ အဆုံးသတ်မှာပါ။ အဓိက ကတော့ လူဘ၀ရချိန်မှာ ကိုယ်ကျင့်တရားဆိုတဲ့ သီလကို အခြေခံပြီး သမာဓိကောင်းအောင် ကြိုးစားသင့်တာပါ။ ကိုယ်ကျင့် တရားကောင်းရင် စိတ်ဟာတည်ငြိမ်ပါတယ်။ မှန်ကန်တဲ့တည်ငြိမ်မှုရှိရင် သမာဓိကိုဖြစ်စေမှာပါ။ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ကြိုးစားပြီး ဖြစ်ပြီးသား ကုသိုလ်တွေကို တိုးပွားအောင်ဆက်လုပ်ဖို့ လိုပါသည်။
ကမ္ဘာကြီး ဘယ်နေ့ ပျက်ပျက် သူမတိုင်ခင် တို့ တွေရဲ့ နောက်ဆုံးနေ့ တွေက အရင်ရောက်လာမှာ အမှန်ပါ။ ဒါကြောင့် ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ ရက်ကို စိတ်ဝင်စားမဲ့အစား မိမိဘ၀ရဲ့ နောက်ဆုံးနေ့ အတွက် အကောင်းဆုံးပြင်ဆင်ထားဖို့ သာ လိုပါကြောင်း…
ဧပရယ်ဆွေဆွေ
(29-12-2012 2း 16 PM)
ဧပရယ်ဆွေဆွေ
ကုလသမဂ္ဂက အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိသူများကို လူငယ်ဟု သတ်မှတ်သည်။ ထိုသို့ ဆိုလျှင် ယနေ့  ကမ္ဘာကို လူငယ်များကလွှမ်းမိုးထားသည်။ အသက် ၂၅ နှစ်အောက် လူဦးရေသည် လက်ရှိကမ္ဘာ့ လူဦးရေ၏ ထက်ဝက်နီးပါးခန့် ရှိနေသည်။ကမ္ဘာ့ လူဦးရေ သန်း ၇၀၀၀ ကျော်တွင် လူငယ် သန်း ၁၂၀၀ နှင့် များမကြာမီ လူငယ်ဖြစ်လာမည့် မျိုးဆက် (အသက် ၁၅နှစ်အောက်) ကလေးငယ်နှင့် ဆယ်ကျော်သက် သန်း ၁၈၀၀ ရှိနေ၏။ လူငယ် သန်း ၂၀၀ ကျော်သည် ဆင်းရဲတွင်းထဲကျနေသည်။ သန်း ၁၃၀ ကစာမတတ်။ ၈၈ သန်းက အလုပ်လက်မဲ့။ ၁၀ သန်းမှာ HIV / AIDS ရှိနေသည်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အများကြီး ကြိုးစားရဦး မည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး၏ ၂၀၁၂ ခုနှစ်ခန့် မှန်းချက်အရ နှစ်စဉ် လူဦးရေ ၆ သန်းကျော်သည် ဆေး လိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့်ဖြစ်ပွားသော ရောဂါများကြောင့် သေဆုံးလျှက်ရှိကြပြီး ၄င်းတို့ ထဲမှ ၆ သိန်း ကျော်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ ကြောင့်သေဆုံးရခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး လူသန်း ၁၅၀ နှင့် ၂၀၀ ကြား မူးယစ်ဆေးဝါးတစ်ခုမဟုတ် တစ်ခုကို သုံးစွဲလျက်ရှိကြကြောင်း သုတေသီများက ထုတ် ဖော်ပြောကြားခဲ့သည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်လာသော ယနေ့ အချိန်တွင် လူငယ်များဆီသို့ အသွင်သဏ္ဍာန်မျိုးစုံတို့  သည် နည်းပေါင်းစုံဖြင့်ရောက်ရှိနေကြသည်။ ထို့ ကြောင့် လူငယ်များ ခေတ်နှင့်အညီလိုက်လျောညီထွေ နေထိုင်ကြရာတွင် စိန်ခေါ်မှုများစွာရှိနေပါ သည်။ ထိုစိန်ခေါ်မှုများကိုဖြေရှင်းရာတွင် ဦးနှောက်ကိုသာမက နှလုံးသားကိုပါ အသုံးချတတ်ရတော့မည်။ အသစ်သစ်သော စိန်ခေါ်မှုများ၊ ပြဿနာများနှင့်ဤကမ္ဘာတွင် အရည်အသွေးရှိသည့်လူငယ်များ အမှန် တကယ် လိုအပ်လာပါသည်။ ပထမဆုံးစိန်ခေါ်မှုမှာ ဆင်းရဲတွင်းနက်မှုဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကောက်ယူခဲ့သော စစ်တမ်း မျးတွင် ကမ္ဘာ့ လူငယ်ဦးရေ၏ ၁၈ % (၂၀၉ သန်း) သည် တစ်နေ့  $ 1 အောက်ဝင်ငွေဖြင့် နေထိုင် နေရသည်ဟူသောအချက်မှာ ယနေ့ တိုင်မပြောင်းလဲနိုင်ပေ။ အလုပ်အကိုင်တွက် ပညာရေးတတ်မြောက်မှုအပိုင်းကို ဆန်းစစ်ပြန်လျှင်လည်းကျောင်းများ၊ တက္ကသိုလ်များ အရေအတွက်အားဖြင့် တိုးပွားလာသော်ငြား ပညာရေးအဆင့်အတန်းနှင့် စီးပွားရေးဆန်လာသော ပညာရေး တို့ မှာ ကမ္ဘာတစ်ဝန်းမှ မေးခွန်းထုတ်စရာဖြစ်လာပါသည်။ တခါတရံမိမိတတ်ကျွမ်းထားသည့်ပညာထက်နိမ့် ပါးသော အလုပ်အကိုင်များဖြင့် ဘ၀ကိုရသလိုမောင်းနှင်နေကြရသည်။စာတတ်မြောက်မှုနှုန်းမှာ တိုးတက်လာ ခဲ့သော်လည်း စာမတတ်သော လူငယ် သန်း ၁၃၀ နှင့် ကျောင်းမနေရသော ကလေးငယ် ၁၁၃ သန်းက ကမ္ဘာ နှင့်အ၀န်းတွင်ရှိနေဆဲ။ လူငယ်များသည် ပညာသင်ချိန်တွင်တွေ့ ရသော စိန်ခေါ်မှုမှာ အိပ်မက်နှင့် လက်တွေ့ ကို သေချာခွဲခြား ရခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံမှလူငယ်တို့ ၏အိပ်မက်သည် ကိုယ်တိုင်စိတ်ကူးပုံဖော်နိုင်သည်ထက် မိဘတို့  အပေါ်တည်ရသည်ကများသည်။ ဖြစ်သင့်တာကိုရွေးချယ်ရပ်တည်ရသည်လည်း ရှိသေးရာ မြန်မာလူငယ်တို့  ၏ အနာဂတ်ပုံဖော်မှုမှာ မှုန်ဝါးကာ ကိုယ်ပိုင်လမ်းပျောက်နေသည်။ မြန်မာနိုင်ငံ၏ လက်ရှိဆင်းရဲနွမ်းပါးမှုနှုန်း ၂၆% ကို ထောင်စုနှစ်ရည်မှန်းချက်နှင့်အညီ ၂၀၁၅ တွင် ၁၆% ထိဖြစ်လာအောင် လျော့ ချဆောင်ရွက်သွားကြမည်ဖြစ်သည်။ ဤသို့ ဆိုလျှင် ပထမဦးစွာ လူငယ်နှင့် အလုပ်အကိုင်သည် ဦးစွာအရေးကြီးသောအချက်အဖြစ် ဆောင်ရွက်ရမည်။လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုး တက်ရေးအတွက် ကျန်းမာရေး၊ ပညာရေးတို့ နှင့်အတူ IT နည်းပညာကိုပါ မြှင့်တင်ပေးဖို့ လိုအပ်လာသည်။ မိဘနှင့် ပညာကြားတွင်လည်း အတားအဆီးမှာ ငွေကြေးဖြစ်သည်။ အခြေအနေမှာ ဖေးမကူညီမှုမရသည့်အခါ လူငယ်တို့ အတွက် ခက်ခဲမှုဖြစ်လာရသည်။ အခြေအနေဆိုသည်မှာ ခေတ်၏တောင်းဆိုမှုလည်းပါသည်။ ဘ၀ ပေးအခြေအနေများ၏ တောင်းဆိုမှုလည်းပါသည်။ ကိုယ်ပိုင်ကျောင်းများပေါ်ထွက်လာခြင်းမှာ ပညာရေး အတွက်ကောင်းမွန်သောလက္ခဏာဖြစ်သော်လည်း Grade 10 (၉ တန်း) တစ်ဦးတွက် ၂၃ သိန်းသည် သာမန်မိသားစုအတွက် ဘယ်လိုမှမဖြစ်နိုင်သော ငွေကြေးဖြစ်နိုင်သည်။ ထို့ အတွက် လူမူရေးစိတ်ဓာတ် အရောင်ဆိုးမှု ( Pseudo problem) များဖြစ်လာနိုင်သည်။ ဤနေရာတွင်လည်း လူငယ်များအနေနှင့် စိတ်ဓာတ်နှင့်ခံယူချက်သာ သူ့ အတွက်အဖြေဖြစ်လာသည်။မိမိမက်နေသောအိပ်မက်နှင့်မကိုက်ညီ မတတ်နိုင် လျှင် မိမိ၏စိတ်ဓာတ်နှင့် ယုံကြည်မှုကိုသာအားပြုရတော့မည်။ နောက်ဆက်တွဲ စိန်ခေါ်မှုများလည်း များစွာရှိ နေပါသေးသည်။ Alvin Toffler ၏ Premises & Previews စာအုပ်တွင် နိုင်ငံတစ်ခု၏ လူနေမှုအဆင့်အတန်း (Civilization) ကို မြင့်မားအောင် ယဉ်ကျေးမှုကိုဖွဲ့ စည်းသော အစိတ်အပိုင်း ၆ ရပ်ကို ဤသို့ ဖော်ပြထားပါ သည်။ - နည်းပညာ ( Techno - Sphere) - လူမှုဝန်းကျင်ဆက်ဆံရေး (Socio - Sphere) - သတင်းအချက်အလက် ( Info - Sphere) - အုပ်ချုပ်ရေး ( Power - Sphere) - ခေတ်အလိုက်ဇီဝရှင်သန်မှု ( Bio - Sphere) - စိတ်ပိုင်းဆိုင်ရာအခြေအနေ ( Psycho - Sphere) ဟူ၍ ဖြစ်သည်။ အားလုံးကို အသစ် အသစ်ဖြစ်အောင်လုပ်ဖို့ ဆိုသည်မှာ လူနေမှုအဆင့်အတန်းမြင့်မားဖို့ ဖြစ်သည်။ နည်းပညာဆိုသည်မှာလည်း လူနေမှုအဆင့်အတန်း စားဝတ်နေရေးအပေါ်တွင် အတည်မှီဆုံးဖြစ်၏။ နိစ္စဓူဝ ကြုံနေရသော အခက်အခဲများက လက်တွေ့ ကျသော အသုံးဝင်သောအဖြေကို မပေးနိုင်ပေ။ အဆိုးထဲကအကောင်းဆုံးအချက်ထုတ်ကြည့်လျှင် လူငယ်များကို သူတို့ ၏ ကိုယ်ပိုင်အသိ ၊ ခံယူချက်၊ ဆုံးဖြတ်ချက်များပေးသုံးပြီး လူနေမှုအဖွဲ့ အစည်းကို ပြောင်းကြည့်ဖို့ လိုပါသည်။ သင်ကြားပေးရာတွင် လည်း ပေးပြရုံ၊ ဖတ်ပြရုံသာမဟုတ်ဘဲ သေချာဝေဖန် ဆန်းစစ်တတ်အောင်ထိ သင်ပေးနိုင်ဖို့ လိုပါ သည်။ လူငယ်သည် လူ့ အဖွဲ့ အစည်း၏ အနာဂတ်ဖြစ်သည်။ ဒါက အမှန်တရားဖြစ်သည်။ အမှားပါနိုင်သော သူတို့ ၏ ဆုံးဖြတ်ချက်အချို့ သည် နောင်တွင် သူတို့ အတွက် တန်ဖိုးရှိသော အရာများဖြစ်လာနိုင်သည်။ ထို့ ကြောင့် (မိမိမိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုး) စသည်တို့ ကို ပြောင်းလဲလိုကြသော လူငယ်များအတွက် လက်ရှိတွင် ကိုယ်ကြိုးစားနိုင်သမျှကြိုးစားသာ နေစေချင်ပါသည်။ လူငယ်များသည် နောင်တွင် ဘယ်လိုစိတ်ဓာတ်မျိုးနှင့် ဘယ်လို အနာဂတ်များကို ဖန်တီးကြမည်လဲ။ ဤသည်မှာလည်း လူငယ်များအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။
ဧပရယ်ဆွေဆွေ
နှလုံးသား ဖြူစင်ကြယ်နှင့် လူတွင်ကျယ် ပုဂံသားတွေတို့  ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့ ကိုယ်မျိုးဂုဏ် တမာန်တက်ပေလိမ့် ဓားထက်တဲ့ပုဂံမှာ………
ဆရာဇော်ဂျီရဲ့  ရှေးခေတ်ပုဂံပြည် ကဗျာလေးပါ။ ပုဂံသည် ဘာသာတရားစည်ပင်မှု၏ ပြယုဂ်ဖြစ်သလို ဓားထက်ခဲ့သော သာဓကများ လည်း ရှိခဲ့ရာ သမိုင်းဝင်နေရာဒေသဖြစ်သည်။ ထိုဒေသအတွက် ကျွန်မတို့ ဂုဏ်ယူစရာ အများအပြား ရှိသလို ကျွန်မတို့ လက်ထက်တွင် လည်း ဆက်လက်တည်တံ့ရန် မျိုးဆက်သစ်များအနေဖြင့် တာဝန်အများအပြား ရှိနေ ပါသည်။ ပထမ ပုဂံခေတ်သည် သက္ကရာဇ် ၂၉ - ၂၆၆ ခုနှစ်ထိ လည်းကောင်း ဒုတိယ ပုဂံခေတ်သည် သက္ကရာဇ် ၂၆၆ - ၄၃၈ ခုနှစ်ထိ လည်းကောင်း တတိယ ပုဂံခေတ်သည် သက္ကရာဇ် ၄၃၈ - ၅၆၂ ခုနှစ်ထိ လည်းကောင်း (၄င်းခေတ်တွင် ထွန်ချစ်မင်း၏သား ရွှေအုံးသီးသည် သက္ကရာဇ်ဖြို၍ သက္ကရာဇ်ကိုပြန်လည်စတင်ခဲ့၏။ ထို့ ကြောင့် သက္ကရာဇ် ၂ ခုနှစ်မှ ၂၀၈ ခုနှစ်ထိလည်းကောင်း) စတုတ္ထ ပုဂံခေတ်သည် သက္ကရာဇ် ၂၀၈ - ၇၃၀ ခုနှစ်ထိ လည်းကောင်း ရပ်တည်ခဲ့သည့် ပုဂံဖြစ်သည်။ ကျောက်စာမြေများထွန်းကားရာ ယဉ်ကျေးမှုအပြည့်ဖြင့် ဂုဏ်ယူစရာ ပုဂံကို ရှေးမြန်မာကြီးများ တည်ထောင်ပေးခဲ့သည်။ ထိုပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရန် နောက်နှစ်တွင် လေ့လာမှုများပြုလုပ်နိုင် မည်ဟု ခန့် မှန်းထားကြောင်း ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စင်တာ ညွှန်ကြားရေးမှူး မစ္စတာ ရောင်ကီးရှောက ပုဂံ ဒေသနှင့် ပက်သက်၍ ပြောကြားထားသည်။ ပုဂံ ညောင်ဦး မြင်းကပါတစ်ဝိုက်သည် ဆွတ်ပျံ့ ဖွယ် သာယာဖွယ် အားတက်ဖွယ်များစွာကို ပေးစွမ်းနိုင်စွမ်းရှိ သည်။ လက်ညှိုးထိုး မလွဲသည့် ဘုရားစေတီများနှင့် လှပစွာစီးဆင်းနေသည့် မြစ်ကြီး ဧရာဝတီ။ ထိုအရာအားလုံးဟာ ကျွန်မတို့ ပိုင်ဆိုင်သောအရာများလို့ တွေးမိလိုက်ရုံဖြင့် ရင်တွင်းမှာ အားအင်များဖြစ်လာရသည်။ ပုဂံအား ၁၉၆၆ ကတည်းက ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအဆိုကို တင်ထားခဲ့သည်။ ၁၉၉၇ တွင် ပုဂံနှင့် ပက်သက်သည့် စီမံခန့် ခွဲမှုဆိုင်ရာအချက်အလက်များကို အကျယ်တ၀င့်ဆောင်ရွက်ပေးရန်ကမ္ဘာ့ အမွေအနှစ် ကော်မတီက အစိုးရသို့ အကြောင်းကြား ခဲ့သော်လည်း အစိုးရဘက်မှ ပြန်လည်ပေးပို့ ခြင်းမရှိခဲ့ပါ။ ခုတော့ လိုအပ်သော အဆင့်များကို နောက်နှစ်တွင် အစိုးရက အပြီးသတ် လုပ်ဆောင်နိုင်မည်လို့ မျှော်လင့်ကြောင့် မစ္စတာရောင်က ပြောကြား ခဲ့သည်။ စင်စစ် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရေးတွက် ဖွ့ံဖြိုးမှုကို ထိန်းသိမ်းနိုင်ရန်နှင့် ထိန်းသိမ်းရာတွင် လည်း မူလအနှစ်သာရမပျက် ထိန်းသိမ်းနိုင်ဖို့ လိုပါသည်။ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် မစ္စ အရီနာဘိုကိုဗာ ကလည်း အံ့မခမ်းပုဂံကို တစ်နေ့ တခြားလာရောက်သူ များပြားတိုးပွားလာကြောင်း၊ ထိုသို့ သောအခြေအနေတွင် ဖွံ့ ဖြိုး တိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရေးလိုအပ်သလို ခရီးသွားများကိုလည်း ရေရှည်ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အကြံပေးသွားခဲ့သည်။ ပုဂံမြို့ ၏ အရှေ့ တောင်ဘက်တွင် မို့ မောက်မြင့်မားသော တူရွင်းတောင်ကြောရှိသည်။ ယခုအခါ ထိုတူရွင်း တောင်အနီးတွင် ဟိုတယ်ဇုန်ဖော်ထုတ်ရန် လျာထားနေသည်။ သို့ သော် ထိုနေရာသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်း တွင် ရှိနေသည်။ ယခုလက်ရှိ ဟိုတယ် ၇၅ လုံးရှိသော ပုဂံဒေသတွင် ဧည့်သည် များပြားစွာဝင်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားရတော့မည်ဖြစ်သည်။ ဟိုတယ်တွေ အဆောက်အအုံတွေ ဘယ်လိုဆောက်ဆောက် ဒေသရင်းကို ထိန်းသိမ်းရပါမည်။ သို့ မှသာ ပုဂံ ဒေသ၏ အလှကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်လိမ့်မည်။ မြေသင်းန့ံတသင်းသင်းနှင့် ပုဂံလမ်းဟောင်းလေးများကို မထိ ခိုက်စေချင်ပါ။ ထိုချစ်စရာလမ်းလေးများမှ ရှေးဟောင်းလက်ရာများနှင့် ရှေးမြန်မာကြီးတို့ ၏ ကုသိုလ်တော် ဘုရားစေတီ များဆီသို့  သင်သွားရောက်နိုင်သည်။ တမာရိပ်၊ ထနောင်းရိပ်၊ ကုက္ကိုရိပ်တို့ ဖြင့် သဘာဝအလှတရားသည် ပုဂံ၏အလှကို ထပ်မံပံ့ပိုးပေးနေသည်။ ထို ပတ်ဝန်းကျင်အလှများကို ထိန်းသိမ်းရန်အသိကိုလည်း ဒေသခံများအပါအ၀င် လာရောက်လည်ပတ်သူများက ကူညီရန် လိုပါသည်။ ထို့ အတွက် စီမံခန့် ခွဲမှုကောင်းလိုပါသည်။ ထောင်စုနှစ်တွေများစွာကုန်ဆုံးခဲ့သော်လည်း ချစ်စရာ မြတ်နိုးရာ ရိုးရာယဉ်ကျေးမှုများက ယခုတိုင်ကျန်ရှိနေ သည်မှာ ဂုဏ်ယူစရာဖြစ်သည်။ ရှေးမြန်မာတို့ လက်များထဲမှ ချွေးသွေးတို့ ဖြင့် တည်ဆောက်ခဲ့သော သူတို့ ၏ အိပ်မက် ကမ္ဘာကြီးပုဂံကို ကျွန်မတို့ ဆက်လက်ထိန်းသိမ်းသွားရမည်။ ကျွန်မတို့ မြန်မာလူမျိုးများ၏ ချစ်သော ပုဂံကို အလှမပျက် သဘာဝမပျက် ထာဝရတည်တံ့သော ကမ္ဘာ့  အမွေအနှစ် စာရင်းဝင်ရေးအတွက် အားလုံးတွင် တာဝန်ရှိနေပါသည်။
ဧပရယ်ဆွေဆွေ
လူသည် မိမိကံကြမ္မာကို မိမိလွတ်လပ်စွာ ဖန်တီးနိုင်သူဖြစ်သည်။ ထို့ အပြင် လူသား၏ ဆင်ခြင် စဉ်းစားတတ်ခြင်းစွမ်းရည်ကြောင့် သတ္တလောကတွင် အခြားသောသတ္တ၀ါများထက် ပိုမိုမြင့်မြတ်သောသူ များဖြစ်လာရသည်။ လူသည် ပင်ကိုအားဖြင့်တော့ လွတ်လပ်သူဖြစ်သည်။ သူ၏ အမြင့်မားဆုံးစွမ်းရည်ဖြင့် မိမိကိုယ်ကို ထိန်းချုပ်စီမံနိုင်သည်။ လူ့ ဘ၀၏ လွတ်လပ်မှု ၊ လူ့ ဘ၀၏တန်ဖိုး ၊ လူ့ ဘ၀၏ အနှစ်သာရတို့ ကို ဘာဖြင့်ပုံဖော်ကြသနည်း။ စဉ်းစားမိသော အကြောင်းများဖြစ်သည်။ လူသားသည် ကျေနပ်ရောင့်ရဲတတ်သော သတ္တ၀ါမဟုတ်၍ လောက၌ လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းလာရသည်။ ထိုအခါ လွတ်လပ်မှုကိုပါ ထိခိုက်လာတတ်သည်။ မိမိတို့ နိုင်ငံသည် မလွတ်လပ် သောဘ၀ကို နှစ်ပေါင်းရာနှင့်ချီ၍ ခံစားဖူးခဲ့ပြီ။ ထိုအချိန်က မလွတ်လပ်မှု၏တန်ဖိုးကို ယနေ့ လူငယ်များ မခံစားဖူး၍ တန်ဖိုးကို နားမလည်ကြတော့ချေ။ ယနေ့ သူတို့ ထင်နေသော လွတ်လပ်မှုသည် မိဘ၏ စကားကိုပယ်ရှားခြင်း၊ မိမိထင်မြင်ရာကို သတိမမှုပဲ ဆင်ခြင်ဥာဏ်မဲ့စွာ ပြုလုပ်ခြင်းများဖြင့် ပုံဖော်လာ နေကြသည်။ ထို့ အတူ တန်ဖိုးဆိုသည်မှာလည်း မရှိလောက်အောင် ကျဆင်းနေရသည့် အပြုအမှုနှင့် ပြောဆိုဆက်ဆံ မှုများသည်လည်း သတိထားစရာများဖြစ်လာသည်။ လူတစ်ယောက်ကို အသက်အရွယ်အရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း ရိုသေမှုပြရသည်။ ဤသည်မှာ အောက်ကျခြင်းမဟုတ်ပါ။ လူ၏တန်ဖိုး အထူး သဖြင့် မိမိတန်ဖိုးကိုပြဆိုခြင်းဖြစ်သည်။ ဤသို့ ပင် ဈေးကြီးသော နာမည်ကြီးသော brand တံဆိပ်တို့ ကို ၀တ်ဆင်နိုင်ခြင်းသည် ထိုလူ၏ တန်ဖိုးမဟုတ်ပေ။ လိုချင်စိတ်၊ ရချင်စိတ်၊ လှချင်စိတ်တို့ သည် လိုချင်လောဘဖြစ်၍ ၄င်း၏ ဆန္ဒအတွက် ပေးဆပ်ရမှုများလည်းရှိလာ မည်။ ပေးဆပ်ရမှုသည် ကြီးကြီးမားမား မဟုတ်လျှင် အကြောင်းမဟုတ်။ လိုချင်ဆန္ဒသည် အသိစိတ်၏ နောက်တွင် ကျရောက်မသွားစေရန် အရေးကြီးပါသည်။ အထူးသဖြင့် မိန်းကလေးများ သတိထားရမည့်အချက်ဖြစ်လာပါသည်။ ထို့ အပြင် အလှကိုဖန်တီးရာတွင်လည်း လွတ်လပ်မှုကို အသိဖြင့်ထိန်းရပါဦးမည်။ ယနေ့ မြင်တွေ့ နေရသော သရုပ် ဆောင်ဆိုသူတို့ ၏ ၀တ်စားဆင်ယင်မှုသည် လမ်းလွဲကိုဦးတည်စေနေသည်။ လွတ်လပ်မှုနှင့် တန်ဖိုးကို ယှဉ်တွဲ၍သာ လှစေချင်ပါသည်။ ယနေ့ အမျိုးသမီးလေးများ၏ ၀တ်ဆင်မှုသည် နိုင်ငံခြားသားများပင် သြချရလောက်အောင် ဆိုးရွားလာ နေပါသည်။ သြချရမှုသည် မိမိ၏ အလှကြောင့်မဟုတ်။ ထိန်းချုပ်မှုမဲ့ နေသော မဖွယ်ရာသော ၀တ်ဆင်မှုကြောင့် ဖြစ်ရသည်ဆိုတော့ ရှက်ဖွယ်လိလိပင်။ ထုံးဓလေ့နှင့် ယဉ်ကျေးမှုဆိုသည် မိမိနိုင်ငံနှင့် လူမျိုးကို ကိုယ်စားပြုသည်။ ထိုအရာတို့ ကို ပစ်ပယ်ကျောခိုင်း သောသူသည် ထိုနိုင်ငံလူ့ အဖွဲ့ အစည်း၏ ပြင်ပသို့ ရောက်သွားသော ပြင်ပလူဖြစ်သွားမည်။ လူသားသည် ဆင်ခြင်တုံ တရားဖြင့် လူ့ သမိုင်းစဉ်ကို ပို၍ပို၍ တိုးတက်အောင်ဖန်တီးယူရသည်။ ဆင်ခြင်ဥာဏ်မရှိသော အပြုအမှုနှင့် ပြောဆိုမှု သည် မိမိ၏တန်ဖိုးကို ဖော်ပြပေးခြင်းလည်း မည်ပါသည်။ လူသည် မိမိဘ၀အနှစ်သာရရှိအောင် သာယာလာအောင် စင်စစ် မည်သူ့ ကိုမျှ အားကိုးစရာ၊ ဆည်းကပ်စရာ မလိုပါ။ မိမိကျရောက်သော ပတ်ဝန်းကျင်တွင်သာ ပြုပြင်နေထိုင်တတ်ဖို့ လိုပါသည်။ လွတ်လပ်မှု၊ တန်ဖိုး၊ အနှစ်သာရ စသည်ဖြင့် စကားလုံးများသည် လေးနက်သော်လည်း ၄င်း၏ အခြေခံသည် လူ၏ ဆင်ခြင်တုံတရားပေါ်တွင်သာ တည်မှီပါသည်။ လူ့ သမိုင်းစဉ်ကို တိုးတက်အောင် လူကပင်ဖန်တီးနိုင်သလို ဆုတ်ယုတ်အောင်လည်း လူကပင် ဖန်တီးနိုင်သည်။ အကောင်းနှင့်အဆိုး အကြောင်းနှင့်အကျိုးကို သေချာစွာနားလည်ဖို့ ပဲလိုသည်။ ဤသည်မှာ မိမိ စဉ်းစားမိသောအချက်များ၏ အဖြေဟုပင် ထင်မြင်မိသည်။ သင်ကကော လူ့ ဘ၀၏ လွတ်လပ်မှု ၊ လူ့ ဘ၀၏တန်ဖိုး ၊ လူ့ ဘ၀၏ အနှစ်သာရတို့ ကို ဘာဖြင့် ပုံဖော်ကြသည် ဟု ထင်မြင်ပါသလဲ။
ဧပရယ်ဆွေဆွေ











